Cover Stories   |   Posted on May 2, 2017 by Tun Lin

နိုင်ငံတကာပြေးလမ်းပေါ်က May Grace Parry


မေဂရေ့စ်မြန်မာနိုင်ငံသားတစ်ယောက်အရမ်းဖြစ်ချင်တာပေါ့။ မေဂရေ့စ်က မြန်မာပြည်မှာပဲကြီးလာတယ်၊ ဒီမြေ၊ ဒီရေတွေနဲ့ ပဲနွေးထွေးတယ်ခံစားရတယ်။ မြန်မာပြည်မှာပဲနေဖို့လည်း အစီအစဉ်ရှိတယ်။ နိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုရင်တော့ အရမ်းလိုချင်တာပေါ့။

Share this article

၂၀၁၇ ခုနှစ်၊ ကျွန်တော်တို့ MODA မဂ္ဂဇင်းရဲ့ သင်္ကြန်ပျိုမယ်ကာဗာစတားလေးကတော့ မေဂရေ့စ်ပယ်ရီဖြစ်ပါတယ်။ မေဂရေ့စ်က အခု သြစတေးလျ၊ မဲလ်ဘုန်းတက္ကသိုလ်မှာ Media & Communication မေဂျာနဲ့နောက်ဆုံးနှစ်ကိုတက်ရောက်ပညာသင်နေပါတယ်။ မေဂရေ့စ်က မြန်မာနိုင်ငံမှာတင် အနုပညာအလုပ်တွေကို လှုပ်ရှားနေတာမဟုတ်ဘဲ၊ သူကျောင်းတက် နေထိုင်နေတဲ့ သြဇီက FRM ဆိုတဲ့ Model Management တစ်ခုနဲ့လည်း ချိတ်ဆက်ပြီး အလုပ်တွေလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ဧပြီလရဲ့ MODA  ကာဗာစတားဖြစ်တဲ့ မေဂရေ့စ်နဲ့တွေ့ဆုံထားတဲ့အင်တာဗျူးကိုတင်ဆက်ပေး လိုက်ပါတယ်။

မေဂရေ့စ်က Media & Communication နဲ့ပညာသင်နေတယ်လို့သိရပါတယ်။ ဘယ်တော့လောက်ကျောင်းပြီးမလဲ။ တခြားမေဂျာတွေရော ထပ်လေ့လာဖြစ်နေ တာလား။
ဟုတ်ပါတယ်။ အခု မေဂရေ့စ်က The University of Melbourne မှာ Media & Communication ကိုတက်နေပါတယ်။ Minor ကိုတော့ မေဂရေ့စ် Film Study ကိုလုပ်နေပါတယ်။ အခုမေဂရေ့စ် နောက်ဆုံးနှစ် Last Semester မှာဆိုတော့ မေဂရေ့စ် ဇွန်လကျရင် ဘွဲ့ရတော့မှာပါ။ မေဂရေ့စ်က ရုပ်ရှင်ကို ငယ်ငယ်ကတည်းက စိတ်ဝင်စား တာ။ အထက်တန်းကျောင်းတက်ကတည်းက မေဂရေ့စ် Film Study ယူခဲ့တယ်။ အဲဒါကြောင့်လည်း ၀ါသနာပါလွန်းလို့ကို Minor လုပ်တာပါ။

ကျောင်းပြီးသွားတဲ့အခါ သရုပ်ဆောင်ဘက်ကိုရော ပိုပြီးအားစိုက်လုပ်သွားဖို့ရှိနေတဲ့သဘောလား။
လာမယ့် ဇွန်ဆိုရင် မေဂရေ့စ်ကျောင်းပြီးပါပြီ။ ပြီးရင် ရန်ကုန်ကို ပြန်လာပါမယ်။  အဲဒီအခါရန်ကုန်မှာ အချိန်ပြည့်လည်းနေဖြစ်မယ်။ မေဂရေ့စ်ကလည်း သရုပ်ဆောင်ကို အရမ်းဝါသနာပါတာဆိုတော့ အခွင့်အရေးရရင်အရမ်းလုပ်ချင်ပါတယ်။

 

မေဂရေ့စ်ရဲ့ အနာဂါတ်ကိုရော ဘယ်လိုပုံစံတည်ဆောက်ချင်တာလဲ။ အနုပညာသမားတစ်ယောက်အနေနဲ့ပဲလား၊ စီးပွားလုပ်ငန်းရှင်တစ်ယောက်အနေနဲ့လား။ ဒါမှမဟုတ်နှစ်မျိုးစလုံးလား။
မေဂရေ့စ်က အခု ကျောင်းမပြီးသေးဘူးဆိုတဲ့စိတ်နဲ့ အနာဂါတ်ဆိုတာကို အဝေးကြီးအစီအစဉ်တွေဆွဲမထားပါဘူး။ အနီးစပ်ဆုံး Plan တွေကတော့ ဇူလိုင်လကျရင် မေဘွဲ့ ယူရတော့မယ်။ ဘွဲ့ရပြီးရင် မြန်မာပြည်ကိုပြန်လာမယ်။ အဲဒီအခါကျရင် မေ့ရဲ့ မိသားစု၊ မေ့ရဲ့ သူငယ်ချင်းတွေ၊ မေ့ရဲ့အနုပညာအလုပ်တွေနဲ့ပြန်ပြီးနီးစပ် ဖို့မေမျှော်လင့်ထားတယ်။

မေဂရေ့စ်က Myanmar Citizen တစ်ယောက်ဖြစ်လာဖို့အခွင့်အလမ်းကောရှိလား။
Myanmar Citizen မရတာကမေဂရေ့စ်ရဲ့  Nationality ကြောင့်မို့လို့ပါ။ မေဂရေ့စ်အဖေက မြန်မာနိုင်ငံသားမဟုတ်ပါဘူး။ အဖက Austrilian ၊ အမေက မြန်မာပါ။ ဒါကြောင့် နိုင်ငံသားခံယူလို့မရတာပါ။ ခံယူလို့ရမယ်ဆိုရင်တော့ မေဂရေ့စ်မြန်မာနိုင်ငံသားတစ်ယောက်အရမ်းဖြစ်ချင်တာပေါ့။ မေဂရေ့စ်က မြန်မာပြည်မှာပဲကြီးလာတယ်၊ ဒီမြေ၊ ဒီရေတွေနဲ့ ပဲနွေးထွေးတယ်ခံစားရတယ်။ မြန်မာပြည်မှာပဲနေဖို့လည်း အစီအစဉ်ရှိတယ်။ နိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုရင်တော့ အရမ်းလိုချင်တာပေါ့။

မေဂရေ့စ်က မဲလ်ဘုန်းမှာလည်း FRM Model Management နဲ့အလုပ်လုပ်နေတာတွေ့ရတယ်နော်။
FRM ကိုတော့ မေဂရေ့စ် မနှစ်တုန်းက ရန်ကုန်ပြန်မလာခင်တုန်းက စတွေ့ခဲ့တာပါ။ အခုမေဂရေ့စ် ပြန်ရောက်တော့ သူတို့နဲ့ ပြန်တွေ့ဖြစ်တယ်။ အလုပ်တွေစလုပ်ဖို့လည်း စကားတွေပြောထားတာရှိပါတယ်။ Upcoming Project တွေရှိခဲ့ရင် မေဂရေ့စ် အားလုံးကို ပြောပြချင်ပါတယ်။ အားပေးကြဖို့ မျှော်လင့် ပါတယ်။

အဲဒီမှာ အလုပ်လုပ်ဖူးတဲ့အတွေ့အကြုံရောရှိလား၊ မြန်မာနိုင်ငံမှာ အလုပ်လုပ်ရတဲ့ပုံစံနဲ့ အဲဒီမှာ အလုပ်လုပ်ရတဲ့ပုံစံ အထူးသဖြင့် ဘာတွေအဓိကကွဲခြားတယ်မြင် လဲ။
အလုပ်ကတော့ မလုပ်ရသေးပါဘူး။ FRM ကိုလည်းဒီတစ်ခေါက်ပြန်လာမှစကားပြောဖြစ်တယ်လေ။ ဒါပေမဲ့ မေဂရေ့စ်က Casting တွေသွားတယ်။ Casting သွားတဲ့ အတွေ့အကြုံကတော့ မေဂရေ့စ်အတွက် လုံးဝအတွေ့အကြုံအသစ်လေးပါ။ ရုပ်ရှင်တွေထဲမှာတွေ့သလိုပဲ သူတို့က ဒီလို ဒီလို Character လိုချင်တယ် ဆိုပြီး စတူဒီယိုထဲခေါ်သွားတယ်။ အဲဒီအထဲမှာလည်း အပြိုင်အဆိုင်တွေ၊ မော်ဒယ်လ်တွေအများကြီးပဲ။ အဲဒီထဲမှာမှ မေဂရေ့စ်တို့ ပရိုဂျူဆာကိုတွေ့တယ်။ ဓာတ်ပုံဆရာတွေနဲ့တွေ့တယ်။ ချက်ချင်းပဲ ကင်မရာရှေ့သွားပြီး ရိုက်ရတယ်။ အဲလိုအတွေ့အကြုံမျိုးအရင်က တစ်ခါမှ မရဖူးဘူး။ မေဂရေ့စ်အတွက် အရမ်းဆန်းသစ်တဲ့အတွေ့အကြုံတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ဘာတွေကွဲပြားခြားနားလဲဆိုတာပြော ပြဖို့ မေဂရေ့စ်အတွက် ဟိုမှာ အတွေ့အကြုံတွေမရှိသေးပါဘူး။ အရမ်းနည်းပါသေးတယ်။ ဒါပေမဲ့ မေဂရေ့စ်သိသလောက်ကတော့မှာ မြန်မာပြည်က Industry က အရမ်းကိုတိုးတက် ပြောင်းလဲနေတဲ့ Industry တစ်ခုပေါ့။ မေဂရေ့စ်တို့စလုပ်ခဲ့တုန်းက အချိန်တွေနဲ့ယှဉ်ရင် ပြောင်းလဲတိုးတက်လာမှုနှုန်းက အရမ်းကိုပဲမြန်ပါတယ်။ နောက် ၅ နှစ်လောက်ဆိုရင် ဒီ Industry ကြီးဘယ်လိုဖြစ်လာမယ်ဆိုတာ မေဂရေ့စ်အရမ်းစိတ်ဝင်တစားမျှော်လင့်နေပါတယ်။

မေဂရေ့စ် မြန်မာပြည်ကို အလွမ်းဆုံးအချိန်တွေက ဘယ်အချိန်တွေလဲ။
အလွမ်းဆုံးအချိန်တွေကတော့ မြန်မာပြည်ကနေ ဒီကိုစလာတဲ့အချိန်မှာ ပိုလွမ်းပါတယ်။ စရောက်တဲ့ တစ်လမှာတော့ အရမ်းကို Homesick ဖြစ်တယ်။ အိမ်ကိုလွမ်းတယ်။ အမေချက်တဲ့ ဟင်းတွေကိုလွမ်းတယ်။ မေဂရေ့စ်က ၄ လတစ်ခါလောက်ပြန်လာတော့ ပြန်လာပြီး ပြန်သွားတဲ့ တစ်လစီတိုင်းမှာ အရမ်းကို Homesick ဖြစ်တယ်။ ပြီးရင် ကျောင်းစာတွေနဲ့ ဘာတွေနဲ့ ပြန်အခြေကျသွားပြန်ရော။ အဲလို တစ်ခေါက်စီ မြန်မာပြည်ကိုလာတယ်။ တစ်ခေါက်စီပြန်တိုင်းမှာ အစကနေ Homesick ပြန်ဖြစ်တယ်။ အခုမေဂရေ့စ် ဒီမှာနေတာ ၃ နှစ်လောက် ရှိပြီ။ ၃ နှစ်မှာ တစ်နှစ်ကို ၂ ခါလောက်တော့ အရမ်းကို Homesick ဖြစ်တယ်။

 

မေဂရေ့စ်ကို Crush နေတဲ့သူတွေအတွက် စကားတစ်ခုခုလောက်ပြောပေးနိုင်မလား။
မေ့ကို Crush နေတဲ့သူတွေ ရှိလို့လား။ တကယ်ရှိခဲ့ရင် Crush တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ Thank You လို့ပြောချင်ပါတယ်။

မေဂရေ့စ် မဖြေချင်တဲ့ မေးခွန်းတွေ၊ မေဂရေ့စ်ကို ခက်ခဲစေခဲ့တဲ့ မေးခွန်းတွေက ဘယ်လိုမေးခွန်းမျိုးတွေလဲ။
မေဂရေ့စ်က ငယ်ငယ်လေးကတည်းက Private Person ပါ။ ဆိုတော့ ကိုယ့်မိသားစုကိုတောင် တစ်ခါတစ်လေ ကိုယ်ဘာဖြစ်နေတယ်၊ ဘယ်လိုခံစားနေရတယ်ဆိုတာတွေ အကြောင်း သိပ်ပြောမပြဘူး။ မေဂရေ့စ်ကငယ်ငယ်လေးကတည်းက Introvert ဖြစ်တယ်။ ရှက်တတ်တယ်။ Private လည်းဖြစ်တယ်။ မေဂရေ့စ်အတွက်အဆင်မပြေတဲ့ မေးခွန်းတွေက ရှားတော့ရှားပါတယ်။ တချို့  Skip လုပ်ဖူးတဲ့ မေးခွန်းလေးတွေတော့ရှိပါတယ်။

အခုရိုက်ကူးထားတဲ့ ကာဗာရှုတင်နဲ့ပတ်သက်ပြီးတော့လည်း မေဂရေ့စ်ရဲ့ စိတ်ခံစားချက်ကိုပြောပေးပါဦး။
မေဂရေ့စ်က အရင်ကတည်းက MODA မဂ္ဂဇင်းရဲ့ ဖန်ပါ။ လတိုင်း Issue တွေကို အကုန်နီးပါးဖတ်ဖြစ်တယ်။ MODA မဂ္ဂဇင်းနဲ့အလုပ်လုပ်ရတာကို မေဂရေ့စ်အမြဲတမ်း ဂုဏ်ယူခဲ့တယ်။ ဒီလို ရိုက်ရမယ်ဆိုရင်လည်း မေဂရေ့စ်ကတက်ကြွပျော်ရွှင်နေတာပဲ။ ရိုက်ကူးရေးတိုင်းကို စေတနာရှိရှိနဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားကြတယ်။ Team နဲ့သွားတာ ဖြစ်တဲ့အတွက် အစစအရာရာပဲ အားလုံးအဆင်ပြေတယ်။ အဲဒီနေ့က နေ့ခင်းဘက်ကြီး နေပူကြီးထဲမှာ ရိုက်ကူးရေးလုပ်ခဲ့ကြတယ်။ ပင်ပန်းတယ်ဆိုပေမဲ့လည်း ပင်ပန်းတာနဲ့ထပ်တူကျတဲ့ ရလဒ်ကောင်းတစ်ခုကို မေဂရေ့စ်တို့ရရှိခဲ့တယ်လို့ယုံကြည်ပါတယ်။ ဒီလိုအကောင်းဆုံးလုပ်ပေးခဲ့တဲ့အတွက် MODA မဂ္ဂဇင်းကို မေဂရေ့စ်က ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။

မေဂရေ့စ်ရဲ့ ပရိသတ်တွေကိုရော ပြောစရာ၊ သတင်းပေးစရာဘာတွေရှိနေမလဲ။
မေဂရေ့စ်အခု အနုပညာအလုပ်တွေ တောက်လျှောက် စိတ်ရောကိုယ်ပါ မလုပ်နိုင်ဘူး၊ ကျောင်းတစ်ဖက်နဲ့လုပ်နေရတာကိုတောင် မေဂရေ့စ်ကို အားပေးတဲ့သူတွေ၊ ချစ်ကြတဲ့သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ မေဂရေ့စ်ကျောင်းပြီးတဲ့အခါ ရန်ကုန်ပြန်လာပြီး အနုပညာအလုပ်တွေကို ရာနှုန်းပြည့် ကြိုးစားလုပ်သွားပါ့မယ်လို့ပြောချင်ပါတယ်။ အခုလို အားပေးတဲ့သူတွေ ချစ်တဲ့သူတွေကို မေဂရေ့စ်ကလည်း အရမ်းချစ်ပါတယ်ဆိုတာပြောချင်ပါတယ်။

အောင်လင်းသစ်

PHOTOGRAPHED BY FRED (NOW STUDIO) / ART DIRECTION BY THIHAN KYAW OO / STYLING BY AUNG LAY / Outfits: TOO COOL / HAIR & MAKEUP: MAY OO MAUNG (Taw Win Thu)

Save



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.