MODA Girls   |   Posted on Mar 29, 2018 by Elijah htang

January 2018 : Girl of the Month


Yonee | January | MODA Girl | MODA Fashion Magazine

Share this article

MONDAY (4:00 PM)
ဆွယ်တာလေးကို Plaid Skirt နဲ့တွဲဝတ်ပြီး အပေါ်က  အညိုရောင် Trench Coat လေးကို တွဲဝတ်ထားတော့ January ရဲ့ ခပ်အေးအေး ညနေခင်းလေးမှာ သူ့ကို စောင့်နေရလည်း ရင်ခုန်သံနဲ့ အတူနွေးထွေးနေတာပေါ့။

TUESDAY (11:30 PM)
ကိုယ်အပြင်သွားတိုင်း မတော်တဆ သူနဲ့ များကြုံလေမလားဆိုတဲ့ စိတ်ကူးနဲ့ ကိုယ်ရဲ့စတိုင်ကို ပြည့်စုံနေဖို့အတွက် Stripe Tee ခပ်ပွပွကို ဇာအနားသတ် Skirt အနက်လေးနဲ့ တွဲ၍ Jean Coat လေးကို ထပ်ဝတ်ထားပြီး ဂျပန်မလေးတစ်ယောက်လို လှပနေစေတာလေ။

WENESDAY (1:45 PM)
စူးစမ်းဖွေရှာမှုတွေနဲ့ အမြဲလုပ်ရှုပ်နေတဲ့ သူ့ရဲ့ မျက်လုံးတောက်တောက်တွေနဲ့ ဆုံဆည်းဖို့ Library ကိုသွားတဲ့အခါ ချစ်စဖွယ် Pullover အဝါလေးကို ဝတ်ထားပြီး စာအုပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ကိုယ်ဟာ အများကြားမှာ သူ့ရဲ့ မျက်လုံးတွေကို ဆွဲဆောင်နိုင်မှာ အသေချာပဲပေါ့။

THURSDAY (9:00 PM)
မိန်းကလေးဆန်ဆန် ပန်းရောင် ဂါဝန်လေးပေါ်မှာ ခပ်မာမာ Feeling ကိုရစေတဲ့ Leather Jacket လေးကို ထပ်ဝတ်ထားတော့ ကိုယ်ရဲ့ Mood ကလည်းတစ်မူထူးခြားနေပြီး အိမ်မှာနေရင်း သူ့အကြောင်းစဉ်းစားမိတဲ့အခါ ခံစားချက်တွေက သူရှိတဲ့ နေရာတွေအထိ လွင့်မျောဆဲ။

FRIDAY (7:00 PM)
Friday Night ဆိုတော့ သူလည်း Night Out မှာ အသေချာပဲလေ။ တခြားသူတွေအများကြီးကြားမှာ သူ့ အမြင်အာရုံထဲ ကိုယ်က ခပ်မိုက်မိုက် ဖြစ်နေဖို့အတွက် Cropped Print Tee ကို Denim အကျပ်လေးနဲ့ တွဲပြီး Statement Jacket လေးထပ်ထားတယ်လေ။ သူ မလာသေးဘူးလားကွယ် ?

Photographed by YE NAUNG | Stylist : MIN CHIT PAING | Hair & make up : KARENG AHLA | Outfits : FASHION BUFFET | Location: SOFAER & CO

Editor : MIN CHIT PAING



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.