Celebrity Beauty   |   Posted on Sep 19, 2019 by Ja Seng Pan

Jolie ရဲ့ အလှတရား


သူမဟာ မိတ်ကပ်တွေလိမ်းထားရတာကို မနှစ်သက်သူတစ်ယောက်ပါ။

Share this article

 

နိုင်ငံတကာမှာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသမီးတွေထဲက တစ်ယောက်ဆိုရင် Angelina Jolie အပါအဝင်ပဲ ဖြစ်ပါတယ်။ လှပကျော့ရှင်းတဲ့ကိုယ်ဟန်အနေအထားနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာအလှတို့ကြောင့်သာမက သူမရဲ့ ပိုင်နိုင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် သူမဟာ ကမ္ဘာမှာ နာမည်ကျော်ကြားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အောင်မြင်မှုကို ထိန်းထားနိုင်ခဲ့တဲ့ Jolie ရဲ့ အလှအပလျှို့ဝှက်ချက်အချို့ကို မျှဝေပေးသွားမယ်နော်။

 

Jolie က သူမရဲ့ Skin ကို ဦးစားပေး ဂရုစိုက်သူတစ်ယောက်ပါ။ လူတစ်ယောက်ဟာ လှပတဲ့ အသားအရေကို ပိုင်ဆိုင်ခြင်းက ကျန်းမာခြင်းအတွက်လည်း အထောက်အကူပြုတယ်လို့ သူမက ယုံကြည်ထားတယ်လို့ ဆိုပါတယ်။ သူမဟာ ကြမ်းတမ်းတဲ့ဆပ်ပြာတွေကို ဘယ်တော့မှအသုံးမပြုပါဘူး။ အသားအရေအတွက် SPF sun block lotion ကို အမြဲအသုံးပြုတယ်လို့လည်း သိရပါတယ်။

 

သူမဟာ မိတ်ကပ်တွေလိမ်းထားရတာကို မနှစ်သက်သူတစ်ယောက်ပါ။ ဒါကြောင့် သူမရဲ့ ရိုက်ကူးရေးတွေနဲ့ ပွဲတက်တဲ့ အချိန်တွေကလွဲရင် သူမရဲ့ ပင်ကိုယ်သဘာဝအလှနဲ့သာ နေတတ်သူပါ။ Jolie က Gym ကို ပုံမှန်သွားသူတစ်ဦးဖြစ်ပြီး kickboxing က သူမရဲ့ Favourite ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Jolie ဟာ stress တွေလျော့ဖို့အတွက် Yoga ပုံမှန်ကစားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

 

ရေသောက်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလို့ ယုံကြည်တဲ့ Jolie ဟာ တစ်နေ့ကို အနည်းဆုံး ၃ လီတာလောက် ရေသောက်တယ်လို့ ဆိုပါတယ်။

 

ကဲ ဒီလောက်ဆိုရင်တော့ ပရိသတ်အချစ်တော်မင်းသမီး Angelina Jolie ရဲ့ အလှအပလျှို့ဝှက်ချက်တွေကို သိလောက်ပြီ ထင်ပါတယ်နော်။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.