Celebrity News   |   Posted on Aug 22, 2016 by Elijah htang

Justin Biber ဟာ Sofia Richie မဟုတ်ပဲ နောက်တယောက်နဲ့ ထပ်တွဲနေပြန်ပါပြီ


နောက်တယောက်လား Justin Biber

Share this article

လွန်ခဲ့တဲ့အပတ်က Instragram ပေါ်က အရှုပ်အထွေးတွေဟာ Justin နဲ့ Sofia ရဲ့ ဖူးပွင့်စဇာတ်လမ်းလေး ပျက်သွားဖို့အခြေအနေအထိကို  ကယက်ထပြီး ကြီးမားသွားခဲ့ပါတယ်။

Justin က သူနဲ့Sofia တို့ ခရီးသွားနေတဲ့ ကြည်နူးဖွယ်ပုံလေးတွေကို တင်ခဲ့ရာ မကြိုက်တဲ့သူ့ fan တွေက သူတို့ သိပ်မကြိုက်တဲ့အကြောင်း Comment တွေရေးခဲ့ကြပါတယ်။Justinက ချက်ခြင်းပဲ သူ့Fanတွေကို ဒီလို ပြောတာတွေ မရပ်ဘူးဆိုရင် သူ့အကောင့်ကို Private လုပ်ပစ်လိုက်မယ်လို့ချိန်းခြောက်ခဲ့ပါတယ်။

 

ဒါကို သူ့ချစ်သူဟောင်း Selena Gomez က ထပ်ပြီးမီးလောင်ရာ လေပင့်လုပ်လိုက်ပါသေးတယ်။သူမက Justin ကို အပြစ်တင်ပြီး ပရိတ်သတ်ကို ဒီလိုချိန်းခြောက်စရာမလိုကြောင်း အဝေဖန်မခံနိုင်ရင် ပုံအသစ်တွေ ထပ်မတင်နဲ့ လို့ Comment ရေးလိုက်ပါတယ်။ အဲနောက်မှာတော့ Justinနဲ့ Selenaတို့ တယောက်ကိုယောက် ထိုးနှက်ပြောဆိုပြီး စကားများခဲ့ကြပါတယ်။

Justinက သူ့Instragram အကောင့်ကို မဖျက်ခင် Selenaက အနူးအညွှတ် ပြန်လည် တောင်းပန်းခဲ့ပါတယ်။ တပတ်အကြာမှာတော့ Justinဟာ londan က Tape နိုက်ကလပ်မှာ Rihanna နဲ့ ပါတီလုပ်ခဲ့ပြီး လျှို့ဝှက်စွာ ကောင်မလေးတယောက်နဲ့တွဲခဲ့ပါတယ် သေချာတာကတော့ Sofia မဟုတ်တော့တာပါ။

ဒါပေမဲ့ တချို့သူတွေက သတိထားမိခဲ့ပါတယ်။ တကယ်တော့ ကောင်မလေးဟာအသစ်ထဲကမဟုတ်ပါဘူး။ လွန်ခဲ့တဲ့လက ဟာဝိုင်ကျွန်းမှာ အပန်းဖြေဖို့သူနဲ့ အတူတူသွားခဲ့ကြတဲ့သူ့ဖွဲ့ထဲက Model တယောက်ပါပဲ။

Ref;EllE



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.