Celebrity News   |   Posted on Oct 1, 2019 by Ja Seng Pan

Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ Wedding Ceremony


ရင်းနှီးတဲ့ ဆွေမျိုးသူငယ်ချင်း မိတ်ဆွေများ အပါအဝင် ဧည့်သည် ၁၅၀ ကျော်တက်ရောက်လာခဲ့ကြပါတယ်။

Share this article

 Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ Wedding Ceremony ကို စက်တင်ဘာလ ၃၀ ရက်နေ့က South Carolina မှာရှိတဲ့ Montage Palmetto Bluff Hotel မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ wedding ကို ရင်းနှီးတဲ့ ဆွေမျိုးသူငယ်ချင်း မိတ်ဆွေများ အပါအဝင် ဧည့်သည် ၁၅၀ ကျော်တက်ရောက်လာခဲ့ကြပါတယ်။

 

လက်ထပ်ချိန်မှာ ငယ်ရွယ်နေသေးတဲ့ သူတို့နှစ်ဦးကတော့ သူတို့ရဲ့ အိမ်ထောင်ရေးကို ယုံကြည်မှုရှိရှိနဲ့ တည်ဆောက်ဖို့ အသင့်ဖြစ်နေကြပါပြီ။ Hailey က “ ငါတို့ အများကြီးပြောင်းလဲကြရပါဦးမယ်။ ဒါပေမယ့် ငါတို့ အတူတူ အသက်တွေကြီးပြင်းသွားကြပြီး တစ်ယောက်ကိုတစ်ယောက် supporting ပေးရင် နေထိုင်သွားကြမှာပါ။ သူက ငါ့အတွက် Best friend တစ်ယောက်လိုလည်းဖြစ်တယ်။ ငါလည်းသူ့ကို ဘယ်တော့မှနာကျင်မှုတွေမပေးဘူးလို့ ဆုံးဖြတ်ထားပါတယ်။” လို့ ပြောခဲ့ပါတယ်။

 

သူတို့နှစ်ဦးရဲ့ စေ့စပ်ပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုပြုလုပ်တဲ့ ပွဲအခမ်းအနားကတော့ နှစ်ဖက်မိဘ ဆွေမျိုးအစုံအလင်နဲ့ ကျင်းပတဲ့ပွဲအခမ်းအနားပဲ ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် ပြီးခဲ့တဲ့ ရက်သတ္တပတ်က သူတို့နှစ်ဦးရဲ့ အကြိုမင်္ဂလာပွဲ လေ့ကျင့်ခြင်းကို ရင်းနှီးသူတွေနဲ့ ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.