hair   |   Posted on Jan 3, 2017 by kiki

ချက်ချင်း စမ်းကြည့်စရာ ဆံပင်ရှည် ပုံစံများ


ဆံပင်ရှည်ရှည် မဒီလေးတွေ ဒီဆံပင်ပုံစံတွေကို မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်။

Share this article

1-Long Layers

ဆံပင်ရှည်ကို အထပ်ထပ်လေးတွေဖြစ်နေတဲ့ပုံစံက သင့်မျက်နှာကို ပိုပြီး ပုံကျစေတဲ့အပြင် ရိုးရှင်းလှပပါတယ်။

2-Flower Accessories

မိန်းမဆန်ဆန် ဆံပင်ကို ပန်းလေးတွေနဲ့အလှဆင်တာက သင့်ကို ပိုပြီး ချစ်စရာကောင်းသွားစေမှာ အမှန်ပါ။

3-Full Bangs

ဆံပင်အတိလေးကို ရှေ့ချထားတဲ့ စတိုင်လ်နဲ့လည်း ပဲပေးလို့ရသေးတယ်နော်။

 

4-Fishtail Braid

ငါးရိုးကျစ်ဆံမြီးတွေက အချိန်ပေးရ လွယ်ကူတဲ့အပြင်လူတိုင်းနဲ့လိုက်ဖက်ပါတယ်။ အောက်နားမှာပဲ ကျစ်ကျစ်၊ တစ်ခေါင်းလုံးပဲ ကျစ်ကျစ် အမိုက်စားပုံစံတစ်ခုဖြစ်စေမှာပါ။

5-High Ponytail

ဆံပင်ကို ခပ်မြင့်မြင့်စီးတာဖြစ်လို့ ဆံပင်တော်တော်ရှည်တဲ့သူတွေနဲ့ပါ အဆင်ပြေပါတယ်။

6-Bouncy Blowout

ဆံပင်လှိုင်းကြီးကြီးတွေကို ဘေးဘက်တခြမ်းသိမ်းထားတဲ့ပုံစံဟာ အလွန်ဆွဲဆောင်မှုရှိပြီး ဘယ်တော့မှရိုးမသွားပါဘူး။

7-The Bubble Ponytail

ရိုးရိုး ပိုနီတေးလ်ပေါ်မှာ အခြေခံထားတာဖြစ်ပြီး ခေါင်းစီးကွင်းလေးနဲ့ တစ်ဆင့်ချင်း ခပ်လျော့လျော့လေးစီးလိုက်ရင် ချစ်စရာကောင်းတဲ့ဆံပင်လေးရပါပြီ။

8-Half-Up Braided Knot

ရုတ်တရက်ကြည့်လိုက်ရင် ရှုပ်တယ်ထင်ရပေမယ့် သင့်ရဲ့ဖိနပ်ကြိုးတွေကို ချည်သလိုပဲ လွယ်ကူပါတယ်။

ဘေးနှစ်ဖက်ကဆံပင်တွေကို ယူ၊နောက်မှာစုချည်ပြီးတဲ့နောက်မှာ အလိမ်လေးတွေလုပ်ပြီး ချည်လိုက်ရင် ဆံပင်ပုံဆန်းလေး ကို တွေ့ရမှာပါ။

9-The Classic Updo

ချက်ချင်းကို ပြောင်းလဲသွားစေမယ့်ပုံစံဖြစ်ပြီး ဘယ်လိုနေရာမျိုးမဆို လိုက်ဖက်ပါတယ်။အထူးသဖြင့် ပွဲတက်မယ်ဆိုရင်ပေါ့။

10-Shaved Sides

သင်က ခေတ်ဆန်ဆန်မဒီလေးတစ်ယောက်ဖြစ်ပြီး အမိုက်စားဒီဇိုင်းတွေကို နှစ်သက်တယ်ဆိုရင် ဒီလိုဘေးတစ်ခြမ်းလေး ရိတ်ပြီး စမ်းကြည့်လိုက်ပါ။

11-Voluminous Curls

ဆံပင်ခပ်ထူထူတွေက ဆွဲဆောင်မှုအပြည့်ရှိတာကိုမေ့မထားသင့်ပါဘူး။အထူးသဖြင့် ဒီနှစ်ပိုင်းတွေမှာ ပြန်လူကြိုက်များနေတဲ့ ဆံပင်အလယ်ခွဲလေးနဲ့ဆိုရင် ပိုပြီး

လှပသွားမှာဖြစ်ပါတယ်။

12-Hair Wrapped Ponytail

ရိုးရိုး ပိုနီတေးလ်ဆို အရမ်းရိုးရှင်းလွန်းတယ်လေ။ နောက်မှာ ဆံပင်လေးနဲ့ပြန်ပတ်ပြီး ပိုနီတေးလ်ချည်တဲ့ပုံစံကတော့ အမြင်သစ်ကိုပေးစွမ်းနိုင်မယ့် စတိုင်လ်တစ်ခုပါ။

13-Pinned Curls

ဆံပင်ကို အရင်ဆုံးအခွေအလိပ်တွေ လုပ်ပြီးမှ နောက်ဘက်မှာ ဆံထုံးထုံးထားတဲ့ပုံစံဟာ သင့်ကို သပ်ရပ်စမတ်ကျတဲ့ မိန်းကလေးတစ်ယောက်အသွင် ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်။

14-Old-Hollywood Waves

ဆံပင်ကို အဖြောင့်အတိုင်းဆို ပိုလည်းရှည်တယ် ပိုပြီး ရိုးရှင်းတယ်လေ ဒါကြောင့် ဆံပင်တွေကို ထိန်းရလည်း လွယ်အောင် အပြောင်းအလဲလည်းဖြစ်အောင် လှိုင်းလေးတွေလို ကောက်လိုက်ရင်လည်း အဆင်ပြေပါတယ်။

 www.allure.com

SuYiHtet

 



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Aug 19, 2017

(1950) ကဖက်ရှင်တွေကို Mil...


Sex & Relationships   |   Posted on Aug 18, 2017

ex ကို ပြန်လက်မခံသင့်တော့...


makeup   |   Posted on Aug 18, 2017

Highlighter တွေအကြောင်း သ...


Celebrity News   |   Posted on Aug 18, 2017

St. Tropez မှာ အားလပ်ရက်က...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.