Food & Travel   |   Posted on Oct 8, 2019 by Ja Seng Pan

သက်သောင့်သက်သာနဲ့ သွားလာနိုင်ဖို့အတွက် Tucson 2020 ကားသစ်လေး


Tucson 2020 (Premium Mid-sized SUV) အမျိုးအစားအား SKD စနစ်ဖြင့် ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Share this article

အခုတစ်ခေါက်မှာတော့ သက်သောင့်သက်သာနဲ့ သွားလာနိုင်ဖို့အတွက် Tucson 2020 ကားသစ်လေးနဲ့ မိတ်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
Hyundai Motor Myanmar မှ Tucson 2020 (Premium Mid-sized SUV) အမျိုးအစားအား SKD စနစ်ဖြင့် ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Tucson 2020 ဟာ ဝယ်ယူသူတွေအတွက် အကောင်းမွန်ဆုံး လုံခြုံမှုစနစ်နှင့်အတူ ဈေးနှုန်းသင့်တင့်မှု၊ ဆီစားသက်သာမှု၊ ကောင်းမွန်သော တပ်ဆင်ပစ္စည်းတွေအပြင် ဈေးအသက်သာဆုံး Brand New Premium Mid-sized SUV ကားတစ်စီးကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 2020 Hyundai Tucson ကားရဲ့ အဓိကပြောင်းလဲမှုကတော့ အပြင်ပိုင်းပဲဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ လေဝင်ပေါက်နဲ့ ဘမ်ပါတွေ တပ်ဆင်ထားတဲ့အပြင် နှင်းခွဲမီးတွေကိုလည်း တပ်ဆင်ထားပြန်ပါသေးတယ်။

 

အခု ဒီဇိုင်းသစ်ထုတ်ခဲ့တဲ့ Tucson (Premium Mid-sized SUV) ကားရဲ့ အင်ဂျင်ကတော့ 2.0 CRDi အင်ဂျင်အမျိုးအစားဖြစ်ပြီး အမြင့်ဆုံးစွမ်းရည်ဟာ 185ps/ 4,000 rpm ရှိပါတယ်။ အမြင့်ဆုံးရုန်းအားကတော့ 41.0 kg.m/ 1,750 ~ 2,750 rpm ရှိပါတယ်။ လောင်စာဆီစားနှုန်း (km. L) တွေကတော့ 12.8 (City), 20 (High Way) နဲ့ 16.7 (Combined) တွေ ရှိပါတယ်။ ဒီလောင်စာဆီစားနှုန်းကတော့ ဈေးကွက်ထဲက အခြားသောပြိုင်ဘက် brand တွေနဲ့ယှဉ်ရင် ပိုမိုသက်သာမှု ရှိတယ်လို့ ဆိုရမှာပါ။

 

ဆွဲဆောင်မှုရှိတဲ့ အပြင်ပန်းအပြင်အဆင်၊ ကောင်းမွန်တဲ့အတွင်းခန်းနှင့် Navigation စနစ်၊ Touchscreen ၊ Bluetooth စနစ်၊ Wifi တို့လို Multi Infotainment စနစ်များအပြင် နောက်ဆုံးပေါ်နည်းပညာများကို အကောင်းမွန်ဆုံး ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ အသစ်မွမ်းမံထားတဲ့ Premium Mid-sized ၂၀၂၀ မိုဒယ်မှာတော့ ပုံစံအသစ်၊ ပိုမိုသာလွန်တဲ့ Powertrain တွေအပြင် စံနှုန်းသစ်တွေနဲ့ ထူးခြားတဲ့နည်းပညာတွေကိုပါ ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် Touchscreen Infotainment တွေဖြစ်တဲ့ Apple CarPlay, Android Auto Capability, Floating-type 8” LCD Touch Screen, Supervision TFT LCD Cluster, ကြိုးမဲ့စမတ်ဖုန်း ချိတ်ဆက်မှု၊ Smart Tailgate System, နှင့် HTRAC All-wheel Drive နည်းပညာတွေကိုပါ ထည့်သွင်းပေးထားပါတယ်။

Tucson 2020 ကို အဖြူရောင်၊ အနက်ရောင် နှင့် ခဲရောင်ဆိုပြီး အရောင် ၃ မျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Tucson 2020 ကားတွေကို Shwe Daehan Motors စက်ရုံမှ ပြည်တွင်းမှာ ထုတ်လုပ်မှာဖြစ်ပြီး ၇ နှစ် သို့မဟုတ် ကီလိုတစ်သိန်းခွဲ အာမခံပေးထားတဲ့အပြင် ဈေးနှုန်းကိုတော့ ၆၃၅ သိန်း သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ရန်ကုန်လိုင်စင်ပါ ရရှိဦးမှာဖြစ်ပါတယ်။

Editor : Lin Lin



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.