ဒီဇင်ဘာလထဲမှ ပွဲတော်လေးများ၊ ဆောင်းတွင်းရဲ့အနှစ်သာရလေးကို သင့်လက်သည်းပေါ်မှာ ခုလိုအသက်သွင်းနိုင်ပါတယ်။ သင်ကလက်သည်းအလှပုံဖော်ရတာ နှစ်သက်တဲ့သူဆိုရင် ခုဖော်ပြပေးထားတဲ့ လက်သည်းဒီဇိုင်း ၁၂ မျိုးက သင့်ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ မျက်နှာပန်းလှစေပါလိမ့်မယ်။ ရာသီနဲ့လည်း ကိုက်ညီတာမို့ သင့်လက်သည်းကို အားလုံးက နှစ်ခါပြန်ကြည့်ချင်နေမှာနော့။
Half by Halfသာမန်လက်သည်းလား၊ ဆန်းကြယ်ဒီဇိုင်းလား… ဝေခွဲမရဖြစ်နေသူတွေအတွက် ဒီလက်သည်းဒီဇိုင်းလေးက အဖြေပေးပါလိမ့်မယ်။ တစ်ခြမ်းမှာ သင်နှစ်သက်တဲ့ လက်သည်းအရောင်လေးဆိုးပြီး တစ်ခြမ်းကိုတော့ အလှဆင်ကျောက်လေးတွေနဲ့ ဒီဇိုင်းဖော်လိုက်ပါ။ Design by @theillustratednail
Festive Stripesဒီဇင်ဘာလဆို သင့်မျက်လုံးထဲမှာ ဘယ်အရောင်တွေကို ပြေးမြင်မိလဲ။ သေချာပေါက် အစိမ်းနဲ့ နှင်းဖြုရောင်တွေက ခုလိုအစင်းကြားလက်သည်းဒီဇိုင်းအတွက် အကောင်းဆုံး အရောင်ရွေးစပ်မှုတွေဖြစ်ပါလိမ့်မယ်။ Design by @reinasnails
Half and Halfရွှေအိုရောင်နဲ့ ငွေမင်ရောင်ကို တစ်ဖက်တစ်ချက်စီမှာ ဆိုးလိုက်တာကလည်း နောက်ထပ်ပျော်စရာကောင်းတဲ့ ကစားနည်းတစ်မျိုးပါ။ Design by @paintboxnails
Shetland Sweaterသင့်ရဲ့လက်သည်းခွံကို သင်အနှစ်သက်ဆုံး ဆောင်းတွင်းဆွယ်တာအကွက်နဲ့ ပုံဖော်လိုက်ပါ။ Design by @theillustratednail
Winter Wonderlandခရစ်စမတ်လိုနေ့မျိုးမှာ ဒီလိုလက်သည်းအရောင်နဲ့ ဒီဇိုင်းလေးက ရာသီနဲ့လည်းကိုက်၊ ပွဲတော်ကိုလည်း ဂုဏ်ပြုသလိုကို ဖြစ်နေဦးမှာ။ Design by @sohotrightnail
Stained Glassလက်ချောင်းနှစ်ချောင်းတည်းကိုသာ ပုံဖော်ဆိုးခြင်းကလည်း ခုတော်တော်လေး ခေတ်စားလာတာမို့ ဒီတစ်ခေါက်မှာလည်း မှန်အစပ်ရာပုံစံလက်သည်းဒီဇိုင်းလေးနဲ့ ပုံဖော်ကြည့်ပါလား။ ဘုရားကျောင်းက မှန်အလှစပ်တွေက ဒီလက်သည်းဒီဇိုင်းအတွက် အကောင်းဆုံးစိတ်ကူးတွေပါပဲ။ Design by @chinaglazeofficial
Snowflakesဆောင်းတွင်းဆိုတာနဲ့ နှင်းမှုန်စက်လေးတွေက မပါမဖြစ်ပဲလေနော်။ ဒါကို ခရစ်စမတ်အရောင်နဲ့ တွဲလိုက်ပါလား။ Design by @nailsbymh
Wrapping Paperခရစ်စမတ်ဆိုတာနဲ့ ဆန်တာကလော့ကြီးရယ်၊ လက်ဆောင်ပါကင်ဘူးတွေကိုပဲ ပြေးမြင်ကြတာမလား။ ဒါဖြင့် လက်ဆောင်ဘူးအလှပန်ကြိုးဒီဇိုင်းလေးနဲ့ သင့်လက်သည်းမှာ ပုံဖော်ကြည့်တာလည်း မဆိုးဘူးနော်။ Design by @naominailsnyc
Seeing Starsညတာရှည်လှတဲ့ ဒီဇင်ဘာကို သတ္တုရောင်တောက်နေတဲ့ ကြယ်ပွင့်လေးများနဲ့ကြိုဆိုလိုက်ရအောင်။ Design by @valleynyc
Festive Plaidဒီတစ်ခေါက်ဒီဇိုင်းကတော့ သင်အနှစ်သက်ဆုံးလက်သည်းအရောင်ကို အောက်မှာခံထားပြီး အပေါ်ကနေ အနွေးထည်အကွက်အဆင်လေးကို ပုံဖော်ထားတဲ့ အိုင်ဒီယာလေးဖြစ်ပါတယ်။ Burberry အကွက်လုပ်ကြည့်ပါလား။ Design by @zoyanailpolish
Red Half Moonsဒီလက်သည်းဒီဇိုင်းက အင်မတန်ဖက်ရှင်ဆန်တယ်လို့ဆိုရမယ်။ ရိုးရှင်းနေပေမယ့် အထာကျနေတယ်လို့ ချီးမွမ်းပါရစေ။ Design by @ladyfancynails
Chrome Tipsသင့်အကြိုက်ဆုံး ဒီဇင်ဘာအရောင်တွေကို အောက်ခံဆိုးပြီး အပေါ်ကနေ ငွေမင်ရောင်ကို ခုလိုပုံဖော်လိုက်ခြင်းက glamorous အသွင်ကို ဖြစ်စေပါလိမ့်မယ်။ Design by @nataliepavloskinails
ref; elle.com