Skin   |   Posted on Nov 16, 2019 by Ja Seng Pan

ကြည်လင်တဲ့အသားအရေလေး ပိုင်ဆိုင်ရမယ့် နည်းလမ်းလေးတွေ


ဘယ်လို Cosmetic Product လေးလဲ ကြည့်လိုက်ကြရအောင်နော်။

Share this article

#Unicode

အခုတစ်ခေါက်မှာတော့ ပျိုမေတို့အတွက် ညွှန်းပေးချင်တဲ့ Cosmetic Product လေးရှိပါတယ်။ ဒီ Product လေး ပျိုမေတို့အသားအရေ ကြည်လင်ဖို့အတွက် အထောက်အကူပေးနိုင်မှာအသေအချာပါပဲ။ ကဲ ဒီတော့ ဘယ်လို Cosmetic Product လေးလဲ ကြည့်လိုက်ကြရအောင်နော်။

Diamond UV CUT
Diamond UV CUT Cosmetic လေးက Diamond 0.1 ct နဲ့ College ပါဝင်တဲ့အတွက် နေပူလောင်ခြင်း,တင်းတိတ်ပေါက်ခြင်းကို ကာကွယ်တဲ့ အပြင် မျက်နှာပြောင်ပြောင်တင်းတင်းလေးဖြစ်စေပါတယ်။ ဒါ့အပြင် နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ SPF 50PA+++ ပါဝင်တာကြောင့်လည်း နေပူထဲကို ရဲရဲဝင့်ဝင့်သွားနိုင်ပါပြီနော်။

Face Lotion Cream
ဂျပန် cosmetic ဖြစ်တဲ့ cellcare ကထုတ်လုပ်ထားတဲ့ Face Lotion Cream လေးက မျက်နှာလေးဖွေးပြီး အမဲစက်တွေ တင်းတိတ်တွေကို ပျောက်ကင်းစေတာကြောင့် တင်းတိတ်တွေနဲ့ အမဲစက်တွေကြောင့် စိတ်ညစ်နေကြတဲ့ ပျိုမေတို့အတွက် သတင်းကောင်းလေးပါပဲနော်။ နေပူထဲ ထွက်တာကြာလာတဲ့အခါ မျက်နှာနေလောင်ရာကနေ အမဲစက် တင်းတိတ်တွေ ဖြစ်ပေါ်တတ်တာကြောင့် Face Lotion Cream လေးက ဒါတွေကို ကာကွယ်ပေးနိုင်ပါတယ်နော်။

Saponaria officinalis Soap
Saponaria officinalis ရဲ့ သစ်ရွက် နဲ့ သဘာဝ ပစ္စည်းနဲ့ပြုလုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာလေးကတော့  မျက်နှာသစ်ပြီးတဲ့အချိန်မှာ ကြည်လင်တောက်ပတဲ့အသားအရေကို ရရှိနိုင်မှာပါ။ သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာကြောင့်လည်း Sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်တွေပါ အသုံးပြုနိုင်ပါတယ်နော်။

 


Diamond Powder
ပျိုမေတို့ မိတ်ကပ်လိမ်းပြီးတဲ့အခါ မျက်နှာ၊ လည်ပင်းတဝိုက်တို့မှာ ဝင်းလက်တောက်ပနေစေဖို့အတွက်ဆိုရင်တော့ Diamond Powder လေးကို အသုံးပြုဖို့ ညွှန်းပေးချင်ပါတယ်။ ဒီပေါင်ဒါလေးက ဂျပန်made အစစ်ဖြစ်ပြီး hyaluronic ပါဝင်တဲ့အတွက် အသားအရည်တွန့်ခြင်းမှ ကာကွယ် ပေးတဲ့အပြင် ချွေးပေါက်ကျယ်ခြင်း မျက်နှာ ညိုခြင်းကို ဖုံးကွယ်ပေးနိုင်ပါတယ်။စိန် မှုန့် အစစ်နဲ့ လုပ်ထားခြင်းကြောင့် မကောင်းတဲ့ ဆိုးကျိုးတွေ မရှိလို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်နော်။
ပျိုမေတို့အတွက် အခုပြောပေးခဲ့တဲ့ Cosmetic Product လေးတွေကတော့ ဂျပန်နိုင်ငံထုတ် Cellcare Cosmetic လေးတွေပါ။ သဘာဝကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ Product တွေဖြစ်တာကြောင့် ပျိုမေတို့ ဘေးထွက်ဆိုးကျိုးတွေကို ကြောက်ဖို့မလိုဘဲ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်နော်။

Editor : Lin Lin

 

#Zawgyi


Diamond UV CUT


Face Lotion Cream




Diamond Powder



Editor : Lin Lin



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.