Parties & Events   |   Posted on Aug 29, 2019 by Yin Moe Shinn

ကိုရီးယားချစ်သူတွေကိုကျေနပ်စေခဲ့တဲ့ Love Korea Event


ကိုရီးယားနိုင်ငံကိုသွားရောက်လည်ပတ်ချင်သူတွေအတွက်ဒီပွဲမှာဘယ်လိုအတွေ့ အကြုံတွေရခဲ့လဲ ...

Share this article

လူကြီးလူငယ်တော်တော်များများကိုအင်အားကြီးမားစွာလွှမ်းမိုးထားနိုင်တာကတော့ကိုရီးယားလို့ဆိုရမလိုပါဘဲ။ ကိုရီးယားအနုပညာရှင်တွေ ဇာတ်လမ်းတွဲတွေ သီချင်းတွေအပြင် သူတို့ ရဲ့ ရိုးရာအစားအစာတွေပါမကျန်လူကြိုက်များရေပန်းစားတယ်ဆိုရင်မမှားပါဘူး။ ဒါတွေကိုလက်တွေ့ ခံစားနိုင်မယ့်အခွင့်အရေးတွေအပြည့်နဲ့  Love Korea ပွဲတော်ကို သြဂုတ်လ ၂၅ရက်နေ့ က JUNCTION CITY promotion areaမှာတတိယအကြိမ်မြောက်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှု ၊ အစားအစာ နဲ့ အလှကုန်တွေအကြောင်းကိုယ်တိုင်ရောက်သွားသလိုခံစားချက်နဲ့လေ့လာခွင့်ခဲ့တဲ့အစီအစဉ်လေးပါ။ ကိုရီးယားအစားအစာတွေကိုမြည်းစမ်းနိုင်မယ့်အပြင် အလှကုန်နဲ့ ပတ်သတ်ပြီးများစွာလေ့လာဝယ်ဖို့သင့်တော်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့အစီအစဉ်လေးတွေပါဝင်ခဲ့တဲ့ Love korea ပွဲ့ကြီးမှာ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့  လူငယ်တွေကြားရေပန်းစားနေတဲ့ Project -K  အဖွဲ့ တဲ့ အတူ အဆိုတော် Key နဲ့  အုပ်စိုးခန့် တို့ကလည်းပါဝင်ဖျော်ဖြေခဲ့ပါသေးတယ်။ k-pop ကိုရူးသွပ်သူလေးတေအတွက် k-pop Cover dance နဲ့ အတူကိုရီးယားစကားပြောစွမ်းရည်ပြိုင်ပွဲစတဲ့စိတ်ဝင်စားစရာအစီအစဉ်တွေအပြည့် နဲ့ ဒီပွဲလေးကို Korea Tourism Organization အဖွဲ့ ကကြီးမှူးကျင်းပခဲ့တာဖြစ်ပါတယ်။

ကိုရီးယားချစ်သူလေးတွေပျော်ရွှင်စေမယ့်ပွဲလေးဖြစ်ပြီးနောက်ထပ်ထူးခြားချက်ကတော့ ကိုရီးယားကိုသွားရောက်လည်ပတ်ချင်သူတွေအတွက်ခရီးသွားကုမ္ပဏီက သေချာအသေးစိတ်ရှင်းပြပေးတဲ့အစီအစဉ်တွေလည်းပါဝင်ခဲ့တာမို့   Love korea ပွဲတော်က ကိုရီးယားချစ်သူလေးတွေအတွက်အကျိုးရှိခဲ့တဲ့ညလေးဖြစ်ခဲ့မယ်လို့ ထင်ပါတယ်။

Editor : Bo



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.