Tv & Movie   |   Posted on Sep 13, 2018 by Min Chit Paing

ကိုလိုနီခေတ် ဗမာဖက်ရှင်များနဲ့ “မီ” ရုပ်ရှင်ကား


ရှေးခေတ်မြန်မာဝတ်စုံများကို ခုံမင်သူများနဲ့ ဆန်းသစ်တဲ့ ဖက်ရှင်ကို စိတ်ဝင်စားသူများ မဖြစ်မနေကြည့်ရမယ့် ရုပ်ရှင်ကား။ ဒီပွင့်လင်းရာသီရဲ့ ပွဲတက်ဝတ်စုံတွေကို ပြင်ဆင်ဖို့ဆိုရင် ပိုင်ဖြိုးသုဝတ်တဲ့ “မီ” ဝတ်စုံတွေကို လေ့လာလိုက်နော်…

Share this article

မီ ရုပ်ရှင်ဇာတ်ကားဟာ ဆရာမ ကြည်အေးရဲ့ လူပြောသူပြောများလှတဲ့ “မီ” ဝတ္ထုကို ဒါရိုက်တာ ဏကြီးမှ ပိုင်ဖြိုးသု ကို အဓိကဇာတ်ကောင် မီ နေရာမှာ ထားပြီး ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ်။ အဲဒီဇာတ်ကားတွင် အမျိုးသားဇာတ်ဆောင်များအဖြစ် နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ နဲ့ အောင်ရဲထိုက် တို့လည်းပါဝင်အားဖြည့် ထားပါသေးတယ်။

“ မီ ” ဝတ္ထုဟာ သမိုင်းကြီးလှသလို ဒါရိုက်တာ ဏကြီးက လည်းအကောင်းဆုံးကြိုးစားထားကို မီ Official Teaser တွင် တစ်ပိုင်းတစ်စ မြင်ခဲ့ရပြီးဖြစ်ပါတယ်။ ပြီးတော့ လွန်ခဲ့သော နှစ်များစွာကတည်းက ပျောက်ဆုံးနေတဲ့ အသေးစိတ်ကျလှသော မြန်မာ ရုပ်ရှင်တင်ဆင်မှုတစ်ခုကိုလည်း အဲဒီရုပ်ရှင်မှာ ပြန်လည် တွေ့ရှိရမှာဖြစ်ပါတယ်။ အသေးစိတ်ကျလှပြီး မြန်မာပြည်ရဲ့ အကောင်းဆုံးသော Production Design အပြင် ခေတ်ရယ်၊ ဇာတ်ရယ် နဲ့ လိုက်ဖက်လွန်းတဲ့ Costume Design ကိုလည်း ထိုက်ထိုက်တန်တန် တွေ့ရဦးမှာဖြစ်ပါတယ်။ မီ အဖြစ်သရုပ်ဆောင်မယ့် ပိုင်ဖြိုးသုအတွက် ဝတ်စုံပေါင်း (၁၀၀) ကျော်နဲ့ ဇာတ်ကား တစ်ခုလုံးအတွက် ဝတ်စုံပေါင်း (၅၀၀) ကျော်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒီပွင့်လင်းရာသီရဲ့ ပွဲတက်ဝတ်စုံတွေကို ပြင်ဆင်ဖို့ဆိုရင် ပိုင်ဖြိုးသုဝတ်တဲ့ “မီ” ဝတ်စုံတွေကို လေ့လာလိုက်နော်။

ဒီရုပ်ရှင်ဟာ ဝတ်စုံတွေချည်းပဲ ကြည့်မယ်ဆိုရင်တောင် တန်နေပြီလို့ ပြောရမယ့် ရုပ်ရှင်ကားတစ်ခုပါ။ ဒါပေမယ့်လည်း ဆရာမ ကြည်အေးရဲ့ ခိုင်မာနက်နဲလှတဲ့ “မီ” ဇာတ်လမ်းက သင့်ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ပါ။ မောင်ကို (အောင်ရဲထိုက်) က သော်ဆွေ (နေတိုး) ကို မီအကြောင်း ပြောပြနေတဲ့ အခန်းတစ်ခန်းမှာ ဆိုရင်တော့ မောင်ကို နဲ့ မီ တွေ့ဆုံပုံနဲ့ သော်ဆွေ နဲ့ မီ တွေ့ဆုံမှု နှစ်ခု ကို လှလှပပ တည်းဖြတ် တင်ဆက်ထား တဲ့ ဏကြီးရဲ့ လက်ရာဟာ ရုပ်ရှင်အနုပညာ ဆိုတဲ့ အနှစ်သာရတစ်ခုကို ပြည့်ပြည့်ဝဝ ပေးစွမ်း နိုင်မှာ အသေချာပဲနော်။ အောက်က Official Teaser လေးမှာ အနည်းငယ်ခံစားပြီး ဇာတ်ကားကြီးတစ်ခုလုံးကို လာမယ့် အောက်တိုဘာမှာ ကြည့်ဖို့ ပြင်ထားလိုက်ရအောင်နော်။

Editor : Min Chit Paing



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.