Diet & Fitness   |   Posted on Jun 13, 2018 by Moe Thandar Lwin

ကိုယ်ခန္ဓာအတွက် တစ်သက်တာထိန်းသိမ်းမှုများ


လှချင်ရင်တော့ ဒါတွေကို ထာဝရလုပ်ကိုလုပ်နေရတော့မှာပါ .....

Share this article

Diet လုပ်တယ်။ ၀ိတ်ချတယ်ဆိုတာကလည်း ခဏလောက်ပဲ လုပ်ရုံနဲ့ အသုံးမ၀င်ပါဘူးနော်။ ဘယ်လောက်ပဲ ကြိုးစားပြီး Diet လုပ်ပါစေ ဒါဟာ အချိန်ခဏတာပဲဖြစ်ပြီး ရေရှည်မှာ စွဲမြဲပြီး အလေ့အကျင့်တစ်ခုဖြစ်တဲ့အထိ ကြိုးစားပြီး မထိန်းသိမ်းဘူးဆိုရင်တော့ အချိန်ခဏလေးအတွင်းမှာပဲ ပြန်လည်ဝဖြိုးလာမှာပါပဲ။ မထူးခြားပါဘူး။ အပျိုအရွယ်ကနေစပြီး အိမ်ထောင်ကျပြီး နောက်ဆုံးကလေးမွေးဖွားပြီးသည်အထိ ပုံမှန်ကိုယ်ခန္ဓာအချိုးအစားနဲ့ပဲ တစ်သက်လုံးနေနိုင်ချင်တယ်ဆိုရင်တော့ သင့်ရဲ့ဘ၀ထဲကအ အလေ့အကျင့်တစ်ခုဖြစ်တဲ့အထိ စွဲမြဲလုပ်ဆောင်ရမယ့် အချက်အလက်တစ်ချို့ရှိပါတယ်။

အိပ်စက်ခြင်း

ညနက်တာ စောတာတွေမရှိပဲ ပုံမှန်အချိန်အတွင်း နေ့စဉ်နေ့တိုင်း အိပ်တတ်တဲ့အကျင့်ကို ရရှိအောင် ကြိုးစားရပါလိမ့်မယ်။ တစ်ညကို အိပ်စက်ချိန် ၈နာရီရှိရမယ်။ ည ၁၁ထက် နောက်မကျရဘူး။ နေ့စဉ်နေ့တိုင်း ဒီအလေ့အကျင့်ကို ခေါ်ဆောင်သွားရမယ်။ အသားအရည်လှသွားလို့ တော်ပြီ နေချင်သလိုနေလို့ရပြီလို့တော့ မတွေးပါနဲ့။ အိပ်စက်ခြင်းအလေ့အကျင့်တွေကို ကောင်းမွန်စွာနဲ့ မထိန်းသိမ်းဘူးဆိုရင်တော့ မကြာခင် သင့်ရဲ့ ရှိရင်းစွဲ ကိုယ်ခန္ဓာနဲ့ အသားအရည်ကို ပြန်လည်ထိခိုက်တော့မှာပါ။

သကြားနဲ့ အချိုများ

သကြားနဲ့ အချိုဓာတ်တွေဆိုတာကလည်း မစားလို့တောင် မရပါဘူး။ ဒါပေမယ့် သင် Diet လုပ်နေတဲ့အချိန်တုန်းကတော့ ဒါတွေကို ရှောင်လိုက်တယ် မဟုတ်ပါလား။ ပိန်သွားပြီပဲဆိုပြီး ပြန်မစားပါနဲ့။ လိုအပ်တဲ့ ပမာဏနည်းနည်းအပြင် ပိုလျှံသွားတဲ့သကြားဓာတ်တွေက သင့်ကို ပြန်ပြီး ၀ဖြိုးလာစေလို့ပါ။ အမြဲတမ်း အချိုရှောင်တဲ့သူတစ်ယောက်အဖြစ် မိမိကိုယ်ကိုယ် လေ့ကျင့်ပေးထားရပါလိမ့်မယ်။

ကယ်လိုရီများတဲ့အရည်များ

အစားအသောက် ထိန်းသိမ်းတယ်ဆိုတာနဲ့ အစားအပြင် အသောက်ပါ တွဲရက်ပါလာတာကို မေ့မနေပါနဲ့။ အရက်နဲ့ ကယ်လိုရီအများအပြားတက်စေတဲ့ အရည်တွေ၊ အချိုရည်တွေ၊ ကော်ဖီတွေ ဒါတွေဟာ သင်သောက်နေသရွေ့ကာလပတ်လုံး သင့်ရဲ့ ကိုယ်ခန္ဓာနဲ့ အသားအရည်အတွက် ဒုက္ခပေးနေဦးမှာပါပဲ။ ဒါကြောင့် အစားဆင်ခြင်ရုံနဲ့မပြီးသေးပါဘူး။ အသောက်ပါဆင်ခြင်ပါ။ လုံးဝဖြတ်ချလိုက်စရာမလိုအပ်ပါဘူး။ ဒါပေမယ့် လျှော့သောက်ပါ။

အသင့်စားမုန့်သရေစာများ

ဒါတွေကတော့ လုံးဝဖြတ်ချလိုက်သင့်တဲ့ အစားအစာတွေထဲမှာပါပါတယ်။ ဘာကောင်းကျိုးမှမရှိပဲ လျှာဖျားလေးပေါ်အရသာ ခဏရှိနေရုံနဲ့ အကြီးအကျယ်ဒုက္ခပေးတတ်တဲ့ အသင့်စားမုန့်တွေ၊ ဆီကြော်တွေကို ဘိုင်ဘိုင် လို့ ထာဝရနှုတ်ဆက်ရဲပါစေ။

ပေါင်ချိန်ခြင်း

တစ်ပတ်တစ်ခေါက်အနည်းဆုံး ပေါင်ချိန်ပါ။ ပိန်သွားပြီဆိုပြီး ပေါင်မချိန်ပဲ ပစ်မထားလိုက်ပါနဲ့။ အနည်းငယ်လောက်ပဲဖြစ်ဖြစ် ပြောင်းလဲမှုရှိနေတဲ့ သင့်ရဲ့ ကိုယ်ခန္ဓာအလေးချိန်ကို သင်အမြဲတမ်းစောင့်ကြည့်နေမှ အချိန်တိုင်း သတိကြီးကြီးထားနိုင်မှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း

Gym သွားတာက ခဏပဲ။ ပိန်သွားပြီ မသွားတော့ဘူးလို့ လုပ်လို့မရပါဘူး။ အားကစားနဲ့ လေ့ကျင့်ခန်းဟာ ၀ိတ်ကျရုံတင်မဟုတ်ပဲ ကျန်းမာသန်စွမ်းနေဖို့အတွက်လည်း လုပ်ဆောင်ရတာဖြစ်ပါတယ်။ နောက်ဆုံး Gym မသွားနိုင်တောင်မှ အိမ်မှာ ပစ္စည်းလွတ်လေ့ကျင့်ခန်းများ နောက်ဆုံး လမ်းလျှောက်တာပဲဖြစ်ဖြစ် ပုံမှန်လုပ်ဖြစ်နေပါစေ။

ဒါတွေကတော့ ထာဝရကျန်းမာပြီး ပိန်သွယ်လှပနေဖို့အတွက် ထာဝရစာ စွဲမြဲကျင့်သုံးပေးရမယ့် လူနေမှုပုံစံပဲဖြစ်ပါတယ်။ ခဏတာ ၀ိတ်ကျရုံနဲ့ ပြန်မ၀သွားနိုင်တော့ဘူးလို့ သင့်ကို ဘယ်သူမှ ကတိမပေးနိုင်ပါဘူးနော်။ သင့်ကိုယ်သင်ပဲ ကတိပေးရမှာပါ။

 

Editor: Moethaesay



Share this article

TOP 5 ARTICLES


Trends   |   Posted on Sep 18, 2018

Turn On Tweed : တောက်ပသစ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.