Hair   |   Posted on Feb 26, 2018 by Su Yi Htet Aung

ကိုယ်နဲ့လိုက်ဖက်တဲ့ Hair Bangs ကို ဘယ်လိုရွေးချယ်မလဲ။


Hair Bangs ညှပ်တော့မှာလား..ဒါလေးကို ဖတ်ပြီးမှ ညှပ်နော်။

Share this article

အခုဆိုရင် မိန်းကလေးတော်တော်များများက Bang အမျိုးမျိုးကို ညှပ်လာကြတာ တွေ့ရမှာပါ။ဒီနှစ်ထဲမှာ အလှအပနဲ့ပတ်သက်တဲ့ Influencer တွေရော၊Cele တော်တော်များများပါ Hair Bangsလေးတွေ ညှပ်လာကြပါတယ်။တကယ်တမ်းမှာ ဒီလို Bang ညှပ်ဖို့ကို မိန်းကလေးတော်တော်များများက စိတ်ဝင်စားကြပေမယ့် တော်ရုံကို ကိုယ်နဲ့မလိုက်ဖက်မှာစိုးလို့ မညှပ်ရဲကြပါဘူး။ကျွန်မကိုယ်တိုင်လည်း Bang ညှပ်ထားတဲ့သူဆိုပေမယ့် ညှပ်မယ့်အချိန် တော်တော်လေးစဉ်းစားခဲ့ရတာမို့ Bang ညှပ်ချင်ပေမယ့် ညှပ်သင့် ၊မညှပ်သင့်စဉ်းစားနေတဲ့သူတွေအတွက် အောက်မှာ Tips လေးတွေနဲ့ပါ အသေးစိတ်ပြောပြပေးထားတာပါတယ်။ကိုယ်နဲ့ လိုက်ဖက်တာကို ရွေးချယ်ပြီး Out of Date ဖြစ်မသွားခင် ညှပ်ကြည့်လိုက်တော့နော်။

Bang တွေကို ပြောရမယ်ဆိုရင် Side-Swept Bangs(ဘေးဘက်ခွဲပြီးချထားတဲ့ Bangs)၊Blunt (ရှေ့ကို ထူထူကုပ်ကုပ်ချထားတဲ့ Bangs)၊Baby Bangs( မျက်ခုံးအပေါ်ကို တိုတိုနဲ့ မညီမညာ ခပ်ဖောင်းဖောင်း ညှပ်ထားတဲ့ Bangs)၊Long Bangs (ခပ်ရှည်ရှည် ကျဲကျဲ Bangs)နဲ့ Wavy Bangs (ကောက်သားပါတဲ့ Bangs )တွေဆိုပြီး အကြမ်းဖျင်း ခွဲထားလို့ရပါတယ်။



Side-Swept Bangs(ဘေးဘက်ခွဲပြီးချထားတဲ့ Bangs) တွေက မျက်နှာကြီးတဲ့သူတွေနဲ့ အသည်းပုံ မျက်နှာကျ ရှိတဲ့သူတွေ ညှပ်သင့်တဲ့ Bangs တွေပါ။သူတို့မှာ မျက်နှာကို Balance ဖြစ်အောင် လုပ်နိုင်တဲ့အစွမ်းရှိသလို မျက်နှာကို ပိုပြီး သွယ်လျသွားစေပါတယ်။အထပ်ထပ်ညှပ်ထားတဲ့ Layer Bangs ကို မျက်ခုံးနားထိနေအောင် ညှပ်လိုက်တာမျိုးကလည်း မျက်နှာဝိုင်းသူ၊မျက်နှာကြီးသူတွေအတွက် အဆင်ပြေတဲ့ ပုံတွေထဲက တစ်ခုပါ။တကယ်လို့ သင်က နဖူးကြီးတဲ့သူဆိုရင်တော့ Side-Swept Bangs(ဘေးဘက်ခွဲပြီးချထားတဲ့ Bangs) ကို ခပ်ရှည်ရှည်လေး ညှပ်လိုက်ပြီး ဘေးကို ချထားလိုက်ပါ။




Long Bangs (ခပ်ရှည်ရှည် ကျဲကျဲ Bangs) တွေက ဘဲဥပုံမျက်နှာနဲ့ နဖူးမြင့်တဲ့သူတွေနဲ့ ပိုလိုက်ဖက်ပြီး Long Bangs (ခပ်ရှည်ရှည် ကျဲကျဲ Bangs)တွေကို မျက်ခုံးကို ခပ်စွန်းစွန်းလေး ကျော်နေအောင် ညှပ်လိုက်ရမှာပါ။နဖူးမြင့်တဲ့သူတွေ ညှပ်လိုက်ပြီဆိုရင်လည်း မျက်နှာရဲ့ အချိုးအစားကို ပိုပေါ်လွင်ပြီး ကျယ်သယောင်ထင်ရစေတဲ့အတွက် နဖူးမြင့်မှန်းလည်း မသိသာတော့ပါဘူး။နဖူးမြင့်တဲ့သူတွေကတော့ Long Bangs (ခပ်ရှည်ရှည် ကျဲကျဲ Bangs) တွေကို နည်းနည်းထူထူလေးညှပ်ရင် ပိုကောင်းပါတယ်။နောက်ပြီး ကိုယ်က ပါးမို့ကြီးတယ်၊မျက်နှာလေးထောင့်ကျတယ်ဆိုရင်လည်း Long Bangs (ခပ်ရှည်ရှည် ကျဲကျဲ Bangs)တွေကို ညှပ်လို့ရပါတယ်။Rihanna ညှပ်ထားသလို အလယ်ခွဲ မကျတကျ Bangs လေးက မျက်နှာ လေးထောင့်ပုံစံတွေနဲ့ အဆင်ပြေသလို မျက်နှာကြီးသူတွေလည်း Long Bangs တွေနဲ့ လန်းလို့ရပါတယ်။



Blunt (ရှေ့ကို ထူထူကုပ်ကုပ်ချထားတဲ့ Bangs) တွေကတော့ မျက်နှာရှည်ပြီး ပိန်သွယ်သူတွေနဲ့ပဲ ပိုလိုက်ဖက်တဲ့ ပုံစံပါ။ကျွန်မကတော့ အရမ်းထူထူ ကုပ်ကုပ်ကြီး ဖြစ်နေလို့ သဘောမကျတဲ့အပြင် Out of date ဖြစ်နေတယ်လို့ ခံစားမိတဲ့ Bang တွေလို့ ဆိုချင်ပါတယ်။နွေရာသီလို အချိန်မျိုးမှာ ညှပ်လိုက်မိလို့ကတော့ နဖူး တော်တော်ပူမယ့် Bangsပါ။သူရဲ့ပုံစံက ဖောင်းဖောင်းထူထူ ကုပ်ကုပ်မျိုးကိုး။




Baby Bangs( မျက်ခုံးအပေါ်ကို တိုတိုနဲ့ မညီမညာ ခပ်ဖောင်းဖောင်း ညှပ်ထားတဲ့ Bangs) တွေကိုတော့ Micro Bangs တွေလို့လည်း ခေါ်ပါတယ်။မျက်ခုံးအတိလည်းမဟုတ်လည်း အပေါ်ကိုမှ နဖူးတစ်ဝက်လောက် ညှပ်ထားတဲ့ မညီမညာ Bangs တွေပါ။အခုလက်ရှိ ခပ်မိုက်မိုက်ကောင်မလေးတွေ ညှပ်ကြတဲ့ Bangမျိုးဖြစ်ပါတယ်။ ချထားရင်ညီနေပြီး နည်းနည်းလေးခွဲလိုက်ရင် ဟိုမညီဒီမညီနဲ့ ပုံစံတစ်မျိုး ပေးစွမ်းနိုင်တဲ့Bang မျိုးဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်အကုန်လောက်မှာတည်းက ဒီလို Bang မျိုး ကောင်မလေးတွေ တော်တော်ညှပ်လာကြပြီးတော့ Emma Watson တို့၊Emma Robert တို့ပါ ညှပ်ခဲ့တာတွေ့ရမှာပါ။တကယ်တမ်း BabyBang ညှပ်မယ်ဆိုရင် ကောက်သားရှိပြီး ဆံပင်အုံထူတဲ့သူက ပိုအဆင်ပြေသလို မျက်နှာပြည့်တဲ့သူတွေနဲ့ လိုက်တယ်လို့ ဆိုလို့ရပါတယ်။မျက်နှာကျ သွယ်ပြီး ရှည်တဲ့သူတွေနဲ့ဆိုရင် နည်းနည်းပိုသွယ်သွားသယောင် ဖြစ်တတ်သလို မျက်နှာအရမ်းကြီးတဲ့ သူတွေနဲ့ကျရင်လည်း ပိုထင်းသွားစေတတ်ပါတယ်။ဒါကြောင့် Baby Bangs ညှပ်မယ်ဆိုရင် လိုချင်တဲ့ အရှည်ကို မျက်နှာကျနဲ့ တိုင်းပြီးမှ ညှပ်တာ အကောင်းဆုံးပါပဲ။


Wavy Bangs (ကောက်သားပါတဲ့ Bangs )တွေကိုတော့ လူတော်တော်များများနဲ့ လိုက်ဖက်တယ်လို့ ဆိုချင်ပါတယ်။ဒါပေမယ့် Wavy Bangs လို့ဆိုတဲ့နေရာမှာ အရမ်းကို ခွေလိမ်ကောက်နေတဲ့ Bang   မျိုးမဟုတ်ဘဲ ခပ်ပြေပြေ လှိုင်းပါတယ်ဆိုရုံလောက် Bangs တွေကို ဆိုလိုပါတယ်။Wavy Bangs လေးတွေကတော့ အထွေအထူးပြောစရာမလိုပါဘူး..ကောက်သားပေါ်က အတိုနဲ့အရှည်ကို မူတည်ပြီး အပေါ်မှာ ပြောထားတဲ့ Bangs ပုံစံတွေထဲက လိုက်ဖက်တာကို ရွေးနိုင်ပါတယ်။ကျွန်မအနေနဲ့ အကြံပေးရမယ်ဆိုရင် Wave ရှိတဲ့ ဆံသားတွေက Side-Swept Bangs၊ Long Bangs လေးတွေက သင့်တော်တယ်လို့ ဆိုချင်ပါတယ်။

Tips

Bangs တွေ ညှပ်တော့မယ်ဆိုရင်....

1-ကိုယ့်စိတ်ကို ဆန်းစစ်ပါ။
ကိုယ်က တကယ်ညှပ်တော့မယ်ဆိုရင် နောက်ဆုံး Last Minute အထိ ကိုယ့်ကိုကိုယ် သေချာပြီးလားဆိုတာ ပြန်ပြန်မေးပါ။ရိုးရိုး Bangs မျိုးက အဆင်ပြေပေမယ့် Micro Bangs မျိုး ညှပ်လိုက်မိတဲ့အခါ နေရဲမှာလား၊စိတ်တိုင်းကျမှာလားဆိုတာ ပြန်မေးပါ။မဟုတ်ရင် ညှပ်ပြီးမှ ဘာမှ ပြန်လုပ်လို့မရတော့ပါဘူး။ဆံပင်ရှည်လာမယ့် အထိ အနည်းဆုံး သုံးလ၊လေးလလောက်ထိ စိတ်ညစ်နေရမှာမို့ သေချာပြီ၊စိတ်ခိုင်ပြီဆိုမှ  ညှပ်ပါ။နောက်တစ်ခုက Bangs ထားတဲ့အခါ ပုံသွင်းရမယ့်အချိန်၊ဂရုစိုက်ရမယ့်အလုပ်တွေအတွက် စိတ်ရှည်ရဲ့လား၊ထိန်းသိမ်းနိုင်ရဲ့လားဆိုတာပါ စဉ်းစားပါ။

2-နဖူးအကျဉ်းအကျယ်ကို ချိန်ဆပါ။
Bangs တွေညှပ်တဲ့အခါမှာ ညှပ်တယ်ဆိုပေမယ့် ကိုယ့်ရဲ့ နဖူး အကျဉ်းအကျယ်ကို ချိန်ဆပါ။နဖူးကျဉ်းချင်တယ်ဆိုရင် Bangs တွေကို ရှည်နိုင်သမျှ ရှည်ညှပ်သင့်သလို နဖူးကျယ်သူတွေအနေနဲ့ အလယ်ထက် အဖျားနား ရှည်သွားတဲ့ Bangs တွေနဲ့ ဖုံးထားလို့ရပါတယ်။

3-Bangsတွေကို သန့်ရှင်းအောင်ထားပါ။
ကျွန်မတို့ရဲ့ဆံပင်တွေက အမြဲအဆီထွက်နေတာပါ။ဒါပေမယ့်Bang ဆိုတာ ဖွာဖွာလေးနဲ့ ပုံပုံလေးဖြစ်နေမှ လှတာလေ။အဆီတွေနဲ့ ကပ်နေတာမျိုးကတော့ ဘယ်လိုမှ ကြည့်မလှနိုင်ပါဘူး။Bangs တွေ ညှပ်လိုက်ပြီဆိုတာနဲ့ အမြဲ သန့်နေအောင်ထားဖို့ သတိထားပါ။ကိုယ်က အချိန်မရလို့ နေ့တိုင်း ခေါင်းမလျှော်နိုင်ဘူးဆိုရင်တောင် Bangs လေးတွေကိုတော့ Shampoo သုံးပြီး သန့်ရှင်းအောင်ထားပါ။
အဲလိုမှမဟုတ်ရင် ကြာတဲ့အခါ Bangs ချထားတဲ့အတွက် ချွေးတွေရော၊ဆံပင်ကအဆီတွေရော ကပ်ပြီး နဖူးမှာ ၀က်ခြံတွေ၊အဆီဖုတွေထွက်လာနိုင်ပါတယ်။

4-Dry Shampoo ကို အားမကိုးပါနဲ့။
တခါတလေ Bang ညှပ်လိုက်တဲ့အခါ ကျွန်မတို့အနေနဲ့ အပျင်းထူပြီး Dry Shampoo ကို အားကိုးဖို့ စဉ်းစားမိနိုင်ပါတယ်။ Dry Shampoo သုံးတဲ့အခါ ဆံပင်တွေက ကပ်မနေတော့ဘဲ ဖွာဖွာလေးတော့ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် Perfect တော့ ဖြစ်မှာမဟုတ်ပါဘူး။တစ်ချို့တွေကလည်း Baby Powder ကိုသုံးတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်လေးပေးပြီး Bangs တွေကို လျှော်တာမျိုးလုပ်ဖို့ အကြံပေးချင်ပါတယ်။

5-ကိုယ်တိုင် ဘယ်တော့မှ မညှပ်ပါနဲ့။
Bangs ညှပ်တဲ့ Tutorialsတွေ၊Tips တွေက အင်တာနက်မှာလည်း အများကြီးပါဆိုပြီး ကိုယ်တိုင်ညှပ်မယ်လို့တော့ မစဉ်းစားလိုက်ပါနဲ့။ကိုယ်တိုင် ညှပ်တဲ့ Bangs နဲ့Stylist ညှပ်ပေးတဲ့ Bangs အနည်းနဲ့အများတော့ ကွာတာပါပဲ။ကိုယ်တိုင်ညှပ်လိုက်တဲ့အခါ ဆံပင်များများ ယူမိတာ၊တိုသွားတာတွေ ဖြစ်တတ်လွန်းလို့  ကိုယ်တိုင်ညှပ်ဖို့ အားမပေးချင်ပါဘူး။

ကဲ..ဒီလောက်ဆို Bangs လေးတွေအကြောင်း ပြည့်စုံသလောက်ရှိသွားပါပြီနော်။ညှပ်မယ်လို့ စဉ်းစားထားရင်လည်း Trend အမှီ မြန်မြန်လေးသာ ညှပ်လိုက်ပါ ကောင်မလေးတို့ရေ။

Editor:Su Yi Htet



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.