People   |   Posted on Sep 10, 2019 by Ja Seng Pan

ကမ္ဘာ့အလှဆုံး တူရကီမင်းသမီး Hande Ercel


၂၀၁၉ ခုနှစ်စာရင်းများအရ ကမ္ဘာ့အလှဆုံးမင်းသမီးတစ်ဦးဖြစ်တဲ့ တူရကီမင်းသမီး Hande Ercel

Share this article

အခုဖော်ပြပေးသွားမှာကတော့ ၂၀၁၉ ခုနှစ်စာရင်းများအရ ကမ္ဘာ့အလှဆုံးမင်းသမီးတစ်ဦးဖြစ်တဲ့ တူရကီမင်းသမီး Hande Ercel အကြောင်းပဲ ဖြစ်ပါတယ်။

သူမကို ၁၉၉၃ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့ပြီး လက်ရှိအချိန်မှာတော့ သူမရဲ့အသက် ၂၆နှစ်ရှိနေပြီပဲ ဖြစ်ပါတယ်။ Hande Ercel က ၂၀၁၂ ခုနှစ်မှာ Miss Turkey Pageant ဆုကိုရရှိခဲ့ပြီးနောက်ပိုင်းမှာတော့ တူရကီ TV Series တွေမှာပါဝင်ခဲ့ရာကစလို့ အနုပညာလောကထဲကို ရောက်ရှိလာသူပဲ ဖြစ်ပါတယ်။ သူမကို လူသိများကျော်ကြားစေခဲ့တာကတော့ 'Gunesin Kizlari'  TV Series ပဲ ဖြစ်ပါတယ်။

 

သူမက Mimar Sinan Fine Arts University မှ Graduate in Arts ရရှိထားသူတစ်ဦးလဲ ဖြစ်ပါတယ်။ သူမရဲ့ ငယ်ဘဝကတော့ အဖိုး၊ အဖွား၊ အဒေါ်တို့နဲ့ ကြီးပြင်းခဲ့ရတာပါ။ လက်ရှိအချိန်မှာ သူမရဲ့ ဝင်ငွေကတော့ $100 thousand နီးပါးရှိတယ်လို့ သိရပါတယ်။

Hande Ercel ဟာ Social Media တွေဖြစ်တဲ့ Instagram မှာ follower 8 millions နဲ့ Twitter မှာ followers 280,000 ဖြင့်  “Top 5 most followed Turkish Female Actor.” စာရင်းဝင်သူတစ်ဦးလဲ ဖြစ်ပါတယ်။

 

ကဲ ဒီတော့ အသက် ၂၆ နှစ်သာရှိသေးတဲ့ မင်းသမီးချောလေး Hande Ercel ရဲ့ အမိုက်စားပုံတွေကို ကြည့်လိုက်ကြရအောင်နော်။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.