Skin   |   Posted on Feb 16, 2019 by Ja Seng Pan

ဝက်ခြံသမားတွေအတွက် အကောင်းဆုံး Mask ၈ မျိုး


ကိုယ့်နဲ့ ဘယ်တစ်ခု အဆင်ပြေမလဲဆိုတာ ကြည့်လိုက်နော်။

Share this article

မျက်နှာ ပုံမှန်က အကောင်း ရုတ်တရက်ဆိုသလို Breakout ထွက်လာတာမျိုးကို Oily/ Acne Skin တွေ ကြုံတွေ့ရမှာပါ။ ဒါမှမဟုတ် နည်းနည်းဆို နည်းနည်း ၀က်ခြံထွက်တတ်တဲ့ Sensitive သမားတွေလည်း ရှိမှာပါ။ ဒီလို အသားအရေပိုင်ဆိုင်တဲ့သူတွေက ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှုတွေကို မဖြစ်မနေပြုလုပ်ပေးရမှာပါ။ ဒီလို ထိန်းသိမ်းတဲ့နေရာမှာ Mask ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ Skin ကို ကြည်ကြည်လင်လင်နဲ့ ဝက်ခြံထွက်နှုန်းကို Limit လုပ်နိုင်တဲ့ အကောင်းဆုံး Mask ၈ မျိုးကို မျှဝေပေးလိုက်ပါတယ်နော်။

Clogged Pores


အသားအရေညစ်ညမ်းနေပြီး ၀က်ခြံထွက်ချင်တဲ့အချိန်တွေမှာ ဒီ Mask တွေက ကွက်တိပဲနော်။ ချွေးပေါက်တွေကို ကျဉ်းစေပြီး  ကြည်လင်သန့် စင်တဲ့ အသားအရေကို ရရှိမှာ ဖြစ်ပါတယ်။


Mild Acne


မျက်နှာပေါ်မှာ ညတွင်းကြီးထွက်လာတဲ့ ၀က်ခြံသေးသေးလေးတွေ ပျောက်ဖို့ အတွက် ဒီ Mask က အဆင်ပြေမှာပါ။ ၀က်ခြံရှိတဲ့နေရာကို တို့ ထားလိုက်ရုံပါပဲ။


Blackhead


နှာခေါင်းပေါ်က ဆားဝက်ခြံတွေအတွက် ကောင်းတဲ့ Product ပါ။ Mask ကပ်ပြီးချိန် အသာအရေချောမွေ့နေပြီး ဆားဝက်ခြံတွေ သိသိသာသာ ပျောက်ကင်းစေပါတယ်။


Chronic Acne


ဝက်ခြံသမားတွေ Recommend ပေးတဲ့ Product တစ်ခုပါ။ Youtuber တွေ Beauty Blogger တွေသုံးတာ ကြည့်ပြီးရင်းနှီးမှာပါ။ Apple Cider ဗီနီကာ နဲ့ ဆတူရောပြီး မျက်နှာပေါ် Apply လုပ်ရုံပါပဲ။ တစ်ပတ်တစ်ကြိမ်သာ ကပ်ဖို့ နဲ့  ဒီ Clay Mask က အသားအရေကို ခြောက်စေတဲ့အတွက် Moisturize လုပ်ပြီးမှ အသုံးပြုဖို့ လိုပါတယ်။


Acne Scar


Indian Healing Clay လိုပဲ ဒီ Charcoal Treatment က Chronic Acne နဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။


Acne Skin


Clinique ရဲ့ ဒီ Product က ၀က်ခြံသမားတွေကြားမှာ နာမည်ကြီးပါတယ်။ ၀က်ခြံတွေကို ပျောက်ကင်းစေပြီး ပြန်မထွက်လာအောင်လဲ ကာကွယ်ပေးပါတယ်။  အသားအရေကို ခြောက်ခြောက်ကြီး ဖြစ်မသွားစေတဲ့အတွက် သုံးစွဲတဲ့သူတွေ အကြိုက်တွေ့ နေတာဖြစ်ပါတယ်။


Oily Skin


Benzoyl Peroxide ပါဝင်တဲ့ ဒီ Product က ၀က်ခြံကို ဖြစ်စေတဲ့ Bacteria ဖြစ်ပွားမှုကို ကာကွယ်ပေးပြီး အဆီပြန်တာကို ကင်းဝေးစေပါတယ်။


Sleep Time


နောက်တစ်ရက် မနက်ပွဲသွားရတော့မယ်အချိန်မှာ ညတွင်းကြီး ၀က်ခြံထွက်လာတဲ့ အခြေအနေဆိုးတွေရှိတယ်နော်။ ဒီလိုအချိန်မှာ ဒီ Mask တွေက အကောင်းဆုံးပါပဲ။ Editor ကိုယ်တိုင်လဲ ဒါလေးသုံးကြည့်သာ တော်တော်အဆင်ပြေပါတယ်။ ၀က်ခြံထွက်တဲ့နေရာမှာ Apply ထားလိုက်ပါ။ မနက်ထလာတဲ့အချိန် ဘယ်လို ရလဒ်ရမလဲဆိုတာ ကိုယ်တိုင်သာ စမ်းသပ်ကြည့်တော့နော်။

Editor: Pan JN

Ref: 7teen

 

 

 

 

 

 



Share this article

TOP 5 ARTICLES


Hair   |   Posted on May 21, 2019

ပုဝါတစ်ထည်နဲ့ HAIR LOOK အ...


Trends   |   Posted on May 21, 2019

2019 ရဲ့ Runway ပေါ်က Seou...


Fashion News   |   Posted on May 20, 2019

Fenty Beauty ပြီးတော့ lux...


Fashion News   |   Posted on May 17, 2019

Calvin Klein ရဲ့ New Camp...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.