Travel   |   Posted on Aug 25, 2016 by kiki

ကမ္ဘာ့သမိုင်းထဲက အထင်ကရမြို့တော် Hiroshima မြို့


ကမ္ဘာ့သမိုင်းဝင်မြို့တစ်မြို့ကိုအလည်အပတ်သွားချင်သူများအတွက် အထူးရည်ရွယ်တင်ဆက်ထားခြင်းဖြစ်ပါတယ်...

Share this article

ကမ္ဘာပေါ်မှာသွားချင်စရာကောင်းတဲ့နေရာများစွာရှိတဲ့အထဲမှဒီတစ်ခါတော့ကမ္ဘာ့သမိုင်းထဲကအထင်ကရမြို့တော်တစ်မြို့ဖြစ်တဲ့ဂျပန်နိုင်ငံဟီရိုရှီးမားမြို့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ပရိသတ်များအထူးလေ့လာလည်ပတ်ဖို့အဆင်ပြေစေရန်ရည်ရွယ်ပြီးဟီရိုရှီးမားမြို့ရဲ့လည်ပတ်စရာ နေရာတွေအပြင်ကိုယ်တိုင်ပါဝင်လှုပ်ရှားနိုင်တဲ့လည်ပတ်နည်းလမ်းအထူးအဆန်းတွေနဲ့ ဖော်ပြထားပါတယ်။ဟီရိုရှီးမားမြို့ကို သွားရောက်လည်ပတ်ရန်အတွက် အသင့်လျော်ဆုံးအချိန်အခါကတော့ နွေဦးရာသီဖြစ်ပြီး မည်သည့်နေရာဒေသမှ လာရောက်တဲ့ ဧည့်သည်ပင်ဖြစ်စေ အဆင်ပြေဆုံးအသင့်လျော်ဆုံးပဲဖြစ်ပါတယ်။ နွေရာသီမှာဆိုရင် အမျိုးစုံလင်လှပတဲ့ပန်းတွေကအထူးဖူးပွင့်ကြပြီးအလွန်တရာမှကိုလှပပါတယ်။

 

 

 

 

စီရာမြို့တော်

ဟီရိုရှီးမားစီရာမြို့ကကမ္ဘာလှည့်ခရီးသွားပန်းပြပွဲ၊ဟီရိုရှီးမားစီရင်စုနယ်ရဲ့ပွဲတော်ကြီးတွေထဲကတစ်ခုဖြစ်တဲ့ပန်းပွဲတော်နဲ့အပြိုင်အဆိုင်ပွင့်ကြတဲ့အလွန်လှပတဲ့ချယ်ရီပန်းတွေကိုတွေ့မြင်ရတော့မှာပါ။ဟီရိုရှီးမားစီရင်စုနယ်ရဲ့ပွဲတော်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ပန်းပွဲတော်နဲ့အပြိုင်အဆိုင်ပွင့်ကြတဲ့ အလွန်လှပတဲ့ ချယ်ရီပန်းတွေကိုတွေ့မြင်ရတော့မှာပါ။စီရာမြို့တော်ဟာ ဟီရိုရှီးမားစီရင်စုနယ်၏ အရှေ့မြောက်ဘက်မှာ တည်ရှီပြီးများစွာသော ပန်းခြံကြီးတွေကို ပိုင်ဆိုင်ထားတာကြောင့်ကမ္ဘာလှည့်ခရီးသွားအများစုလာရောက်လည်ပတ်ကြပါတယ်။သင်ကိုယ်တိုင်လည်းလှပတဲ့ပန်းခင်းတွေမှာ ပြေးလွှားဆော့ကစားခြင်း၊ဓါတ်ပုံရိုက်ခြင်း၊ပန်းခင်းထဲလှည့်လည်ကြည့်ရှုခြင်းစသည်တို့ကို လွတ်လပ်စွာပြုလုပ်နိုင်ပါတယ်။ အမှိုက်တော့လုံးဝပစ်လို့မရဘူးနော်။ နေ့လည်မွန်းတည့်ချိန်မှာ ပန်းခင်းတွေဟာနေရောင်ခြည်အပြည့်အ၀ရပြီး ပိုမိုတောက်ပစွာ ပွင့်လန်းကြပါတယ်။ အဲဒီအချိန်ဟာ နေ့တစ်နေ့ရဲ့အလှဆုံးအချိန်ပါပဲ။ပန်းခင်းတွေကို ဖြတ်တိုက်လာတဲ့လေနဲ့အတူပန်းနံ့တွေဟာလည်းမွန်းတည့်ချိန်မှာပိုမွှေးလို့နေပါတယ်။အဲဒီနေရာကိုရောက်ရင်တော့ကိုယ့်ရဲ့ညစ်နေတဲ့စိတ်တွေအားလုံးကြည်လင်လှပလာမှာအသေအချာပဲဖြစ်ပါတယ်။

ဟီရိုရှီးမားစရင်စုနယ်ရဲ့ နှစ်စဉ်ကျင်းပတဲ့ပွဲတော်ကြီးတစ်ခုအဖြစ်ပန်းပွဲတော်ကြီးကိုနှစ်စဉ်ကျင်းပပါတယ်။ပွဲတော်ကိုပန်းတွေ၊သဘာဝတရားတွေ၊ဂီတနဲ့ငြိမ်းချမ်းမှုတွေနဲ့ပုံဖော်ကာမေလရဲ့ရွှေရောင်ရက်သတ္တပတ်အားလပ်ရက်မှာ ၃၇က်တိုင်တိုင်ကျင်းပပြုလုပ်ကြပါတယ်။ ပွဲတော်အခမ်းအနားတွေကို ဟီရိုရှီးမားမြို့ကြီးရဲ့ငြိမ်းချမ်းရေးလမ်းမကြီးတွေပေါ်မှာ ကျင်းပကြပါတယ်။ ဟီရိုရှီးမားစီရင်စုနယ်အနှံ့အပြားမှလည်ပတ်သူတွေနဲ့သာမက အခြားနယ်များမှလည်ပတ်သူများနဲ့နှစ်စဉ်၁သန်းကျော်လောက်ပါဝင်ဆင်နွှဲကြပါတယ်။သရုပ်ပြအဖွဲ့ပေါင်းများစွာဟာလည်းစီတန်းချီတက်ကာကကွက်မျိုးစုံဖြင့် ဖျော်ဖြေတင်ဆက်ကြပါတယ်။၁ကီလိုမီတာလောက်ရှည်လျားတဲ့ စီတန်းဖျော်ဖြေကာ တင်ဆက်ကြပါတယ်။ ၁ကီလိုမီတာလောက်ရှည်လျားတဲ့ စီတန်းဖျော်ဖြေတဲ့သူတွေဟာ ငြိမ်းချမ်းရေးလမ်းမကြီးတစ်လျောက် ချီတက်ကာ ဖျော်ဖြေကြပါတယ်။

 

ပွဲတော်ကာလပြီးဆုံးတဲ့အခါမှာတော့ ပန်းများကို ပုံမှန်အတိုင်းပဲ အဆောက်အဦးတွေ၊လမ်းမကြီးတွေနဲ့ ပန်းခြံတွေမှာဂရုစိုက်ထိန်းသိမ်းစောင့်ရှောက်ကြပါတယ်။ ချယ်ရီပန်းကြည့်ဖို့နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ မီယာဂျီမကိုရွေးချယ်ထားပါတယ်။ အိဆုကုရှိမားအရပ်မှာတည်ရှိပါတယ်။ မျက်စိတဆုံးမြင်တွေ့ရမယ့် ပန်းရောင်ချယ်ရီပန်းတောကြီးကို သင်မြင်တွေ့ရမှာပါ။ အရမ်းလှလွန်းလို့ သင်ဘာမှမပြောနိုင်ဘဲ တစိမ့်စိမ့်ကြည်နူးနေမှာကျိန်းသေပါတယ်။ပန်းခြံအတွင်းကနေဖြတ်သန်းစီးဆင်းနေတဲ့မိုတိုယာဆုမြစ်ကလေးရဲ့ ဘေးနှစ်ဘက်လုံးမှာချယ်ရီပင်တွေအစီအရီပေါက်နေပြီးအဆိုပါမြင်ကွင်းဟာအလွန်တရာထူးခြားလှပလွန်းလို့ ကမ္ဘာအနှံ့ကခရီးသွားများ ပုံမှန်လာရောက်ကြည့်ရှုကြပါတယ်။ ပန်းခြံအတွင်းမှာလာရောက်လည်ပတ်ကြည့်ရှုသူတွေဟာနေ့အချိန်မှာသာမက ညဖက်အထိပါ လာရောက်လည်ပတ်ကြည့်ရှုကြပါတယ်။

 

Fukuyama Castle

 

 


ဟီရိုရှီးမားငြိမ်းချမ်းရေးပန်းခြံကြီးကနေမှတဆင့် ဖူကူယာမမြို့က Fukuyama Castle ရဲတိုက်ကြီးထံသို့ ဆက်သွားကြပါမယ်။ ၄င်းနေရာဟာလည်းချယ်ရီပန်းပွင့်တွေကိုကြည့်ရှုဖို့အတွက် နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ချယ်ရီပန်းတွေဝေနေအောင်ပွင့်နေတဲ့ချယ်ရီပင်တန်းအရှည်ကြီးတွေနဲ့ အဖြူရောင် ဖူကူရာမရဲတိုက်ကြီးရယ် တွဲမြင်ရတဲ့မြင်ကွင်းရယ်၊ရဲတိုက်ထဲကနေပြီူး ချယ်ရီပင်တန်းတွေကို မြင်ရတဲ့ မြင်ကွင်းမျိုးတွေဟာ ဘ၀မှာတသက်မမေ့နိုင်လောက်အောင်လှပပါတယ်။၎င်းနေရာပတ်ဝန်းကျင်တ၀ိုက်မှာနေတဲ့လူတွေကတော့အလွန်ကံကောင်းတယ်လို့ဆိုရပါမယ်။အနည်းဆုံးသူတို့ တစ်နှစ်တစ်ကြိမ်တော့ဒီရှုခင်းတွေကို အပြည့်အ၀ကြည့်ရှုခံစားရမှာပါ။

 

 

Senkoji Park

 

ချယ်ရီပင်တွေ၊ချယ်ရီပန်းတွေရဲ့အလှအပကိုကြည့်ရှုဖို့နောက်ထပ်နေရာတစ်ခုကိုညွှန်းပါဦးဆိုရင်တော့ အိုနိုမိုချီမြို့မှာရှိတဲ့ဆန်ကိုဂျီပန်းခြံကိုညွှန်းပါတယ်။ ၄င်းပန်းခြံဟြာဆိုရင်လည်းနွေဦးရာသီရဲ့အလှဘုရင်ဖြစ်တဲ့ ချယ်ရီပင်တွေများစွာရှင်သန်တည်ရှိရာ နေရာလေးတစ်ခုဖြစ်ပါတယ်။ ဆန်ကိုဂျီပန်းခြံဟာ မြေမျက်နှာပြင်အနေအထားအရ ကန်ုးမြင့်လေးပေါ်မှာ တည်ရှိပြီး ညဖက်တွင်လည်းချယ်ရီပင်များကို မီးတွေနဲ့အလှဆင်ထားပါတယ်။ပန်းခြံထဲကနေပင်လယ်ထဲမှာဖြတ်သန်းမောင်းနှင်နေတဲ့ဟိုးအဝေးကသင်္ဘောတွေကိုလည်းလွမ်းမောဖွယ်မြင်တွေ့နိုင်ပါတယ်။ဟီရိုရှီးမားကို နွေဦးရာသီမှာသင်ရောက်ရှိတယ်ဆိုရင်ချယ်ရီပန်းကြည့်ရှုခြင်း(hanami)ကိုမဖြစ်မနေပြုလုပ်ဖို့ တိုက်တွန်းပါတယ်။ ဒေသခံတွေနဲ့အတူ သွားရောက်ကြည့်ရှုပါ။ ယခု ဟီရိုရှီးမားခရီးစဉ်လေးဟာ ဘ၀မှာတစ်ခေါက်မြင်ဖူးထိတွေ့ဖူးသင့်တဲ့ သဘာဝအလှတရားကို ခံစားနိုင်ဖို့ ရည်ညွှန်းပါတယ်။

 

 

 



Share this article

TOP 5 ARTICLES


Fitness   |   Posted on Dec 14, 2017

Victoria’s Secret မော်ဒယ...


Trend Reports   |   Posted on Dec 14, 2017

Body Piercing လုပ်မယ်ဆိုရ...


Fashion News   |   Posted on Dec 14, 2017

Nang Phoo Phoo Mon ရဲ့ချစ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.