Parties & Events   |   Posted on Jun 29, 2018 by Soe Soe Aung

ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန် နှင့် One ချန်ပီယံခါးပတ်ကိုစိန်ခေါ်သူ Ken Hasegawa တို့အကြိတ်အနယ်ယှဉ်ပြိုင်ကျမယ့် ည


ကုလားကားလိုကြာကြာကြည့်ရအောင်ထိုးပေးမယ်လို့ အောင်လအန်ဆန် က ဖြေကြား

Share this article

အာရှသမိုင်းတွင် အကြီးမားဆုံး ကမ္ဘာ့အားကစားပြိုင်ပွဲများကို ဦးစီးကျင်းပလျက်ရှိသော ONE Championship သည် တယ်လီနောမြန်မာနှင့်အတူ ပူးပေါင်း၍ ယနေ့ ဇွန်လ၊ ၂၉ရက်နေ့တွင် သုဝဏ္ဏမိုးလုံလေလုံကစားကွင်းတွင် ONE:SPIRIT OF A WARRIOR ပွဲကြီးကိုကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါပွဲတွင် ကမ္ဘာ့ချန်ပီယံ မြန်မာ့စပါးအုံး အောင်လအန်ဆန်၊ One ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်သူ Ken Hasegawa နှင့်အတူ One Championship ကစားသမားများဖြစ်သော Leandro Issa, Roman Alvarez, Elliot Compton နှင့် Matthew Swmper တို့လည်း ပါဝင်ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး၊ One Championship အနေနဲ့ မြန်မာနိုင်ငံက ပရိသတ်တွေဆီကို ကောင်းမွန်ထူးခြားတဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပညာရပ်အတွေ့အကြုံများကို မျှဝေပေးသွားမှာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က “ ကျွန်တော့်နိုင်ငံ၊ ကျွန်တော့်လူမျိုးတွေအရှေ့မှာထိုးသတ်ရတဲ့အခါတိုင်း ကျွန်တော်စိတ်လှုပ်ရှားရပါတယ်။

ဝမ်းမစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ တစ်ယောက်အနေနဲ့ စိန်ခေါ်လာသူအားလုံးကို ကြိုဆိုပါတယ်။ မြန်မာက ကမ္ဘာမှာထိပ်ဆုံးဖြစ်နေအောင် ကျွန်တော်ကြိုးစားနေမှာပါ။ အခုတစ်ခါမှာလည်း ကျွန်တော်အစွမ်းကုန်ကြိုးစားပြီး သူငယ်ချင်းတွေ မိသားစုဝင်တွေရှေ့မှာ နောက်တစ်ကြိမ်အောင်ပွဲခံဦးမှာပါ။ ကျွန်တော့်ကုန် ထိုးသတ်ဖို့ စိန်ခေါ်လာတဲ့ Ken Hasegawa ကလည်း ခေသူတစ်ယောက်မဟုတ်ဘူး၊ သူ့ကိုလည်းလျော့တွက်လို့မရပါဘူး၊ သူကလည်း ကိုယ်ခံပညာမှာအရမ်းကောင်းတယ်သူတစ်ယောက်ပါ။ ကျွန်တော်ကလည်း အကောင်းဆုံးကစားသမားဆိုတဲ့ သူတွေနဲ့ပဲယှဉ်ပြိုင်ထိုးသတ်ချင်တာကြောင့် Ken လိုကစားသမားကောင်းနဲ့တွေ့ရတာ ၀မ်းသာပါတယ်၊ ကျွန်တော်အကောင်းဆုံးထိုးသတ်သွားမှာပါ။ ဒီတစ်ခါတော့ ကုလားကားလိုကြာကြာလေးကြည့်ချင်တဲ့ ပရိသတ်အတွက် ကျွန်တော်ကြာကြာလေးထိုးပေးပါ့မယ်” လို့ပြောခဲ့ပါတယ်။

“ Ken Hasegawa ကတော့ ကျွန်တော် ချန်ပီယံခါးပတ်ကိုစိန်ခေါ်ခဲ့တာ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုရှိတာကြောင့်ပါ။ အောင်လအန်ဆန်နဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံ အတွက် ယှဉ်ပြိုင်ရမှာက လွယ်ကူမှာတော့မဟုတ်ပါဘူး၊ သူဟာ အာဂပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့အပြင် ကျွန်တော့်ထက်တောင် ပိုတော်တဲ့ ချန်ပီယံပါ။ ယှဉ်ပြိုင်ဖို့အတွက် ကျွန်တော် ၅ ပတ်လောက်အချိန်ယူ လေ့ကျင့်ပြင်ဆင်ထားပါတယ်။ ကြိုးဝိုင်းထဲမရောက်သေးလို့ ဘယ်လိုတွေလာမလဲမသိရသေးပေမယ့် အခုထိတော့ အောင်လအန်ဆန်ကို ကျွန်တော်နိုင်မယ်လို့ ၁၀၀% ယုံကြည်ပြီး ချန်ပီယံအသစ်တစ်ယောက်အနေနဲ့ အောင်ပွဲခံသွားမှာပါ” ဟုဖြေကြားပေးခဲ့ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ ထိုးသတ်ကြမယ့် One:Spirit of a Warrior ပွဲကို အကြောင်းအမျိုးမျိုးကြောင့် သွားရောက်ကြည့်ရှု့ခွင့်မရခဲ့ရင်တောင် မိမိရဲ့ဖုန်းကနေ တယ်လီနော ရဲ့ One Super App ကိုဒေါင်းပြီး တိုက်ရိုက် Live ကြည့်ရှုနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

EDITOR:SOE SOE AUNG



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.