Skin   |   Posted on Apr 12, 2019 by Ja Seng Pan

သင်္ကြန်မှာ အပြတ်ကဲမယ့် ပျိုမေတွေအတွက် အသားအရေ ထိန်းသိမ်းနည်း


နေပူပူမှာ လည်ပတ်မယ်ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုမယ်နော်။

Share this article

မြန်မာတို့ရဲ့ သင်္ကြန်ပွဲတော်ကြီး ရောက်လို့လာပါတော့မယ်။ သင်္ကြန် Plan တွေလည်း သူ့ထက် ငါအပြိုင် ဆွဲနေမှာပဲ။ ဒါပေမယ့် သင်္ကြန်မှာ အပြတ်လည်လို့ ပြီးတိုင်း အသားအရေဒုက္ခ ရောက်တာ လူတိုင်းကြုံဖူးကြမှာပါ။ Ediotr ဆိုလည်း မျက်နှာက အရေခွံတွေ ကွာကျတဲ့အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်လွန်းလို့ စိတ်ဓာတ်ပါကျရပါတယ်။ အဲ့ဒီအချိန်တွေဆို အိမ်တွင်းပုန်းပြီး သနပ်ခါးတွေ တစ်ကိုယ်လုံးလိမ်းရတာ အမော။ တစ်နှစ်တစ်ခါ ကျင်းပတဲ့ ပွဲတော်မို့ ကဲချင်တာ မှန်ပေမယ့် အသားအရေပျက်စီးတာက တစ်ပတ်နှစ်ပတ်မကလို့ ကဲရတာ သိပ်မနှိပ်လှဘူး။ အသားအရေ ပျက်စီးတာက မိန်းကလေးတွေအတွက် Nightmare တစ်ခုလိုဖြစ်တဲ့အတွက် စိတ်ချလက်ချ ပျော်နိုင်အောင် Skincare Tips အချို့ကို ဝေမျှလိုက်ရပါတယ်။

Sunscreen


နေပူပူမှာ သောင်းကျန်းမှာ မို့လို Sunscreen ကို လိမ်းပေးဖို့ မမေ့နဲ့နော်။ Skin Cancer နဲ့ နေလောင်ဒဏ် ကို ကာကွယ်ဖို့ အတွက် Sunscreen ကို မဖြစ်မနေလိမ်းသင့်ပါတယ်။ Waterproof အမျိုးအစားရွေးချယ်ဖို့ လိုပါတယ်။

 

Lip Balm

နှုတ်ခမ်းလေတွေကိုလည်း ဂရုစိုက်ဖို့လိုတယ်နော်။ နေရောင်ခြည် တိုက်ရိုက်ထိတဲ့ နှုတ်ခမ်းသားတွေကို Lip Balm လေးနဲ့ ကာကွယ်ပေးဖို့ လိုပါတယ်။

 

Reapply

Sunscreen တွေလိမ်းပေမယ့် နေလောင်ဒဏ် ဖြစ်နေရခြင်း အကြောင်းရင်းက ထပ်ခါ ထပ်ခါ မလူးလို့ပါ။ နှစ်နာရီကြား တစ်ခါလိမ်းပေဖို့ လိုပါတယ်။ ဒီလိုအချိန်မှာ Waterproof Sunscreen ကို ရွေးချယ်ဖို့နဲ့၊ ရောက်တဲ့နေရာမှာ လိမ်းနိုင်ဖို့အတွက် ဘူးသေးသေးလေးဆောင်ပြီး အိတ်ထဲမှာ ထည့်ထားဖို့ပါ။

 

Summer Accessories


UV တွေကို ကာကွယ်ဖို့ Accessoires တွေဆီကနေ အကူအညီယူလို့ရတယ်နော်။ မဏပေါ်မှာပဲဖြစ်ဖြစ်၊ ကားနဲ့လည်တဲ့ အချိန်မှာပဲဖြစ်ဖြစ် ဦးထုပ်တွေ၊ မျက်မှန်တွေ၊ ပ၀ါတွေက နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးမယ့်အပြင် Fashion လဲကျနေစေမှာပါ။

 

Outfits


ခန္ဓာကိုယ် အပူအအေး မျှတပြီး လေ၀င်လေထွက် ကောင်းစေဘို့ ကျပ်ထုတ်နေတဲ့ အ၀တ်အစားတွေထက် ပွယောင်းယောင်း အ၀တ်အစားတွေကို ၀တ်သင့်ပါတယ်၊၊

 

Water

မလည်ခင်၊ လည်နေတဲ့အချိန်ကော၊ အိမ်ပြန်ရောက်တဲ့အချိန်တွေမှာ ရေကို မမေ့မလျော့သောက်ပေးဖို့ လိုပါတယ်။ အရက်၊ ဘီယာတွေက ရေဓာတ်လျော့နည်းစေတာမို့ ရေကို မဖြစ်မနေသောက်ပေးပါ။

 

ဒီအချက်တွေအပြင် နေလောင်ဒဏ်ဖြစ်နေမယ့် အသားအရေကို ပြန်လည် ထိန်းသိမ်းဖို့ အတွက်လည်း သိထားသင့်တယ်နော်။

 

Bath Fast

အိမ်ပြန်ရောက်တဲ့အချိန်မှာ အပြင်က ဖုန်မှုန့်၊ အညစ်အကြေးတွေကို သန့်စင်ဖို့ ရေချိုးတဲ့နေရာမှာ အညစ်အကြေးတွေ ပျောက်ပါစေတော့ဆိုပြီး အကြာကြီး ရေမချိုးဖို့ပါ။ ခြောက်သွေ့ ပျက်စီးနေပြီဖြစ်တဲ့အတွက် ရေဓာတ်လိုတာထက် မကုန်ခန်းစေဖို့ပါ။ Scrub တွေ ဘာတွေ မပြုလုပ်ဖို့ကိုလည်း သတိထားရမှာပါ။

 

Moisturizer


ရေဓာတ်ဖြည့်ပေးဖို့အတွက် Moisturizer က A must ပါ။ မျက်နှာက မိတ်ကပ်တွေ အညစ်အကြေးတွေ သန့်စင်ပြီးရင်တော့ Moisturizer ကို မျက်နှာ အနှံ့လိမ်းပေးပါ။

 

Aloe Vera

ငွေကုန်ကြေးကျမများပဲ အထိရောက်ဆုံး နေလောင်ဒဏ် ကာကွယ်နည်းကတော့ ရှားစောင်းလတ်ပတ်တွေပါ။ သဘာဝဖြစ်တဲ့အပြင် အလုပ်ရှုပ်သက်သာတဲ့အတွက် Editor ကတော့ သဘောအကျဆုံးပါ။ ရှားစောင်းလက်ပတ်အသားကို လက်တွေ ခြေ ထောက်တွေအကုန် လိမ်းပြီး မိနစ်အနည်းငယ်ထားပါ။

Editor: Pan JN



Share this article

TOP 5 ARTICLES


People   |   Posted on Apr 12, 2019

ပင်လယ်ပျော် Thin Zar Wint...


Beauty Box   |   Posted on Apr 10, 2019

L’Oreal Paris ရဲ့ အထူး S...


Celebrity Beauty   |   Posted on Apr 9, 2019

"KILL THIS LOVE" MUSIC VI...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.