Food & Travel   |   Posted on Apr 10, 2019 by Hnin Ei Ei Hlaing

သင်္ကြန်မှာ စားလို့ အကောင်းဆုံး သင်္ကြန်စာများ


သင်္ကြန်ရောက်ဖို့ သိပ်မလိုတော့ဘူးနော်

Share this article

ကဲ ကဲ သင်္ကြန်ရောက်ဖို့ ဘယ်နှရက်မှ မလိုတော့ဘူးနော်။

သင်္ကြန်မှာ အပီအပြင်ကဲဆို Ready ဖြစ်နေပြီလား။

Fashion Makeup Hairstyle တွေကအစ အဆင်သင့်ဖြစ်နေမယ်လို့ထင်ပါတယ်။

သင်္ကြန်မှာကဲဖို့ပဲ စဉ်းစားမနေပါနဲ့ ။

သင်္ကြန်က တစ်နှစ်မှ တစ်ခါပဲကျရောက်တာဖြစ်တဲ့အတွက် သင်္ကြန်စာတွေကို မစားပဲလက်လွှတ်မခံသင့်ပါဘူး။

သင်္ကြန်စာတွေက သင်္ကြန်ကျတုန်းပဲစားလို့ ရတာပဲမလို့  လက်လွှတ်မခံပဲစားသင့်ပါတယ်။

သင်္ကြန်မှာဆို သင်္ကြန်စာတွေကို ကိုယ်တိုင်လုပ်စားစရာတောင် မလိုပါဘူး။

အိမ်နီးနားချင်းတွေ မုန့် လုပ်စားကြရင်း ဝေစား၊ မျှစားတွေလည်းရှိကြပါတယ်။

သင်္ကြန်မှာ စားလို့ အကောင်းဆုံး သင်္ကြန်စာတွေကို အားလုံးလည်းသိလောက်ပါတယ်။

ကဲအကုန်ပြန်သိအောင် Sharing လုပ်ပေးပါမယ်။

 

မုန့်လုံးရေပေါ်

အားလုံးသိတဲ့ မြန်မာရိုးရာ သင်္ကြန်မုန့် တစ်ခုပါ။

ဆန့် မှုန့် နဲ့ ကောက်ညှင်းဆန်အမှုန့်ကို ရေနဲ့ သမအောင် နယ်ပြီး ထန်းလျှက်ခဲကို အလယ်ထဲထည့်ပြီး

လုံးကာ ပွတ်ပွတ်ဆူနေသော ရေနွေးအိုးထဲမှာ ၃မိနစ်၊ ၄မိနစ်အကြာထားပြီးရင်

ဆယ်ယူပြီးတော့ အုန်းသီးဖတ်လေးတွေဖြူးပြီး စားသုံးနိုင်ပါတယ်။

 

ရွှေရင်အေး

ရွှေရင်ကိုအေးစေမယ့်ရွှေရင်အေးကတော့ နွေစာရော၊ သင်္ကြန်စာရောလို့ပြောလို့ ရပါတယ်။ ပေါင်မုန့်၊ ကောက်ညှင်း၊ အခြားအစာပလာတွေနဲ့ စားကောင်းတဲ့ အစားအစာတစ်ခုပါ။

ရွှေရင်အေးမှာ Editor အကြိုက်ဆုံး တစ်ခုကတော့ ကျောက်ကျောပါတာပါပဲ။ ပြောရင်းနဲ့ တောင်စားချင်လာပါပြီ။

 

မုန်လက်ဆောင်း

မုန့်လက်ဆောင်းနဲ့ ရွှေရင်အေးက ဆင်တူတယ်လို့ထင်ရပေမယ့် တကယ်တော့ကွဲပြားပါတယ်။

မုန့် လက်ဆောင်းကကျတော့ မုန့် လက်ဆောင်းဖက်ရယ်၊ ထန်းလျှက်ရည်ရယ်၊ အုန်းသီးဖက်လေးတွေနဲ့ စားရတာအရမ်းကို အရသာရှိပါတယ်။

 

သင်္ကြန်ထမင်း

မွန်ရိုးရာ အစားအစာတစ်ခုလို့ပြောလို့ ရပါတယ်။

ထမင်းကို ငါးခြောက်ထောင်းရယ်၊ အချဉ်သုတ်တစ်ခုခုရယ် တွဲစားလိုက်တဲ့ အခါ လိုက်ဖက်တဲ့ အရသာတစ်ခုကိုရရှိပါတယ်။

အဲ့လိုတွဲဖက်စားသောက်မှုအပြင် တချို့ ကို ထမင်းကို ရေဆမ်းပြီးစားကြတာကိုတွေ့ ရပါတယ်။

သင်္ကြန်မှာ လူတိုင်းတော်တော်များများက ဒီသင်္ကြန်မုန့်တွေကိုပဲ လုပ်စားကြတာများပါတယ်။

သာကူ၊ တခြားမုန့်တွေကိုတော့ သင်္ကြန်မှာ သိပ်မလုပ်စားကြတာကိုတွေ့ရပါတယ်။

လုပ်စားတဲ့သူတွေရှိပေမယ့် အပေါ်ကပြောပြခဲ့တဲ့ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့် လက်ဆောင်း၊ သင်္ကြန်ထမင်းအစရှိတာတွေကတော့ သင်္ကြန်မှာ အစားများတာကိုတွေ့ ရပါတယ်။

Editor: Hnin ei ei Hlaing



Share this article

TOP 5 ARTICLES


People   |   Posted on Apr 12, 2019

ပင်လယ်ပျော် Thin Zar Wint...


Beauty Box   |   Posted on Apr 10, 2019

L’Oreal Paris ရဲ့ အထူး S...


Celebrity Beauty   |   Posted on Apr 9, 2019

"KILL THIS LOVE" MUSIC VI...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.