hair   |   Posted on Nov 26, 2016 by kiki

ကျစ်စာမြီးကျစ်နည်းမျိုးစုံနဲ့ လှနေတဲ့ဆယ်လီတွေ


ငါးရိုးကျစ်၊ မြွေသဏ္ဍာန်ကျစ်၊ နှစ်ဖက်ကျစ်၊ ထိပ်တင်ကျစ် … စုံလို့ပါပဲ…..

Share this article

သင်ကကျစ်စာမြီးခရေဇီတစ်ယောက် သို့မဟုတ် ဆောင်းတွင်းကို ကျစ်စာမြီးလှလှနဲ့ဆွယ်တာအထာကျကျဝတ်ပြီး စတိုင်လ်ထုတ်ဖို့စိတ်ကူးထားတယ်ဆိုရင် Lily Aldirdge မှ Zendaya အထိ ၂၀၁၆ မှာ သူတို့ဘယ်လိုကျစ်စာမြီးတွေကို ထွင်ကျစ်ခဲ့သလဲဆိုတာ နမူနာကြည့်လိုက်ပါ။

Constance Jablonski

Hair Stylist Owen က မော်ဒယ် Constance အတွက် ဒီပွေရှုပ်ကျစ်စာမြီးကို ကျစ်ပေးခဲ့ပါတယ်။

Margot Robbie

Hair Stylist Sara Potempa က ဒီတစ်ဝက်ချ ငါးရိုးကျစ်လေးကို Suicide Squad မင်းသမီးလေးအတွက် ဖန်တီးပေးခဲ့ပါတယ်။

Lily Donaldson

Cafe Society ရဲ့ Cannes ဖွင့်ပွဲကို ပြေလျော့ကျစ်စာမြီးနဲ့တက်ရောက်ခဲ့သူက မင်းသမီး Lily ပါ။

Lily Aldridge

နောက်ထပ် မနာလိုစရာကျစ်စာမြီးအလှဖြစ်ပါတယ်။

FKA Twigs

ကျစ်စာမြီးနဲ့ပက်သက်ရင် တစ်ဖက်ကမ်းကျွမ်းကျင်စွာ အလှဆင်နိုင်သူက FKA Twigs ဖြစ်ပါတယ်။ သူမရဲ့မြွေသဏ္ဍာန်ကျစ်စာမြီးက စိတ်လှုပ်ရှားစရာပါ။

Olivia Munn

သူမရဲ့ပါးရိုးနဲ့ ဒီကျစ်စာမြီးအသွင်က သိပ်လိုက်ဖက်လွန်းနေခဲ့ပါတယ်။

Bella Thorne

နှစ်ဖက်ခွဲကျစ်စာမြီးကို အထာကျကျကျစ်လာတဲ့သူတစ်ယောက်ပါ။

Chloe Sevigny

Chloe လည်းကျစ်စာမြီးကျစ်ရတာကြိုက်ပါတယ်။ သူမရဲ့ halo ကျစ်စာမြီးအတွက် Frida Kahlo ကိုနမူနာယူထားပါသတဲ့။

Chrissy Teigen

Chrissy ရဲ့အပေါ်ခေါက်တင်ကျစ်စာမြီးက သူမရဲ့မျက်နှာအလှကို ပိုပေါ်လွင်စေပါတယ်။

Olivia Wilde

ပြီးခဲ့တဲ့အော်စကာပွဲမှာ ကျစ်စာမြီးနဲ့ပွဲတက်ခဲ့တဲ့မင်းသမီးဖြစ်ပါတယ်။

Riley Keough

American Honey Cannes ဖွင့်ပွဲမှာ ဒီကျစ်စာမြီးအကြီးစားနဲ့လှနေခဲ့တဲ့မင်းသမီးပါ။

Zendaya

Zendaya နဲ့အတူ Tika Sumpter, Aja Naomi King ဆယ်ကျော်သက်စတားများက အမိုက်စားကျစ်စာမြီးများနဲ့ ခုလိုအသီးသီးရှိုးထုတ်ပြခဲ့ပါတယ်။

Gigi Hadid

ဒီနှစ်မှာကျင်းပခဲ့တဲ့ iHeartRadio ရဲ့ MuchMusic ဆုပေးပွဲမှာ Gigi ရဲ့လျော့လျဲကျစ်စာမြီးက သူမကိုငယ်ရွယ်တဲ့အသွင်ပေါက်သွားစေပါတယ်။

သူမနောက်ထပ်ကျစ်စာမြီးကစားပွဲကို ဒီပွဲမှာဆက်ကစားခဲ့ပါတယ်။

ref; elleuk.com

 



Share this article

TOP 5 ARTICLES


makeup   |   Posted on Feb 20, 2017

Fifty Shades Darkerထဲက An...


makeup   |   Posted on Feb 19, 2017

New York Fashion Week ရဲ့...


makeup   |   Posted on Feb 18, 2017

Beauty and the Beast ဇာတ်...


trend report   |   Posted on Feb 17, 2017

နယူးယောက်ခ် Hip Hop ယဉ်ကေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.