Trends   |   Posted on May 13, 2019 by Yin Moe Shinn

ဖက်ရှင်ကျဖို့ ရာမေ့ထားလို့ မရတဲ့ Accessories တွေထဲကနားကပ်နဲ့ ဆွဲကြိုးလေးတွေအကြောင်း


ကဲဒီ Trendsလေး အမှီနားပေါက်တွေထပ်တိုးဖောက်ကြရအောင်...

Share this article

ဒီတခါတော့မိန်းကလေးအများစုစိတ်ဝင်စားတတ်တဲ့ Accessories တွေထဲကနားကပ်နဲ့ ဆွဲကြိုးလေးတွေကိုဒီနှစ်ထဲဘယ်လိုလေးဝတ်သင့်တယ် ဘာလေးတွေခေတ်စားနေတယ်ဆိုတာပြောပြချင်ပါတယ် ။နားပေါက်တစ်ပေါက်ထဲကိုနားကပ်ဝတ်တဲ့ခေတ်ကုန်သွားပြီလားထင်ရလောက်အောင် အခုဆိုနားပေါက်တွေအများကြီးမှာနားကပ်တွေအများကြီးဝတ်နေကြတာကိုတွေ့ ရပါတယ် ။Layered Ear Piercings ဆိုတဲ့ အတိုင်းအတစ်ဆင့်ဆီနားပေါက်တစ်ပေါက်ဆီမှာ နားဆွဲ ၊ နားကွင်း နောက်ပြီးချစ်စရာကောင်းတဲ့နားကပ်သေးသေးလေးတွေကို မတူတာတွေတွဲဝတ်ပြီးနားကွင်းအများကြီးကိုလည်းတွဲဝတ်တာတွေ့ ရပါတယ်။တကယ်ဂေါ်တဲ့ဖက်ရှင်လေးပါ ။သူနဲ့ အတူလည်ဆွဲကိုလည်း ရှုတ်ယှက်ခက်နေအောင် အလွှာတွေအများကြီး ထပ်ပြီးဝတ်တဲ့Trends လေးကိုပြီးခဲ့တဲ့ Spring / Summer Show တွေမှာတွေ့ ခဲ့ ရပါတယ်။လည်တိုင်အပြည့်ကြိုးတွေ ချစ်စရာလည်ဆွဲမျှင်မျှင်လေးတွေကိုအများကြီးဝတ်ဆင်ကြသလို ခပ်ကြီးကြီးကြိုးတွေ လည်ဆွဲတွေနဲ့ Messy Layered Necklaces လိုမျိုး ရှုပ်ယှက်ခက်အောင်ဝတ်ဆင်ကြတာလည်းတွေ့ ရပါတယ်။ဒါကိုအပေါ်မှာပြောခဲ့တဲ့အတိုင်းနားဆွဲတွေ နားကွင်းတွေအများကြီးနဲ့ တွဲဝတ်လိုက်မယ်ဆိုရင်အရမ်းဂေါ်တဲ့ဖက်ရှင်နဲ့ သင်ကလူအများကြားအထာကျနေမှာအမှန်ပါ ။ဒီတော့နားပေါက်အများကြီးမရှိသေးသူတွေလည်းအပေါ်နားပေါက်တွေထပ်ဖောက်ဖို့ လိုမယ်နော် နောက်ပြီး လည်တိုင်ပေါ်တဲ့ အင်္ကျီလေးတွေမှာဆွဲကြိုးလေးတွေကိုအပေါ်မှာပြောပြထားတဲ့ အတိုင်းဝတ်ပြီးဖက်ရှင်ကျကျဂေါ်ကြရအောင်နော် ။

Editor : Bo



Share this article

TOP 5 ARTICLES


Hair   |   Posted on May 21, 2019

ပုဝါတစ်ထည်နဲ့ HAIR LOOK အ...


Trends   |   Posted on May 21, 2019

2019 ရဲ့ Runway ပေါ်က Seou...


Fashion News   |   Posted on May 20, 2019

Fenty Beauty ပြီးတော့ lux...


Fashion News   |   Posted on May 17, 2019

Calvin Klein ရဲ့ New Camp...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.