style note   |   Posted on Nov 22, 2016 by kiki

ဖက်ရှင်မိန်းကလေးတိုင်းလိုက်နာကြတဲ့ Party Dress Styling နည်းလမ်းများ


ပါတီချစ်သူများ အမိုက်စားဖြစ်စေဖို့ …

Share this article

နှစ်ကုန်ပါတီပွဲတစ်ခုအတွက် သင့်ရဲ့ဗီရိုကိုကြည့်ပြီး ငါဘာဝတ်သွားရမလဲ။ ပွဲကိုလာမယ့် သင့်သူငယ်ချင်းတွေရဲ့အလန်းစားဖက်ရှင်တွေအကြောင်းကို တွေးပြီး ငါတော့ ပွဲမှာ ဂွမ်းတော့မှာပဲလို့ သင်စဉ်းစားမိပြီး စိတ်ဓါတ်ကျသွားလိမ့်မယ်။ ဒီလိုအခိုက်အတန့်က မိန်းကလေးတိုင်းမှာရှိပါတယ်။ ခုပြောပြပေးမယ့် အချက်လေးတွေမှာ သင်သိပြီးသားအကြောင်းအရာတွေပါကောင်းပါနေလိမ့်မယ်။ ဒါပေမယ့် ခုအချက်လေးတွေကို စုစည်းပြီး သင့်ပါတီဖက်ရှင်ကိုပြင်ဆင်သွားတဲ့နေရာမှာ ထည့်အသုံးချသွားနိုင်ရင် ခုနှစ်ကုန်ပါတီမှာမှ မဟုတ်ပါဘူး။ ဘယ်ပါတီပွဲမှာမဆို သင်ထွန်းလင်းနေမှာပါ။

1. ထင်းလင်းနေမယ့် အပေါ်ဝတ်တစ်ထည်ကို ရွေးချယ်ပါ။

သင့်ရဲ့အတွင်းဖက်ရှင်ဝတ်တစ်ခုတည်းကိုသာ အမိုက်စားပြင်ဆင်ပြီး အပြင်အပေါ်ထပ်ဝတ်စုံကို ဂရုမစိုက်တာမျိုးမလုပ်ပါနဲ့။ သူတို့ကိုလည်း အတွင်းထဲကအတိုင်း အမိုက်စားဖြစ်နေပါစေ။

2. မမျှော်လင့်ထားတဲ့ အလွှာအထပ်ပြင်ဆင်မှုကို ဖန်တီးသွားပါ။

Olivia Palermo ရဲ့ ရင်ပြတ်ဂါဝန်အောက်မှာ ရှပ်အကျီအဖြူကို ခံဝတ်ထားတဲ့ စတိုင်က တစ်ကယ့်ကို မထင်ထားတဲ့ ပြင်ဆင်မှုတစ်ခုလို့ဆိုရပါမယ်။ သင့်အနေနဲ့ လူကြားထဲမှာထင်းလင်းချင်တယ်ဆိုရင် သင့်မှာရှိတဲ့ ဖက်ရှင်အမြင်ကို သာလွန်တဲ့နည်းလမ်းတစ်ခုနဲ့ ပြသနိုင်ရပါမယ်။ မထင်မှတ်ထားတဲ့ အလွှာအထပ်ပြင်ဆင်မှုနဲ့ သူတို့ကို အံ့အားသင့်စေလိုက်ပါ။

3. ထင်းပလိုက်၊ လင်းပလိုက်....

ပါတီပွဲအတွက်သင်ပြင်ဆင်သွားမယ့် ဖက်ရှင်က အစွမ်းကုန်၊ မီးကုန်ယမ်းကုန်ဖြစ်နေရမယ်။ ပြောချင်တာက သားမွှေးသွားမလား၊ ဆီးကွင့်ဂါဝန်သွားမလား၊ ကျောက်စီထားတဲ့စကပ်နဲ့သွားမလား။ ဘာကိုရွေးချယ်ရွေးချယ် အတောက်ပဆုံး၊ အထွန်းလင်းဆုံးဖြစ်နေပါစေလို့ပြောချင်တာပါ။ ဖက်ရှင်မိန်းကလေးများဟာ underdressed ဆိုတာထက် overdressed ၀တ်ကြမယ့် သူမျိုးတွေမလား။

4. ခေတ်ပေါ်နဲ့ အချိန်ကန့်သတ်ချက်မရှိခြင်းဆိုတဲ့ အရာနှစ်ခုကို ချိန်ညှိပါ။

အကောင်းဆုံးပါတီဝတ်စုံဆိုတာ အချိန်အကန့်အသတ်မရှိတဲ့ အပိုင်းအစကို ခေတ်ကာလတစ်ခုနဲ့ ချိန်ညှိပြသနိုင်တာကို ဆိုလိုပါတယ်။ ဇာ၊ ပိုးဖဲသားစတဲ့ အချိန်တိုင်းအဆင်ပြေမယ့် fabric ကို ခေတ်ပေါ်ဒီဇိုင်းနဲ့ပေါင်းစပ်ထားတဲ့ ၀တ်စုံလိုမျိုးပေါ့။

5. ရာသီစာကို ချီးမွမ်းပါ။

ဖန်စီပါတီပွဲမို့လို့ သင့်မှာရှိတဲ့နောက်ဆုံးပေါ်ရာသီစာကိုထုတ်မပြရဘူးလို့ မဆိုလိုဘူးနော်။ ဒါပေမယ့် ရှိသမျှ ရာသီစာအကုန်ပြဖို့ပြောချင်တာမဟုတ်ပါဘူး။ ဘာပြချင်မှန်းမသိ ဖြစ်သွားမှာဆိုးလို့ပါ။ ခုဆို ပလက်ဖောင်းကတ္တပါဘွတ်တွေက ဆီးကွင့်ဂါဝန်နဲ့သိပ်အတွဲညီနေပါတယ်။

6. မညီညာခြင်းတွေကို တွဲစပ်သွားပါ။

Mix and Match ဆိုတာ ဖက်ရှင်မိန်းကလေးများအနှစ်သက်ဆုံးကစားနည်းဖြစ်ပါတယ်။ Chiara Ferragni ရဲ့ bomber ဂျက်ကပ်ကို ပါတီဂါဝန်နဲ့တွဲလိုက်တဲ့နည်းလမ်းကို ဥပမာယူပါ။ နှစ်ခုစလုံးက ကွဲပြားနေပေမယ့် ပေါင်းစပ်လိုက်တဲ့အခါ သစ်လွင်ခြင်းနဲ့ အထာကျခြင်းတို့ကို ရရှိစေပါလိမ့်မယ်။

7. Accessories များကို အနည်းဆုံးဝတ်ဆင်သွားပါ။

တစ်ကယ်လို့သင့်မှာ အမိုက်စားပါတီဝတ်စုံရှိနေပြီဆိုရင် သင့်ရဲ့ဖက်ရှင်ပရိသတ်ကို အခြားအရာတွေပေါ် မျက်စိမရောက်စေပါနဲ့တော့။

ref; whowhatwear.com



Share this article

TOP 5 ARTICLES


makeup   |   Posted on Feb 20, 2017

Fifty Shades Darkerထဲက An...


makeup   |   Posted on Feb 19, 2017

New York Fashion Week ရဲ့...


makeup   |   Posted on Feb 18, 2017

Beauty and the Beast ဇာတ်...


trend report   |   Posted on Feb 17, 2017

နယူးယောက်ခ် Hip Hop ယဉ်ကေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.