Sex & Relationships   |   Posted on Oct 4, 2016 by Elijah htang

လိင်ဆက်ဆံမှု အကြိမ်အရေအတွက် နှင့်ကျန်းမာရေး


အိမ်ထောင်ရေးသုခတွေ ပြည့်ဝစေပြီး သက်တောင့်သက်သာ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု ကိစ္စဖြစ်စေဖို့ အတွက် . . .

Share this article

တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း လိင်ဆက်ဆံတဲ့ ကိစ္စတွေမှာလည်း အလွန်အကျွံ လိင်ဆက်ဆံဖြစ်တယ်ဆိုရင် ဘေးအန္တရာယ်လည်းဖြစ်စေတတ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုလိင်ဆက်ဆံသင့်တယ်ဆိုတာကလည်း ကိုယ့်အတွက်သာမက ကိုယ့်ကျန်းမာရေး၊ မိသားစုရေးရာ ကိစ္စအတွက် အထူးဆွေးနွေးသင့်တဲ့ ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။


(၁) အချိန်ဇယားချပြီး လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ သူတွေဟာ အထူးအောင်မြင်နေတဲ့ သူတွေဆိုပေမယ့် လိင်ကိစ္စဆိုတဲ့ စိတ်ခံစားမှု ကိစ္စတွေမှာတော့ အချိန်ဇယားချတဲ့ ကိစ္စဟာ သိပ်ပြီးတော့ အဆင်မပြေသလိုပါပဲ။ လိင်ဆက်ဆံမှု ဆန္ဒရှိနေတဲ့အချိန်အခါဆိုတာကလည်း အချိန်ဇယားချပြီး လိင်ဆက်ဆံစိတ်ကို ထိန်းချုပ်လို့မရသလို   ဘယ်အချိန်မှာ ဘယ်လိုလိင်ဆက်ဆံလိုစိတ်ဖြစ်လာမယ်ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့်မို့လို့ လိင်မှုကိစ္စခံစားမှုအားကောင်းပြီး လိင်ပိုင်းဆိုင်ရာမှာ ကျန်းမာစေချင်တယ်ဆိုရင်တော့ လိင်ဆက်ဆံမှုကို သင့်လျော်သော အကြမ်းဖြင်းအချိန်ဇယားကိုသာ သတ်မှတ်ပြီးကိုယ်ဆက်ဆံချင်တဲ့အချိန်မှာ လိင်ဆက်ဆံမှုပြုဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။

(၂)အချိန်ဇယားနဲ့ လိင်ဆက်ဆံမှုဟာ လိင်ဆက်ဆံသူ နှစ်ဦးစလုံးရဲ့  လိင်ဆက်ဆံနှုန်းကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ လိင်ဆက်ဆံမှုတွေတိုင်းမှာ တစ်ဦးတစ်ယောက်ကပဲ လိင်ဆက်ဆံမှုကို ဦးဆောင်ဆက်ဆံရပြီး ဦးဆောင်သူက ပိုမိုအင်အားကြီးမားနေသူတစ်ယောက်ပဲဖြစ်ရပါမယ်။ အချိန်ဇယားသတ်မှတ်ပြီး လိင်ဆက်ဆံတဲ့အခါမှာတော့ တစ်ဦးနဲ့တစ်ဦး ဆန္ဒကိုယ်စီကို ဦးဆောင်နိုင်တဲ့အပြင် တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းမှု၊ လေးစားတတ်လာတာ တစ်ဦးဆန္ဒကို တစ်ဦးလိုက်လျောတတ်လာတာစတဲ့ အားသာချက်တွေကတော့ အတိအလင်းမြင်သာစွာရရှိနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

(၃)အချိန်ဇယားဖြင့် လိင်ဆက်ဆံခြင်းဟာ လိင်ဆက်ဆံမှု အဆင်မပြေခြင်းနှင့် အခက်အခဲဖြစ်ခြင်းအချို့ကိုတော့ ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။ ။ တစ်ဦးတစ်ယောက်က လိင်ဆက်ဆံချင်စိတ်ပြင်းထန်နေတဲ့အချိန်မှာ အခြားတစ်ယောက်က လိင်ဆက်ဆံစိတ်မရှိဘူးဆိုရင်တော့ တစ်ဦးတစ်ယောက်ယောက်မှာ တော့ လိင်စိတ်ဆန္ဒ ပြည့်ဝမှာ မဟုတ်ဘူးလို့ထင်ပါတယ်။ ဒါကြောင့်လိင်ဆက်ဆံမှု အချိန်ဇယားကို တစ်ခါတစ်ရံမှာတော့ လျစ်လျူရှုသင့်ရင် ရှုသင့်တယ်လို့ ပြောချင်ပါတယ်။

(၄)လိင်ဆက်ဆံမှု အချိန်ဇယားဟာ  အတိအကျ သတ်မှတ်စရာမလိုဘဲ အခြေအနေ၊အချိန်အခါ၊ အကြောင်းအရာကိုလိုက်ပြီးတော့လည်း  ပြောင်းလဲသင့်ရင်ပြောင်းလဲရပါမယ်။ နှစ်ဦးနှစ်ဖက် တိုင်ပင်ပြီး နှစ်ယောက်သားအေးအေးဆေးဆေး နေထိုင်နိုင်မယ့် နေ့ရက်မျိုးကို ကြိုတင်အချိန်ဇယားသတ်မှတ်လည်း အဆင်ပြေစေနိုင်ပါတယ်။ တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ဖျက်သိမ်းလိုက်လို့ရတာပါပဲ။  အဓိက အားသာချက်ကတော့ နှစ်ဦးသဘောတူ ညှိနှိုင်းဆောင်ရွက်တတ်ခြင်းပါပဲ။

(၅)နောက်ဆုံးအချက်အနေနဲ့ အကြံပြုပြောကြားချင်တာကတော့  လိင်ဆက်ဆံဖို့အတွက် အချိန်ဇယားတွေ ရက်တွေ သတ်မှတ်ပေးထားတာဟာ       သင့်ရဲ့လိင်ဆက်ဆံဖော်ကိုလည်း ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်လို့ရနိုင်သလို  သူ့အတွက် ရင်ခုန်ဖွယ်ရာနေ့ရက်တွေကိုလည်း ဖန်တီးပေးနိုင်တယ်ဆိုတာကိုလည်း  အထူးသိထားဖို့လိုအပ်တယ်ဆိုတာကို မမေ့နဲ့နော်။           



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Apr 26, 2018

Melody World ရဲ့အမိုက်ဆုံ...


Film & Music   |   Posted on Apr 25, 2018

The Voice Battles ရဲ့ အကေ...


Film & Music   |   Posted on Apr 25, 2018

“Love You to the Stars an...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.