Opinions   |   Posted on Jun 27, 2019 by Yin Moe Shinn

လိင်တူစိတ်ဝင်စားကြတဲ့ LGBT တွေကိုလက်မခံနိုင်သေးတဲ့လူတွေကြောင့်ဆိုးရွားတဲ့စိတ်ဒဏ်ရာတစ်ချို့ နဲ့ သူတို့ ရဲ့ ရပ်တည်မှု


အမြင်ကျဉ်းတဲ့ပတ်ဝန်းကျင်မှာရှင်သန်နေကြတဲ့ LGBT တွေအတွက် LGBT Right ဆိုတာ...

Share this article

လူသားတိုင်းကတော့သဘာဝအတိုင်းရှင်သန်နေထိုင်ချင်ကြမှာပါ။ ဒါပေမယ့်တစ်ခါတစ်ရံသဘာဝကိုလွန်ဆန်ပြီးဖြစ်တည်နေထိုင်ချင်ကြတဲ့သူတွေအနေနဲ့  လည်းလွတ်လပ်စွာနေထိုင်ခွင့်ရှိပါတယ်။ လူထဲကလူဘဲမို့ သူတို့ စိတ်ကြိုက်လွတ်လပ်စွာရှင်သန်ခြင်းအပေါ်အသိအမှတ်မပြုပေးကြတဲ့အတွက်မဖြစ်သင့်တာတွေဖြစ်ခဲ့ကြပါတယ်။သဘာဝအတိုင်းမဟုတ်ဘဲလိင်စိတ်ပြောင်းလဲစိတ်ဝင်စားကြတဲ့ လူတွေကအခုမှပေါ်လာတာမျိုးမဟုတ်ပါဘူး။အရင်ကတည်းရှိခဲ့ပြီး အဲ့တာကိုလက်မခံတဲ့ကိစ္စတွေကလည်းအရင်ကတည်းကရှိခဲ့တာပါ ။ သဘာဝကိုလွန်ဆန်ပြီးစိတ်ဝင်စားကြတဲ့ gay တွေထဲကမှ မိန်းကလေးချင်း စိတ်ဝင်စားတဲ့  lesbian ၊ယောက်ကျားလေးချင်း စိတ်ဝင်စား တဲ့ gay ၊ ဖြစ်တည်လာတဲ့ဘဝရဲ့ ဆန့် ကျင်ဘက်လိင်ကိုရချင်လို့ ပြုမူ နေထိုင်ပြီး တိုးတက်လာတဲ့အလျောက်လိင်ပြောင်းလဲခွဲစိတ်လိုက်တဲ့  transgender စတဲ့သူတွေကကမ္ဘာမှာတနေ့ တခြားပိုများလို့ လာပါတယ်။ ဒီအပေါ်မှာလက်မခံနိင်ကြသူတွေများပါတယ်။ ဖြစ်ချင်လို့ ဖြစ်လာကြသူ တွေမဟုတ်ဘဲ သူတို့ ရဲ့ စိတ်ဟိုမုန်း ပြောင်းလဲလာမှုအပေါ်လိုက်ပြီးပြောင်းလဲနေထိုင်ကြသူတွေပါ။ တစ်ချို့ ကတော့ငယ်ငယ်ကတည်းကစိတ်ပြောင်းလဲမှုအတိုင်းနေထိုင်ကြပေမယ့် အဲ့လိုလူရှားပါတယ်။ ပိုဆိုးတာကတော့မြန်မာနိုင်ငံရဲ့ ရှေးရိုးစွဲအယူအဆ အယူသည်းမှုတွေပြည့်နေတဲ့ပတ်ဝန်းကျင်ကြောင့်ပွင့်ပွင့်လင်းလင်းမနေရဲဘဲဖုံးဖိနေကြသူတွေလည်းအများကြီးပါ။  ဒါကလည်းတကယ်ကိုအမြင်ကျဉ်းတဲ့ပတ်ဝန်းကျင်ကြောင့်ပါ။ တခြားနိုင်ငံတွေမှာလည်းထိုနည်းတူလက်မခံမှုတွေရှိကြပါတယ်။ လက်မခံတာထက်ဆိုးတဲ့ကိစ္စတွေပေါ်လာတဲ့အခါဆိုးရွားတာတွေဖြစ်လို့ လာပါတယ်။ သူတို့ ကိုယ်တိုင်ဘယ်လိုဖြစ်တည်မှုကိုနေထိုင်ချင်မှန်းမသိဘဲ ဆယ်ကျော်သက်အရွယ် ၊ဒါမှမဟုတ်အချိန်အခါတစ်ခုရောက်မှသူတို့ ကိုသူတို့ သိရှိနားလည်သွားကြတဲ့ gay တွေလည်း ရှိပါတယ်။ ငယ်စဉ်ကတည်းကပြောင်းလဲတာဘဲဖြစ်ဖြစ်ကြီးမှပြောင်းလဲတာဘဲဖြစ်ဖြစ်အဲ့အရာကအပြစ်မဟုတ် ပါဘူး။ ဒါကိုအပြစ်တစ်ခုလိုသတ်မှတ်ပြီးအပြစ်သားတွေလို ရှုံ့ ချ ဝေဖန် တိုက်ခိုက်စော်ကားမှုတွေကိုသူတို့ ဆက်တိုက်ခံလာရတဲ့အခါအဲ့ဒီအရာကစိတ်ဒဏ်ရာတွေဖြစ်စေပါတယ်။ Lesbian ၊ Gay ၊ Bisexual ၊ Transgender စတဲ့ LGBT people တွေကိုဒီလိုမဆတ်ဆံသင့်ကြောင်းလူထဲကလူတွေဘဲမို့ လွတ်လပ်စွာချစ်ကြိုက်နေထိုင်ခွင့်ရှိကြောင်း ထောက်ခံအားပေးသူတွေပေါ်လို့ လာပါတယ်။ ဒါပေမယ့်လည်းလူနည်းစုဖြစ်နေတဲ့အတွက် LGBT တွေကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှုတွေက ကျန်ရှိလို့ နေပါသေးတယ်။ အများအားဖြင့် ဆယ်ကျော်သက်အရွယ်မှာသူတို့ ပြောင်းလဲမှုကိုသတိထားမိကြတဲ့ gay တွေက ပြောင်းလဲနေထိုင်လာတဲ့သူတို့ အပြုအမူအပေါ်နစ်နာအောင်စနောက်လှောင်ပြောင်ချင်းတွေစတင်ခံရတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကအဆိုးဆုံးလို့ သိရပြီး အဲဒီစိတ်ဒဏ်ရာတွေကြောင့် ကိုယ့်ကိုယ်ကိုသတ်သေမှုတွေကလည်းဆယ်ကျော်သက်တွေမှာအဖြစ်များတယ်လို့ သိရပါတယ်။ တကယ်ရင်နင့်စရာအသက်ဆုံးရှုံးမှုတွေကိုဖြစ်စေတဲ့ဒီလိကိစ္စရပ်က ပိုဆိုးလို့ လာပါတယ်။ ဖြစ်ချင်တိုင်းဖြစ်မလာတဲ့အပေါ်သဘာဝကိုဆန့် ကျင်ပြီးနေထိုင်ကြတဲ့သူတို့ တွေရဲ့ ရပ်တည်မှုကတကယ်ကိုခက်ခဲပါတယ်။ စစ်တမ်းကောက်ယူမှုအရ လိင်စိတ်ပြောင်းလဲစိတ်ဝင်စားသူတွေ ပြောင်းလဲနေထိုင်သူတွေက ပတ်ဝန်းကျင်ရဲ့ နှောက်ယှက်မှု စိတ်ပိုင်းဆိုင်ရာစော်ကားမှု ၊ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှုတွေကိုသူတို့ အားလုံးတစ်နည်းမဟုတ်တစ်နည်းနဲ့ ခံခဲ့ ကြပါတယ်။၂၀၀၉ နောက်ပိုင်းကစတင်လို့ ပိုမိုဆိုးဝါးလာတဲ့အပေါ် အဲ့လိုစိတ်ခံစားချက်တွေကို မခံနိုင်ဘဲဘဝကိုလက်လျော့အရှုံးပေး သတ်သေသွားကြတဲ့ LGBT people တွေမှအများကြီးပါ။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးရဲ့ ပြောင်းလဲမှုကိုလက်မခံတဲ့အပေါ်ပတ်ဝန်းကျင်ရဲ့ နားလည်မှုမရှိခြင်းနဲ့ bullyလုပ်ခံရခြင်းတွေကြောင့်အကြောင်းအမျိုးမျိုးလက်လျော့အရှုံးပေးသတ်သေသွားသူတွေပိုတိုးလို့ လာပါတယ်။  ပုံမှန်မဟုတ်ဘဲသတ်သေခြင်းက

ဒုတိယအကြီးဆုံးသေဆုံးမှုအဖြစ်ရှိနေပြီးဆယ်ကျော်သက်တွေက ဒီအလုပ်ကိုပိုလုပ်ကြပါတယ်။ သူတို့ ကိုလက်မခံတဲ့အပေါ်ပတ်ဝန်းကျင်ရဲ့ ပစ်ပယ်ခံရမှူတွေကစိတ်ပိုင်းဆိုင်ရာကိုအကြီးအကျယ်ထိခိုက်စေပါတယ်။ နောက်ဆက်တွဲ လောကကြီးကနေထွက်ခွာသွားဖို့ အထိဆုံးဖြတ်သွားကြတာပါ။ ဘာအတွက်တစ်ဖက်သားအသက်ပေးရလောက်အောင်ပြောဆိုဆတ်ဆံချင်ကြလည်းဆိုတာနားမလည်နိုင်အောင်ပါဘဲ။ ကိုယ်ကပုံမှန်ရှင်သန်နေပေမယ့် သဘာဝကိုဆန့်ကျင်တဲ့သူတို့ တွေကလည်းလူထဲကလူတွေဘဲမို့ ဒီလိုခွဲခြားမဆတ်ဆံသင့်ကြောင်း မပစ်ပယ်သင့်ကြောင်းလက်ခံပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေရှိလာပါတယ်။နိုင်ငံအသီးသီးဒီလို LGBT People တွေကလည်းကိုယ့်ဖြစ်တည်မှုအတိုင်းရဲ့ ဝံ့ စွာရှင်သန်နေထိုင်ပြီးကြိုးစားသင့်ကြောင်း ထောက်ခံအားပေးမှုတွေနိုင်ငံတစ်ကာမှာပေါ်ပေါက်လို့ လာပါတယ်။ အဲဒီနောက်တော့အရင်ကလောက်မဆိုးတော့တဲ့အခြေအနေမှာသူတို့ တွေရဲ့ နေထိုင်မှုကပိုပြီးအဆင်ပြေလာတာတွေ့ ရပါတယ်။ ဒါပေမယ့်လိင်တူချင်းပေါင်းသင်းနေထိုင်မှု ကိုလက်ခံဖို့ အဆင့်ဆင့်ကြိုးစားခဲ့ကြပြီးလက်ခံမှုရရှိခဲ့တဲ့ နိုင်ငံကအခုဆိုသိသိသာသာများလို့ လာပါပြီ။ ဒါပေမယ့်ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကတော့အယူအဆပေါင်းများစွာရဲ့ အောက်မှာလိင်တူပေါင်းသင်းနေထိုင်ခွင့်ကိုလုံးဝခွင့်မပြုထားပါဘူး။ တကယ်ကိုခက်ခဲမယ့်အခြေအနေတစ်ခုကိုဆန့်ကျင်ပြီး ၂၀၁၄ လောက်ကလိင်တူနှစ်ဦးတရားမဝင်မင်္ဂလာဆောင်လိုက်ခြင်းအပေါ်မီဒီယာတွေရဲ့ စိတ်ဝင်စားမှုအထူးခံခဲ့ရပါတယ်။အဲ့လို ဆန့်ကျင်တဲ့အပေါ်တရားဥပဒေအရအရေးယူသင့်ကြောင်းအငြင်းပွားမှုလေးတွေလည်းဖြစ်ခဲ့ပါတယ်။ အရင်ကတည်းက gay ဆိုတာရှိပါတယ် အလှဖန်တီးရှင်တွေ ၊ နတ်ကတော်တွေ စတဲ့သူတွေဆိုတာအများလက်ခံခံရသလိုနည်းတူ စော်ကားပြီးစနောက်ပြောဆိုတာတွေ အရင်ဘဝကသူများသားမယားကိုစော်ကားလို့ ဒီဘဝမှာအခြောက်ဖြစ်နေရတာဆိုပြီး ငယ်ငယ်ကတည်းကကြားခဲ့တဲ့စကားတွေအောက်မှာလူရာမ ဝင်တဲ့သူတွေအနေနဲ့ ရာစုနှစ်တစ်ခုကြာအောင်နေထိုင်ခဲ့ရတဲ့သူတို့ အနေနဲ့ စိတ်ဒဏ်ရာတွေရှိနေတတ်တာမဆန်းပါဘူး။ အခြောက်တွေရဲ့ လိင်ဆတ်ဆံမှုကနေ HIV/AIDS လိုရောဂါတွေအဖြစ်များတယ်လို့ တသတ်မတ်တည်းထင်မြင်ယူဆချက်တွေကနေတစ်ဆင့် ကျဉ်းမြောင်းတဲ့အတွေးတွေနဲ့ဒီပတ်ဝန်းကျင်မှာရှင်သန်ခဲ့ကြရသူတွေပါ။ နောက်ပိုင်း  အရင်ထက်ပိုပြီးအမြင်ကျယ်လာတဲ့နောက်မှာတော့ အယူသီးမှုတွေနည်းလာပြီးနားလည်ပေးလာကြလာကြပါတယ်။သူတို့ အနေနဲ့ နောက်ပိုင်းနယ်ပယ်အသီးသီးမှာအောင်မြင်လာကြတဲ့အပေါ်အများကလက်ခံမှုကိုရရှိခဲ့ပေမယ့်လည်း လက်မခံဘဲဒီလူတွေကဒီလိုအပြောခံသင့်တယ်ဆိုတဲ့လူတွေ  ရှေးရိုးစွဲအတွေးတွေကြားအသတ်ပေးရလောက်တဲ့အထိဖြစ်ပျက်သွားခဲ့ရတာတွေကတော့ မိသားစုတွေအတွက်တကယ်ကိုကြေကွဲစရာပါ။ ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်းစနောက်ပြီးတော့ဘဲဖြစ်စေ သူတစ်ပါးထိခိုက်နစ်နာအောင်မပြောသင့်ဘဲ လူကိုလူလိုသာဆတ်ဆံပေးစေချင်ပါတယ်။ ဘယ်သူ့ ကိုမှမထိခိုက်မနစ်နာစေတဲ့သူတို့ အနေနဲ့ လွတ်လပ်စွာနေထိုင်ခွင့်ရှိပြီး အချစ်ကအချစ်ဘဲမို့ လွတ်လပ်စွာချစ်ခွင့်ရှိတဲ့အပေါ် အပြစ်တင်တာမျိုးတွေ ရပ်တန့် သင့်တယ်လို့ ထင်တာကြောင့်LGBT pride month လေးမှာဒီစာလေးနဲ့ အတူထင်မြင်ယူဆချက်ကလေးကိုဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။

Editor : Bo 

 

 

 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.