Trends   |   Posted on Jun 11, 2019 by Yin Moe Shinn

လက်ဒီဇိုင်းကို bold လုပ်ထားတဲ့ချစ်စရာ puffed shoulders fashion


Drama ဆန်ဆန်အင်္ကျီလက်ကလေးတွေနဲ့ မိန်းကလေးဆန်ဆန်လှစေဖို့ ...

Share this article

တစ်ခါတစ်လေဝတ်ဖို့ မဝံ့ မရဲ ဖြစ်တတ်တဲ့ဖက်ရှင်လေးတွေထဲကတစ်ခုဖြစ်တဲ့ Puffed shoulders (puffy sleeves) ဖက်ရှင်ကတော့ ၂၀၁၈ ကနေ ၂၀၁၉ ထိရပ်တန့် မသွားဘဲခေတ်စားနေတဲ့ဖက်ရှင်လေးပါ။

တကယ်ကိုမိန်းကလေးဆန်ပြီး ချစ်စရာကောင်းတဲ့အင်္ကျီပုံစံလေးဖြစ်ပေမယ့်လည်း တချို့ကတော့ ဝတ်ဆင်ဖို့မရဲကြပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ပုံစံကို အလေးပေးပြီင်္းချုပ်ထားတဲ့အတွက် လိုတာထက်ပိုပြီး သင့်ကိုပေါ်လွင်စေမယ့်အပြင် drama ဆန်တဲ့လက်ပုံစံလေးတွေက

အများအမြင်မှာဆန်းနေမှာအသေအချာပါ။ အင်္ကျီရဲ့ ပခုံးဒီဇိုင်းကို bold လုပ်ထားတဲ့ဒီဖက်ရှင်ကအခုမှပေါ်လာတဲ့ဖက်ရှင်မဟုတ်ပေမယ့်လည်းအင်္ကျီရဲ့ လက်ပုံစံကိုအထပ်ထပ်တွေနဲ့ ဖောင်းထားပြီးဆန်းသစ်တဲ့လက်ဒီဇိုင်းတွေကြောင့်အမြင်ဆန်းစေ

ပြီးအရမ်းပိန်တဲ့အနေအထားနဲ့ ပျိုမေတစ်ချို့ ကိုတော့သတိထားပြီးဝတ်ဖို့ ပြောချင်ပါတယ်။ သေးသွယ်တဲ့သင့်ကိုယ်လုံးလေးက ကြီးမားပြီးအထပ်ထပ်ပုံဖော်ထားတဲ့လက်ဒီဇိုင်းနဲ့ မလိုက်ဖက်ဘဲဖြစ်တတ်တာကြောင့်ပါ။

လည်ပင်းအပိတ်၊ လည်ပင်းအပြဲ၊ လည်ပင်းပုံစံလေးထောင့်စတာတွေနဲ့ ဆန်းသစ်တဲ့လက်ပုံစံတွေကိုတွဲဖက်ထားတဲ့မိန်းမဆန်ဆန်နဲ့ လက်ပုံစံကို ဦးစားပေးထုတ်ထားတဲ့ puffy sleeves ဖက်ရှင်မျိုးကို သင်သာအဆင်ပြေမယ်ဆို ပွဲတက်မှမဟုတ်ဘဲ နေ့ စဉ်ဖက်ရှင်အနေနဲ့လည်းဝတ်နိုင်ပါတယ်။ ကမ္ဘာကျော် celebrities တွေရဲ့ ပွဲတက်တွေအဖြစ်သာမက နေ့ စဉ် outfit အဖြစ်ပါတွေ့ မြင်ရတဲ့ puffed shoulders ဖက်ရှင်ကချန်မထားသင့်တဲ့ outfit တစ်ခုပါ။ တခါတလေ အထပ်ထပ်တွေနဲ့ အဆင့်ဆင့် ဆန်းသစ်ထားတဲ့လက်ဒီဇိုင်းကြောင့်သင့်ရဲ့ အပေါ်ထပ်အင်္ကျီကို အဖုအထစ်တွေဖြစ်စေတတ်ပါတယ်။ ဒါကြောင့်ဒီဖက်ရှင်လေးကို ရွေးချယ်မယ်ဆိုရင်တော့သင့်ရဲ့ jacket လိုအပေါ်ထပ်ကုတ်အင်္ကျီတွေကိုခဏမေ့ထားလိုက်ပါ။ ကလေးဘဝကကြည့်ခဲ့ရတဲ့ princess လေးတွေရဲ့ ခမ်းနားလှတဲ့ဂါဝန်မှာ တွေ့ရတတ်တဲ့ drama ဆန်တဲ့လက်ပုံစံတွေလိုဘဲ သင့်ကို မိန်းကလေးဆန်ဆန်လှပစေမယ့် puffy sleeves အင်္ကျီလေးတွေကိုနေ့ စဉ် outfit အဖြစ်ရဲရဲ ဝံ့ဝံ့ပုံဖော်ကြည့်ရအောင်နော်။

Editor : Bo



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.