Celebrity News   |   Posted on Oct 19, 2018 by May Shoon

လက်ထပ်လိုက်ပြီဖြစ်တဲ့ Karlie Kloss


အဖြူရောင် သတို့သမီးလေးရဲ့ အပြုံးတွေက အရမ်းတောက်ပနေပါတယ်...

Share this article

 

Victoria's Secret ရဲ့ ပင်တိုင်မော်ဒယ်လေး Karlie Kloss နဲ့သူမချစ်သူ Joshua Kushner တို့နှစ်ယောက်ဟာ ကြာသာပတေးနေ့ကပဲတရားဝင်လက်ထပ်လိုက်ကြပါပြီ။ Karlieက မနေ့ကပဲသူမ Instagram မှာသူတို့ရဲ့ မင်္ဂလာပွဲပုံလေးကိုတင်လိုက်ပါတယ်။ Dior ရဲ့  V-Neck Lace Dress လေးနဲ့သတို့သမီးလေး Karlie ရဲ့အပြုံးတွေက အရမ်းကို အသက်ဝင်တောက်ပလို့နေပါတယ်။ Karlie နဲ့  Jousha တို့ဟာ မနေ့က Upstate NewYork မှာရှိတဲ့ ပန်းခြံလေးတစ်ခုမှာ ခင်မင်ရင်းနှီးတဲ့ဧည့်သည်အယောက်ရှစ်ဆယ်လောက်နဲ့ပဲ မင်္ဂလာပွဲကိုရိုးရိုးရှင်းရှင်းလေးပဲကျင်းပခဲ့ပါတယ်။ ပွဲကိုတက်ရောက်ခဲ့တဲ့ မိတ်ဆွေတစ်ချို့ ကတော့ သူတို့ဇနီးမောင်နှံရဲ့  မင်္ဂလာပွဲလေးက ပကာသနမပါပဲအရမ်းကိုရိုးရှင်းပြီးကြည်နူးစရာကောင်းပါတယ် လို့ဆိုပါတယ်။  2012 မှာ ချစ်သူတွေစဖြစ်ခဲ့ကြတဲ့  Karlie နဲ့ Joshua တို့ဟာချစ်သူသက်တမ်း ခုနစ်နှစ်ကြာပြီးနောက် ပြီးခဲ့တဲ့ July မှာစေ့စပ်ခဲ့တာပါ။ အိမ်ထောင်ကျသွားပေမယ့်လည်း သူမရဲ့ Modelling အလုပ်တွေကိုဆက်လုပ်သွားမှာဖြစ်သလို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်ပါတယ် လို့ Karlie ကဆိုပါတယ်။ Karlie ရဲ့  Best Friend ဖြစ်တဲ့ Taylor Swift ကတော့ သူ့ရဲ့ Music Tour ဖျော်ဖြေဖို့ Australia ကိုရောက်နေတာမို့ မင်္ဂလာပွဲကိုမတက်ရောက်နိုင်ခဲ့ပါဘူး။

Editor: May Shoon

 



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Jan 24, 2019

BLACKPINK FAN တွေအတွက် HI...


Sex & Relationships   |   Posted on Jan 19, 2019

ဂရိဝေါဟာရ သုံးလုံးနဲ့ ခွဲ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.