Celebrity News   |   Posted on Mar 14, 2018 by Elijah htang

လမ်းခွဲလိုက်တဲ့အကြောင်း ကြေငြာလိုက်ကြတဲ့ Gigi Hadid နှင့် Zayn Malik


တကယ့်ကို လမ်းခွဲလိုက်ကြတာလား . . .

Share this article

၂ နှစ်နှင့် ၄ လကျော်အထိ ရွှေလက်တွေမြဲခဲ့တဲ့ Gigi hadid နှင့်  Zayn Malik တို့ ဟာ တရားဝင်ပြတ်စဲပြီးဆိုတဲ့ သတင်းကတော့ ထွက်ပေါ်လာပါပြီ။သူတို့နှစ်ယောက် ချစ်သူအဖြစ်ရပ်စဲနေတာတော့ ကြာပါပြီ။ဒါပေမယ့် အခုထက်ထိတယောက်နှင့်တယောက် ကူညီမှုနှင့် ဖေးမမှုတွေကတော့ ရှိနေပါသေးတယ်။သူတို့ အချိန်တွေအများကြီးအတူရှိခဲ့ကြတယ်။သူတို့ နှစ်ယောက်ရဲ့ကြောက်စရာကောင်းတဲ့ အလုပ်ကဖိအားတွေက သူတိုရဲ့ဆက်ဆံရေးအပေါ် ပြသာနာလိုဖြစ်ခဲ့တာပါ။ လက်ရှိသူတို့ဟာ လမ်းခွဲပေမယ့်လည်း တယောက်နှင့်တယောက် လေးစားသမှုအပြည့်ရှိနေဆဲပါပဲ။အခုပြတ်စဲသွားပေမယ့် တနေ့ နေ့တချိန်ချိန်မှာတော့ သူတို့ နှစ်ယောက်ပြန်ပေါင်းထုတ်နိုင်ချေလည်းရှိပါတယ်လို့ သူတို့ နှင့်ပါတ်သက်တဲ့အတွင်းသတင်းပေးသူကဆိုထားပါတယ်။

သူတို့ နှစ်ယောက်လုံးဟာ တယောက်နှင့်တယောက် အရမ်းချစ်ခဲ့ပေမယ့် သူငယ်ချင်းလိုပဲ ဆက်ပြီးနေထိုင်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို Twitter ပေါ်မှာ အခုလိုတင်ခဲ့ပါတယ်။

 

သူတို့ နှစ်ယောက်ဟာ ၂၀၁၆ ကလည်း တကြိမ်ကွဲခဲ့ပေမယ့်လည်း ပြန်ပေါင်းထုတ်တဲ့သာဓကတွေရှိလို့  သူတို့ နှစ်ယောက်အပြီးအပိုင်ပြတ်စဲတယ်လို့တော့မဆိုနိုင်သေးပါဘူး။

Ref:EllE



Share this article

TOP 5 ARTICLES


Music   |   Posted on Mar 19, 2019

Bass Kingdom မှာ Head Lin...


Parties & Events   |   Posted on Mar 19, 2019

Bass Kingdom Music Festiv...


Celebrity Beauty   |   Posted on Mar 19, 2019

မပြောင်းလဲပဲ အမြဲတမ်းလှနေ...


Celebrity News   |   Posted on Mar 18, 2019

Joe Alwyn နဲ့ Engage လုပ်...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.