Red Carpet   |   Posted on Jul 6, 2019 by Yin Moe Shinn

L’Oreal Paris ရဲ့ red carpet show ပေါ်ကအနုပညာရှင်တွေရဲ့ ပွဲတက်အလှ


အနုပညာရှင်တို့ ရဲ့ တခမ်းတနားဝတ်စုံတွေနဲ့ Red Carpet ည

Share this article

L'Oréal Paris Red Carpet Event 2019 ပွဲကြီးကို ဂျုလိုင်လ ၅ရက်နေ့ က Novotel Hotel မှာတစ်ခမ်းတစ် နားကျင်းပပြုလုပ်ခဲ့ပါတယ်။ Red Carpet ပေါ်ကစိတ်ဝင်စားစရာဖက်ရှင်အမိုက်စားတွေနဲ့ တက်ရောက်လာကြတဲ့ အနုပညာရှင်တွေကတော့အပြိုင်အဆိုင်မိုက်လို့ နေပါတယ်။ နိုင်ငံကျော်အနုပညာရှင်တွေ နယ်ပယ် ပေါင်းစုံကအနုပညာရှင်တွေအားလုံးစည်းစည်းကားကားတက်ရောက်ခဲ့ကြတဲ့ L'Oréal Paris Red Carpetပွဲကြီးမှာ ဖက်ရှင်တွေက ခမ်းနားလွန်းနေပါတယ်။ ခေတ်စားနေတဲ့ အမိုက်စားပွဲတက်ဂါဝန်တွေနဲ့ တက်ရောက်လာကြတဲ့အနုပညာရှင်တွေရဲ့ ပွဲတက်မြင်ကွင်းကတော့အမိုက်စားပါဘဲ။ တကယ်ကို Red Carpet နဲ့ ထင်ဟပ်စေတဲ့ဖက်ရှင်တွေနဲ့ အတူ မိတ်ကပ်လိမ်းခြယ်မှုတွေကလည်း ကွက်တိဖြစ်လို့ နေပါတယ်။ ဒီထဲမှာ ပြည်သူချစ်တဲ့နိုင်ငံကျော်သရုပ်ဆောင် အိန္ဒြာကျော်ဇင် အတွက်ဒီဇိုင်နာမင်းသက်စံ (Sweet & Smart Collection )ကဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပါတယ်။ ငွေမျှင်လေးတွေတွဲလောင်းကျနေတဲ့ဂါဝန်တစ်ခုလုံးကိုငွေရောင်ဘော်ကြယ်တွေနဲ့ အသေးစိပ်သေသပ်လှပအောင်ဖန်တီးထားတာတွေ့ ရပါတယ်။ သူမအလှနဲ့ အရမ်းကိုလိုက်ဖက်ညီနေတဲ့ ဒီဝတ်စုံလေးက ၂၀၁၉ ရဲ့ Best of Beauty Glamor Award ဆုကိုရရှိခဲ့ပါတယ်။

နောက်ထပ်တစ်ခမ်းတစ်နားပွဲတက်လာသူကတော့ နိုင်ငံကျော်သရုပ်ဆောင်မိုးဟေကို ဖြစ်ပါတယ်။ နောက်ထပ်ဒီဇိုင်နာမင်းသက်စံရဲ့ လက်ရာဖြစ်တဲ့ အဖြူရောင် အထပ်ထပ် ဂါဝန်နဲ့ လက်ကို အထူးပြုဖန်တီးထားတဲ့ ဖက်ရှင်ကိုတွေ့ မြင်ခဲ့ရပါတယ်။ အထပ်ထပ်တွေနဲ့ ဂါဝန်ပုံစံကပန်းပွင့်ချပ်တွေနဲ့ တူနေပြီး လက်ဝတ်ရတနာရဲ့ ဆွဲဆောင်မှုကြောင့်အမိုက်စားဖြစ်သွားတဲ့ဒီဝတ်စုံက Best of Beauty Glamor Award ဆုကိုထပ်မံရရှိခဲ့ပါတယ်။ တကယ်ကိုခမ်းနားတဲ့ဝတ်စုံလေးတွေပါ။ ပရိတ်သတ်အသည်းကျော် ဝတ်မှုန်ရွှေရည်ကလည်းတစ်မူထူးခြားတဲ့အဝါရောင်ဂါဝန်လေးနဲ့ တက်ကြွစွာတက်ရောက်လို့ လာပါတယ်။ရှေ့တိုနောက်ရှည်အဝါရောင်အထပ်ထပ်တွေနဲ့ ဂါဝန်ကသူမနဲ့လိုက်ဖက်လို့နေပြီး ကြိုးတွေနဲ့ ရစ်ပတ်ထားသယောင်ထင်ရတဲ့ လည်ရှည်ဖိနပ်အမဲကိုစီးထားတာကသူမရဲ့ ဖက်ရှင်ကို ပိုကြွပြီးလှပစေပါတယ်။နယ်ပယ်ပေါင်းစုံတက်ရောက်တဲ့ပွဲမှာ Beauty Blogger နေခြည်ဦလည်းတက်ရောက်လို့ လာပါတယ်။သရုပ်ဆောင်ဘက်ကိုပါ ကူနေပြီဖြစ်တဲ့သူမက အလှအပရေးရာနဲ့ ပတ်သတ်တဲ့  ဒီပွဲလေးမှာ Platinum Blonde ဆံပင်အရောင်လေးနဲ့ အရမ်းကိုလှပလို့ နေပါတယ်။ အမဲရောင် ဂါဝန်တိုပေါ်ကနေ သားမွှေးပဝါအမဲအရှည်ကိုဝတ်ဆင်ထားတာဖြစ်ပါတယ်။ ဂါဝန်တိုလေးကိုထင်ဟပ်လှပစေတာကတော့ Color စုံ Crystal necklace ဘဲဖြစ်ပါတယ်။ ထည်ဝါနေတဲ့ လည်ဆွဲကသူမဝတ်စုံအလှကိုပိုပေါ်လွင်သွားစေပါတယ်။

 နောက်ထပ်များစွာသောအနုပညာရှင်တွေလည်းတက်ရောက်လာတာကြောင့် ဘယ်သူတွေကဘယ်လိုအမိုက်စားဝတ်စုံတွေ ၊ ဖက်ရှင်တွေနဲ့ တက်လာလည်းဆိုတာကစိတ်ဝင်စားစရာမို့ ဝေမျှပေးလိုက်ပါတယ်နော်။

Editor : Bo



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Jul 23, 2019

အရမ်းတန်တဲ့ Up to 90%disc...


Food & Travel   |   Posted on Jul 22, 2019

ဝိတ်မလျော့နိုင်ဘဲ FOODIE...


Celebrity Style   |   Posted on Jul 15, 2019

၁၇ နှစ်သာရှိသေးတဲ့ထူးခြား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.