Celebrity Style   |   Posted on Oct 28, 2017 by Elijah htang

Low-Rise Jeans တွေပြန်ဝတ်ဖို့အချိန်တန်ပြီလား?


သင်သိမ်းထားတဲ့ Low-Rise Jeans တွေ ပြန်ထုတ်ဝတ်ဖို့ အချိန်တန်နေပါပြီ . . .

Share this article

လက်ရှိခေတ်ကာလရဲ့ ဖက်ရှင်လောကကို High-Rise တွေရဲ့ အရှိန်အ၀ါတွေလွှမ်းမိုးကောင်းလွှမ်းမိုးနေသေးပေမဲ့ ဖက်ရှင်ဆိုတာအမြဲတစ်ပတ်လည်တတ်တဲ့သဘောကိုတော့မေ့မထားသင့်ပါဘူး။ ဒီတော့ low-rise trend တွေလည်းတစ်ကျော့ပြန်ရောက်လာဖို့အလားအလာရှိနေပါတယ်။လွန်ခဲ့တဲ့ 2000 နှစ်တွေကိုပြန်လှည့်ကြည့်လိုက်မယ်ဆိုရင်လည်း Paris Hilton, Britney Spears, Rihanna နဲ့ Keira Knightley တို့ရဲ့ အသည်းစွဲဖက်ရှင်တစ်ခုဖြစ်ခဲ့တာပါ။ ဗိုက်သားအလှကိုပေါ်လွင်စေတဲ့ Low-Rise denim တွေကို Crop-Top ၀တ်ပြီး Pointed Kitten Heelညလေးကိုတွဲဝတ်တာဟာအဲ့ဒီခတ်ရဲ့ အလန်းဆုံးမိန်းကလေးတွေရဲ့  Signature style လို့တောင်သတ်မှတ်တဲ့အထိပါပဲ။ ဒီ style ကိုခေတ်နောက်ကျကျန်ခဲ့ပြီးလို့သင်ထင်ရင်တော့မှားသွားလိမ့်မယ်။ဘာလို့လဲဆိုတော့ 2017 Fashion Week တွေနဲ့ ဒိတ်ဒိတ်ကြဲမော်ဒယ်တွေရဲ့  လတ်တလောဝတ်ဆင်နေကြတဲ့ဖက်ရှင်တွေမှာ Low-Rise တွေပြန်လည်ပါဝင်လာလို့ပါ။ Gigi နဲ့ Bella hadid တို့်လိုစူပါမော်ဒယ်တွေအပါအ၀င် EmilyRatajkowski ,Gisele Bundchen တို့ကိုလည်း Low-Rise ဖက်ရှင်လေးတွေပြန်လည်ဝတ်ဆင်လာတာကိုမြင်ရမှာပါ။ Alexandar McQueen, Roberto Cavalli နဲ့ Tommy Hilfiger ရဲ့  Collection တွေမှာလည်း ချက်ပြုတ်ဒီဇိုင်းတွေကိုပြန်လည်မိတ်ဆက်နေကြပါပြီ။ ကဲ သင်လည်း Low-Rise Denim တစ်ထည်လောက်တော့ဆောင်ထားသင့်ပြီနော်။


Ref: EllE



Share this article

TOP 5 ARTICLES


Trends   |   Posted on Sep 18, 2018

Turn On Tweed : တောက်ပသစ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.