Parties & Events   |   Posted on Jan 11, 2017 by Elijah htang

လစဉ် ၃၀၀၀ကျပ်ငွေဖြည့်ပြီး 1GB အခမဲ့ဒေတာအသုံးပြုမှုခြောက်လဆက်တိုက်ရရှိမယ့် Galaxy A Series


ရေဒဏ်နှင့်ဖုန်ဒဏ်ကို ခံနိုင်စွမ်းရှိသည့် IP68 ပါဝင်သည့် Samsung Galaxy A 2017

Share this article

Samsung မှ သပ်ရပ်လှပသောဒီဇိုင်းနှင့် မြင့်မားသောစွမ်းဆောင်ရည်များပါဝင်ပြီးအကောင်းဆုံး အသုံးပြုရလွယ်ကူစေရန်၊ ပြန်လည်ဆန်းသစ်ဖန်တီးပေးထားသော နောက်ဆုံးပေါ် Galaxy A မျိုးဆက်သစ် စမတ်ဖုန်းများဖြစ်သည့် ၅.၇ အရွယ်အစားရှိ A7 စမတ်ဖုန်းနှင့် ၅.၂ လက်မအရွယ်အစားရှိ A5 စမတ်ဖုန်းသစ်များကို ထပ်မံထုတ်လုပ်လိုက်ပြီဖြစ်သည်။ ပိုမိုကြည်လင်ပြတ်သားသည့် Autofocus နှင့် Selfie များကို 16-megapixel အရည်အသွေးရှိ အရှေ့ နှင့်အနောက်ကင်မရာများနှင့် အဖိုးတန်အမှတ်တရ အချိန်များကို မှတ်တမ်းတင်ရိုက်ကူးထားနိုင်မည့်အပြင် ကင်မရာတွင်အခွယ်တကူပွတ်ဆွဲလိုက်ရုံဖြင့် ဓါတ်ပုံတွင် Effect Filter များအားအလွယ်တကူပြောင်းလဲနိုင်သည့် ရိုးရှင်းသော လုပ်ဆောင်ချက်များပါဝင်ကြောင်း သိရသည်။

ရေဒဏ် နှင့် ဖုန်ဒဏ် ခံနိုင်စွမ်းရှိသည့် IP68 ပါဝင်သည့် Galaxy A7 တွင် ပိုမိုကြီးမားသော ဖုန်းတွင်းမှတ်ဥာဏ်နှင့်အတူ 256 GB အထိထပ်မံအသုံးပြုနိုင်ရန် microSD Slot ပါဝင်သည်။ Galaxy A Series စမတ်ဖုန်းများအား တယ်လီနော ဆင်းမ်ကဒ်ဖြင့်တွဲဖက်အသုံးပြုသူများအနေဖြင့် လစဉ် ၃၀၀၀ ကျပ် ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် 1GB အခမဲ့ဒေတာအသုံးပြုမှုခြောက်လဆက်တိုက် ရရှိမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

EDITOR: SOE SOE



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Jul 22, 2017

Kylie Jenner နဲ့ လမ်းခွဲရ...


Fashion News   |   Posted on Jul 21, 2017

Dior Bra နဲ့ Mini Skirt ပ...


Celebrity News   |   Posted on Jul 21, 2017

ပြင်သစ် ဖက်ရှင်ကုမ္ပဏီ Bal...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.