Skin   |   Posted on Mar 28, 2018 by Su Yi Htet Aung

လူတွေမသိကြသေးတဲ့ Rose Water ကိုအသုံးပြုနည်းအမျိုးမျိုး


Rose Water ရဲ့အသုံးဝင်ပုံတွေက အရမ်းကိုစိတ်ဝင်စားစရာကောင်းပါတယ်

Share this article

Rose Water ဆိုတာနှင်းဆီပန်းရဲ့ပွင့်ဖတ်လေးတွေကို ရေနဲ့ပေါင်းခံတဲ့အခါရရှိလာတဲ့ အရည်တစ်မျိုးပါ။ အဲဒီအရည်က အသားအရေကိုစိုပြေစေခြင်း၊ ရေဓာတ်ဖြည့်ပေးခြင်း၊ PH level ကိုညှိပေးခြင်း စတဲ့အကျိုးကျေးဇူးတွေကိုရ၇ှိစေပါတယ်။ ဒီပေါင်းခံထားတဲ့နှင်းဆီရည်က ရိုမန်အင်ပါယာခေတ်ကတည်းက မိန်းကလေးတွေအသုံးပြုလာကြတာ အခုချိန်အထိဘဲဖြစ်ပါတယ်။ Rose Water ရဲ့အသုံးဝင်မှုတွေက အလှအပရေးရာထက်ကို အများကြီးပိုပါတယ်။

Rose water can calm your skin

Rose Water ကမျက်နှာပေါ်က နီမြန်းရောင်ရမ်းခြင်းတွေကိုလျော့ချပေးသလို ဓာတ်မတည့်မှုတွေကိုလည်းသက်သာစေပါတယ်။ ၀က်ခြံနဲ့ rosacea ရှိတဲ့သူတွေအတွက် ယားယံခြင်း၊ ရောင်ရမ်းခြင်းတွေသက်သာစေတဲ့ သဘာဝ treatment တစ်ခုလည်းဖြစ်ပါတယ်။

 Rose water can be added to your bath

ရှေးယခင်ခေတ်က အီဂျစ်လူမျိုးတွေက ရေစည်ပိုင်းတွေထဲမှာ Rose Water သို့မဟုတ် Rose Oil တွေကိုထည့်သွင်းပြီး ရေချိုးရေစိမ်တာမျိုးတွေကိုပြုလုပ်ခဲ့ကြပါတယ်တဲ့။ ဒီလိုပြုလုပ်တဲ့အခါ အသားအရေက နူးညံ့စိုပြေစေပြီး တကိုယ်လုံးလည်း နှင်းဆီရနံ့လေးသင်းပျံ့နေမှာပါ။ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် အချိန်ပေးပြီး ဒီလိုလေးလုပ်ရင် stress တွေလည်း လျော့နည်းသွားမှာပါ။

Rose water can be used in the kitchen

ပေါင်းခံပြီးကျလာတဲ့ နှင်းဆီအရည်ကို ဟင်းချက်တဲ့အခါ၊ မုန့်ဖုတ်တဲ့အခါ ထည့်သွင်းပြိးအသုံးပြုနိုင်ပါတယ်။ အရှေ့အလယ်ပိုင်းအစားအသောက်တွေဖြစ်ကြတဲ့ သိုးသားဟင်း၊ ဆန်ပူတင်း နဲ့အသုပ်တွေထဲမှာထည့်သွင်းအသုံးပြုကြသလို Cocktail တွေထဲမှာလည်းအသုံးပြုကြပါတယ်။

Rose water can (and should!) be added to your laundry

India နိုင်ငံက အ၀တ်လျှော်လုပ်ငန်းတွေမှာဆိုရင် အ၀တ်အစားတွေကို Rose Water ဖြန်းပြီးမီးပူတိုက်ကြပါတယ်။ နှင်းဆီရနံ့သင်းတဲ့အ၀တ်အစားလေးတွေကို ၀တ်ရတော့ လူလည်းတနေကုန် လန်းဆန်းတာပေါ့။ ဒီနည်းလမ်းလေးက အိမ်မှာလုပ်ကြည့်လို့ရပါတယ်။

 Rose water can be used in DIY face masks

Rose Water မှာဝက်ခြံနဲ့ရောင်ရမ်းခြင်းတွေကို ကုသပေးတဲ့စွမ်းအင်တွေရှိပါတယ်။ အိမ်မှာကိုယ်တိုင်လုပ်တဲ့ mask တွေမှာအသုံးပြုလို့ရပါတယ်။ Perfect mask ၁ခုကိုပြုလုပ်မယ်ဆိုရင် ကုလားပဲမှုန့်၊ စန္ဒကူးပေါင်ဒါ၊ နနွင်းမှုန့် နဲ့ Rose Water တို့ကိုပေါင်းစပ်ရင် ရရှိနိုင်ပါတယ်။

 Rose water can be added to your hair

Rose Water ကို ခေါင်းလျှော်ရည် သို့မဟုတ် conditioner တို့ထဲအနည်းငယ်ထည့်ပြီးအသုံးပြုမယ်ဆိုရင် ဆံပင်လေးကရေဓာတ်ပြည့်ပြီးစိုပြေနေမှာပါ။ အဲဒီအပြင် ဆံပင်ကနှင်းဆီရနံ့လေးသင်းနေမှာပါ။

 Rose water can be used to create fragrances

နှင်းဆီရနံ့ကသင်းပျံ့ပြီး စိတ်ကိုကြည်လင်တာကြောင့် Rose Water ကိုရေမွေးပြုလုပ်တဲ့နေရာမှာထည်သုံးကြပါတယ်။ Rose Water နဲ့ အမွေးရနံ့ပါတဲ့အဆီတွေနဲ့ရောပြီး ကိုယ်တိုင်အိမ်မှာ ရေမွေးပြုလုပ်လို့ရပါတယ်။

Rose water can be used as a makeup remover

Rose Water ကိုအသုံးပြုပြီး မိတ်ကပ်နဲ့အညစ်အကြေးတွေကိုဖယ်ရှားလို့ရပါတယ်။ မိတ်ကပ်ဖျက်တဲ့အခါ မိတ်ကပ်တွေလည်းပြောင်စေသလို မျက်နှာအသားအရေကိုလည်းရေဓာတ်ဖြည့်ပေးပါတယ်။

Rose water can be used to destress

Rose Water ကစိတ်ဖိစီးမှုတွေကိုလျော့ချပေးပါတယ်။ Rose Water ကိုညအိပ်ခါနီး ခေါင်းအုံးပေါ်မှာအနည်းငယ်ဖြန်းလိုက်ပါ။ ညအိပ်မပျော်ကြသူလည်း အိပ်ပျော်စေသလို stress level ကိုလည်းလျော့ချပေးတဲ့အတွက် စိတ်ရောကိုယ်ပါကြည်လင် လန်းဆန်းစေပါတယ်။

Ref: elle.com
Editor: Thet Htar Lwin



Share this article

TOP 5 ARTICLES


Travel   |   Posted on Oct 20, 2018

Say Sorry for Yourself wh...


Beauty Box   |   Posted on Oct 19, 2018

SAI Cosmetix ရဲ့ ငွေကျပ်...


Celebrity Beauty   |   Posted on Oct 19, 2018

Running Man ရဲ့ Memberြ...


Celebrity News   |   Posted on Oct 19, 2018

လက်ထပ်လိုက်ပြီဖြစ်တဲ့ Kar...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.