Opinions   |   Posted on Aug 19, 2019 by Ja Seng Pan

လုပ်ငန်းခွင်မှာပျော်ရွှင်ဖို့ နည်းလမ်းလေးတွေ


လုပ်ငန်းခွင်ထဲမှာဘယ်လိုပျော်ရွှင်အောင်နေထိုင်ကြမလဲ

Share this article

 

“မနက်အိပ်ယာထလို့ အလုပ်သွားရမှာ ပျော်ရွှင်မနေဘူးဆိုရင် အဲ့ဒီအလုပ်က ထွက်လိုက်ပါ” ဆိုပြီး ဆရာမဂျူးရဲ့ စာအုပ်မှာ ဖတ်လိုက်ရပါတယ်။

ဟုတ်ပါတယ်။ လုပ်ငန်းခွင်ဆိုတာ ဒုတိယအိမ်ပါပဲ။ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ လူတစ်ဦးဟာ မိမိအိမ်မှာထက် အလုပ်မှာရှိတဲ့အချိန်က ပိုများပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်အောင် ဘယ်လိုနေထိုင်မလဲ ဆိုတဲ့အချက်လေးတွေကို ဖော်ပြပေးထားပါတယ်နော်။

အရေးကြီးဆုံးအချက်ကတော့ ဝါသနာနဲ့ လုပ်ငန်းခွင်ရွေးချယ်မှု ကိုက်ညီပါစေ။ လူတိုင်းဟာ ဝါသနာပါတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရခြင်းဟာ အကြီးမားဆုံး ဆုလာဘ်တစ်ခုပါ။ သို့ပေမယ့်လည်း တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် ဝါသနာနဲ့ မိမိကျင်လည်နေတဲ့ လုပ်ငန်းခွင် ကိုက်ညီမှုမရှိတာလဲ ဖြစ်တတ်ပါတယ်။ စိတ်ပူစရာမလိုပါဘူး။ လုပ်ငန်းခွင်ဟာ ပျော်ရွှင်တဲ့ နေရာတစ်ခုဖြစ်ဖို့ သင်ကိုယ်တိုင်ပဲ လုပ်ဆောင်နိုင်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေရှိခဲ့ရင်တောင်မှ အကောင်းဘက်က တွေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ လုပ်ငန်းခွင်ထဲနေရတာ သက်သောင့်သက်သာရှိစေမှာပါ။ အရေးမကြီးတဲ့ အရာတစ်ချို့ကို လျစ်လျူရှု့လိုက်ပါ။

လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်စွာနေထိုင်ဖို့ ကြိုးစားတဲ့အခါ အလုပ်နဲ့ ပတ်သက်ပြီးအဆိုးမြင်နေသူ ၊ အတင်းအဖျင်းပြောတတ်သူတွေကို ရှောင်ရှားပါ။ သူတို့က သင့်ကို လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျစရာတွေပဲ ပေးပါလိမ့်မယ်။ လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကို တားဆီးပေးမယ့်သူမျိုးကို အထူးသတိပြုပါ။

အတွေ့အကြုံတွေ ဖလှယ်လို့ရနိုင်မယ့် လူမျိုးကို ရှာဖွေပါ။ ဒီလိုလူမျိုးတွေနဲ့ လုပ်ငန်းခွင်အတွေ့အကြုံသာမကပဲ ပြင်ပနေထိုင်မှုပုံစံ၊ လုပ်ငန်းခွင်ပြင်ပအကြောင်းအရာတွေကို ဆွေးနွေးပါ။ ဒီလိုလုပ်ခြင်းက အလုပ်ကြောင့်ဖြစ်ပေါ်လာတဲ့ Stress တွေကို လျော့ပါးစေတဲ့အပြင် လုပ်ဖော်ကိုင်ဖက်ကောင်းတွေလဲ ရရှိနိုင်မှာပါ။

သင့်မှာ Personal Problem တွေ ရှိရင်တောင်မှာ လုပ်ငန်းခွင်ကို သယ်ဆောင်မလာပါနဲ့ ။ လုပ်ငန်းခွင်မှာ သင်ဟာအမြဲတမ်း အလုပ်ကိုအာရုံစူးစိုက်သူတစ်ယောက်အဖြစ်ပဲ မြင်တွေ့ပါစေ။ Personal Problem တွေကို လုပ်ငန်းခွင်ကို သယ်ဆောင်လာခြင်းဟာ အလုပ်ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် အထက်လူကြီးရဲ့ အမြင်မကြည်လင်မှုကို သင်ခံစားရနိုင်ပါတယ်။

 

နောက်တစ်ချက်ကတော့ ရောက်တဲ့နေရာမှာ ဒီတိုင်းရပ်မနေပါနဲ့ ။ သင့်ရဲ့ Professional အလုပ်ကို တစ်ဆင့်ထပ်တစ်ဆင့် တိုးတက်အောင်အမြဲလေ့လာနေပါ။ မတူတဲ့ challenge တွေကို လုပ်ဆောင်နေရခြင်းဟာလဲ သင့်ကို အမှန်တကယ် စိတ်လှုပ်ရှားစေမှာပါ။

ကဲ ဒီတော့လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့အချက်လေးတွေကို သိရှိပြီဆိုတော့ ဒီနည်းလမ်းလေးတွေအတိုင်းနေကြည့်ကြရအောင်နော်။

 

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.