Tv & Movie   |   Posted on Feb 8, 2019 by Hnin Ei Ei Hlaing

လူငယ်ကောင်လေးတစ်ယောက်နဲ့ ကြယ်လေးရဲ့ အချစ်ဇာတ်လမ်း


စိတ်ဝင်စားဖွယ်ကောင်းတဲ့ လူငယ်နှစ်ယောက်ရဲ့ အချစ်

Share this article

ရွာလေးတစ်ရွာမှာ Tristan Thorn ဆိုတဲ့လူငယ် ကောင်လေးတစ်ယောက် သူ့အဖေနဲ့ အတူနေထိုင်တယ်။

ကောင်လေးမှာတစ်ဖက်သတ်ချစ်ရတဲ့ Victoria ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။

ကောင်မလေးဆီက အဖြေရဖို့ကြိုးစားချင်သော်လည်း သူနဲ့ အတူ ကောင်မလေးကိုကြိုက်နေတဲ့ ပြိုင်ဖက်တစ်ယောက်ရှိတယ်။

အဲ့ပြိုင်ဖက်က သူ့ထက်အစစအရာရာသာတယ်။

ညတစ်ညမှာ Tristan နဲ့ Victoria တို့ စကားပြောနေရင်း ကြယ်တစ်စင်းကြွေသွားတယ်။

အဲ့အချိန်မှာ Victoria က ကြွေကျသွားတဲ့ ကြယ်ကို သူ့မွေးနေ့မှာ ကောက်လာပြီး သူ့လက်ထဲထည့်ပေးနိုင်ရင် လက်ထက်မယ်လို့ပြောခဲ့တယ်။

 

အဲ့ဒါနဲ့ပဲ နောက်နေ့ မနက်အာရုံတက်ချိန်မှာပဲ ကြယ်ကိုရှာဖို့ တံတိုင်းကြီးကိုကျော်ဖြတ်ပြီး ထူးဆန်းတဲ့နယ်မြေတစ်ခုကို သွားခဲ့တယ်။

တံတိုင်းကြီးရဲ့ တစ်ဖက်က နယ်မြေက မှော်ပညာတွေပြည့်နှက်နေတဲ့ နယ်မြေလို့ပြောလို့ရပါတယ်။

အဲ့ဘက်ခြမ်းမှာ အိုမင်းရင့်ရော်နေတဲ့ စုန်းမကြီး သုံးယောက်နေထိုင်တယ်။

သူတို့ သုံးယောက်က ကြယ်ကြွေတာကိုမြင်ပြီး အဲ့ကြယ်ကိုလိုချင်နေကြတယ်။

 

ဘာဖြစ်လို့လဲဆိုရင် ကြယ်ရဲ့အသည်းကို စားရင် သူတို့ ပြန်လည် နုပျိုလာမယ့်အတွက် ကြယ်လေး Yvaine ကိုလိုချင်နေကြတယ်။

ကြယ်လေးကိုရလို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြတယ်။

Tristan ကကြယ်လေးကိုရှာရင်းနောက်ဆုံးမှာတော့ သူတို့နှစ်ယောက်တွေ့ဆုံခဲ့ ကြတယ်။

တွေ့ဆုံတဲ့အခါဘာတွေ ဆက်ဖြစ်မလဲ။

စုန်းမကြီးတွေက Yvaine ကိုရသွားလား။

Tristan ကရော Victoria ဆီပြန်သွားနိုင်လားဆိုတာ တော့ကိုယ်တိုင်ကြည့်ရင်ပိုစိတ်ဝင်စားဖို့ကောင်းအောင်

ဒီဇာတ်ကားလေးကို ညွန်းလိုက်ပါတယ်။

Stardust (2007)

Editor: Hnin Ei Ei Hlaing



Share this article

TOP 5 ARTICLES


People   |   Posted on Apr 12, 2019

ပင်လယ်ပျော် Thin Zar Wint...


Beauty Box   |   Posted on Apr 10, 2019

L’Oreal Paris ရဲ့ အထူး S...


Celebrity Beauty   |   Posted on Apr 9, 2019

"KILL THIS LOVE" MUSIC VI...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.