Parties & Events   |   Posted on Feb 8, 2018 by Elijah htang

လျှို့ဝှက်ဆန်းကျယ်မှုများနဲ့ “ Dimensions မျက်နှာပြင်များ” အက်ရှင်ဇာတ်ကားကြီးရုံတင်ပြသခွင့်ရရှိ


သရုပ်ဆောင်သစ်များနဲ့လျှို့ဝှက်ဆန်းကျယ်တဲ့စိတ်ဝင်စားဖွယ်အက်ရှင်ဇာတ်ကားကောင်းကိုတွေ့ရှိရမယ့် Dimensions

Share this article

Bonanza Production နှင့် Shutter Production တို့ပူးပေါင်းတင်ဆက်ထားသည့် Dimensions -မျက်နှာပြင်များ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဥာဏ်ထင်မှပုံဖော်ရိုက်ကူးထားပြီး၊ ခါရာ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံ၊ ဦးဝင်းမြိုင်၊ ကောင်းစစ်သွေး၊ ဆုရွှေရည်ထူး၊ သီဟ၊ ဟန်ထူးနိုင်နဲ့ ရဲမွန်တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။ Dimensions ရဲ့ဇာတ်အိမ်ကတော့ “ လက်ယျာမင်းညီက သူ့ကိုသူလူသတ်သမားပါဆိုပြီး ရဲစခန်းမှာသူ့ကိုသူလာရောက်အဖမ်းခံခဲ့ပါတယ်။ ဒါပေမယ့်သူသတ်ခဲ့တဲ့လူတွေကိုသူမမှတ်မိတဲ့အပြင် သူ့ကိုသူဘယ်သူဆိုတာတောင်သူမသိပါဘူး။

သူဟာအတိတ်မေ့ဝေဒနာသည်တစ်ယောက်လား၊ အတိတ်မေ့ဝေဒနာသည်တစ်ယောက်က ဘာကြောင့်လူတွေလိုက်သတ်နေတာလဲ၊ သူ့ရဲ့ အတိတ်မေ့ဝေဒနာအပြင်၊ လက်ယျာမင်းညီအဖြစ် လူလိုက်သတ်နေတဲ့ဇာတ်ရုပ်ကကောဘာကြောင့်ဖြစ်မလဲ၊ အတိတ်မေ့ဝေဒနာသည်တစ်ဦးကို ဘယ်သူက လမ်းပြပေးနေပြီး၊ ဘယ်သူတွေကလိုက်သတ်ချင်နေကြတာလဲ” ဆိုတာ ဒီလျှို့ဝှက်ဆန်းကျယ်ပြီး စိတ်ဝင်စားစရာအပြည့်နဲ့ Dimensions ဇာတ်ကားကြီးမှာကြည့်ရှု့လိုက်ပါ။ အက်ရှင်ဇာတ်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် စစ်မှန်တဲ့အက်ရှင်ဇာတ်ကောင်ကို အကောင်းဆုံးပုံဖော်ရိုက်ကူးထားတဲ့

အဆိုပါ Dimensions ဇာတ်ကားကြီးကိုရိုက်ကူးဖို့အတွက် Pre Production ပိုင်းမှာအချိန် ၆လကျော်၊ ရိုက်ကူးချိန် ၃လကျော်နှင့်၊ Editing, Color Grading, Music Composing နဲ့ Sound Design အပြင် Post Production ပိုင်းကိုလည်း အချိန် ၁နှစ်ကျော်ယူ၍ အသေးစိတ်ပြင်ဆင်ခဲ့ရကြောင်း Bonanza Production မှ မနိုရာကိုကဖြေကြားပေးခဲ့ပါတယ်။ထို့အပြင် ဇာတ်ကောင်ကာရိုက်တာပိုင်းမှာ ပီပြင်တဲ့အက်ရှင်ကားကောင်း တစ်ခုဖြစ်အောင် အချိန်ယူကြိုးစားပြင်ဆင်ရိုက်ကူးထားပေမယ့် တစ်ကယ့်အခက်အခဲကတော့ ရုံမရတာပါ။

အသစ်တွေကြီးပဲပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ရုံတင်ဖို့အတွက် ရုံကမပေးတာလေးတွေရှိတာကြောင့် ကျွန်တော်တို့ကြိုးစားထားတဲ့ကားလေး ရုံပေါ်ရောက်ဖို့ အချိန်နည်းနည်းကြာသွားခဲ့ပါတယ်။ တစ်ကယ်တော့ကျွန်တော်အကုန်လုံးအသစ်တွေဆိုပေမယ့်လည်း လစ်ဟာမှုလေးတွေမရှိအောင် အကောင်းဆုံးပုံဖော်ကြိုးစားထားကြတယ်ဆိုတာ ဒီကားကိုကြည့်ရင်သိမှာပါ။ အကုန်လုံးတော့မပြည့်ဆုံနိုင်ဘူးဆိုပေမယ့် ကျွန်တော်တို့တွေတစ်ကယ်ကိုကြိုးစားထားတဲ့ဇာတ်ကားကို ပရိသတ်ကိုလည်းကြည့်စေချင်ပါတယ်” ဟု သရုပ်ဆောင်ခါရာကဖြေကြားပေးခဲ့ပါတယ်။

EDITOR:SOE SOE AUNG



Share this article

TOP 5 ARTICLES


Beauty Box   |   Posted on Nov 14, 2018

The Body Shop ရဲ့ ရင်ခုန်...


Celebrity Beauty   |   Posted on Nov 14, 2018

DRAMA SERIES အသစ်တစ်ခုထွက...


Celebrity Beauty   |   Posted on Nov 14, 2018

လှပလွန်းတဲ့ ရွှေမှုံရတီရဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.