Diet & Fitness   |   Posted on Sep 5, 2018 by Min Chit Paing

လွယ်လွယ်ကူကူ အိပ်ပျော်စေမယ့် ယောဂလေ့ကျင့်ခန်းများ


အိပ်ရာမ၀င်ခင်မှာ ယောဂလေ့ကျင့်ခန်းလေး အနည်းငယ်လုပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်ရအောင်...

Share this article

အိပ်မပျော်တဲ့ သူတွေအတွက် အိပ်ပျော်အောင်၊ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ ယောဂလေ့ကျင့်ခန်းလေးတွေ လုပ်ကြမယ်။ ယောဂလေ့ကျင့်ခန်းလေးတွေ လုပ်မယ်ဆိုရင်....

Upside-Down Relaxation
ခန္ဓာကိုယ်ကို အိပ်ရာပေါ်သို့ လှဲချပြီး မိမိ၏ခြေထောက် (၂) ဖက်ကိုနံရံရှိတဲ့ဘက်သို့ upside-down (အထက်အောက်ပြောင်းပြန်) ထားပေးပါ။ တင်ပါးနှင့်နံရံကို ၆လက်မခန့် ခွာထားပေးပါ။ လက်(၂)ဖက်ကို ခန္ဓာကိုယ်ဘေးမှာထားပြီး လက်ဖ၀ါးလေးတွေကိုလှန်ထားပေးပါ။ အသက်ကို ဖြည်းဖြည်းရှုပြီး (၂)မိနစ်ခန့်လောက် နေပေးပါ။

Winding Down Twist
အိပ်ရာပေါ်မှာ ခြေထောက်(၂)ဖက်ကို တင်ပ္ပလင်ခွေထိုင်ပြီး ညာဘက်လက်ကို ဘယ်ဘက်ဒူးပေါ်သို့တင်ထားပါ၊ ဘယ်ဘက်လက်ကို သင့်tailbone ရဲ့နောက်မှာထားပါ။ ဦးခေါင်းကို ဘယ်ဘက်ပခုံးဘက်သို့လှည့်ကာအဝေးကိုကြည့်ပြီး အသက်ကိုပုံမှန်ရှုပေးပါ။ ပြီးလျှင် ဒီပုံစံရဲ့ opposite ပုံစံထပ်လုပ်ပေးပါ။ (၁)မိနစ်လောက်တော့ ပြုလုပ်ပေးပါနော်။

Nighttime Goddess Stretch
အိပ်ရာပေါ်မှာ ခန္ဓကိုယ်ကိုနောက်ပြန်လှဲချကာ ခြေထောက်(၂)ခုကိုကားပြီး ဒူးခေါင်းကွေး၊ ခြေဖ၀ါး (၂)ဖက်ကို တစ်ခုနဲ့တစ်ခုထိအောင်ထားပါ။ လက်(၂)ဖက်ကို ဘေးကိုအနည်းငယ်ကား၍ဆန့်ပါ။ မျက်နှာကိုအပေါ်သို့မော့ကြည့်ပြီး (၂)မိနစ်နီးပါး နေပေးပါ။

Child’s Pose
အိပ်ရာပေါ်မှာ ဒူးနှစ်ဖက်ကို ကွေးချ၍ တင်ပါးနဲ့ခြေဖ၀ါးကိုထိအောင်ထားပြီး ခါးအပေါ်ပိုင်းခန္ဓာကိုယ်ကိုအောက်သို့မှောက်ချပြီး ဦးခေါင်းကိုပါ တစ်ခါထဲအောက်ငုံပေးပါ။ လက်နှစ်ဖက်ကို အရှေ့ဘက်သို့ဆန့်ထားပေးပါ။ (၂) မိနစ်ခန့်လောက် ဒီလိုပုံစံမျိုးလေးနေပေးပါ။

Rock-a-Bye-Roll
ခန္ဓာကိုယ်ကို အိပ်ရာပေါ်မှာလှဲချပြီးလျှင် ဒူးကွေး၍ ရင်ဘတ်နဲ့ တစ်တန်းထဲထားပေးပါ။ ခြေထောက်(၂)ဖက်ကိုယှက်၍ထားပြီး လက်နှစ်ဖက်ဖြင့် ခြေထောက်ကိုကိုင်ထားပေးပါ။ ဒီအနေထားမျိုးကိုတော့ (၁)မိနစ်ခန့်ပြုလုပ်ပေးပါနော်။

ဒီလေ့ကျင့်ခန်းလေးတွေကိုအသုံးပြုခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပါစေနော်။

Editor : Hnin Ei Ei Hlaing



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.