interview   |   Posted on Oct 12, 2016 by Elijah htang

Me Before You ရုပ်ရှင်ဇာတ်ကားရဲ့ ဝတ္ထုစာရေးဆရာမJojo Movesရဲ့ အတွေးအမြင်များ


Me Before You ဖန်တီးသူ ပဲ့ကိုင်ရှင်နှင့် တွေ့ ဆုံခြင်း

Share this article

အခုလက်ရှိနာမည်ကြီးနေတဲ့ Me before you  ရုပ်ရှင်ဇာတ်ကားဟာ  ၂၀၁၂ ခုနစ်က နာမည်ကျော်စာရေးဆရာမ Jojo Moves အရောင်းသွက် ဝတ္ထုကို အခြေခံကာ ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ဝတ္ထုကို ဖန်တီးဖြစ်ခဲ့ပုံနဲ့  ဇာတ်လမ်းပိတ်ကားပေါ် တင်ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူမရဲ့ အတွေးအမြင်တွေကို ပရိသတ်တွေကို ခံစားသိရှိနိုင်စေဖို့   မှ Signature Website အင်တာဗျူးတွေ့ဆုံမေးမြန်းသူ  နဲ့တွေ့ဆုံးမေးမြန်းထားတဲ့ Keith Riceအကြောင်းကို တင်ပြလိုက်ပါတယ်။

အမည်  - Jojo Moves             
မွေးဖွားရာဇာတိ-          London, England, UK
စာပေလောကသို့ ဝင်ရောက်သည့်အချိန်  -         ၁၉၉၃ ခုနစ်မှ ယနေ့အထိ
ရေးသားသည့်စာပေအမျိုးအစား  -         အချစ်ဝတ္ထု

 ရေးသားခဲ့ပြီးသည့် ဝတ္ထုအမျိုးအစားများ

Sheltering Rain(2002)
Foreign Fruit(2003)
The Peacock Emporium(2004)
The Ship of Brides(2005)
Silver Bay(2007)
Night Music(2008)
The Horse Dancer(2009)
The Last Letter From Your Lover(2010)
Me Before You(2012)
Honeymoon In Paris(2012)
The Girl You Left Behind(2012)
The One Plus One(2014)
After You(2015)

ဒီဝတ္ထုကို စတင်အသက်သွင်းဖို့အတွက် ဘယ်လိုမျိုး စိတ်ကူးရခဲ့တာပါလဲ။ ဒီစာအုပ်ပါအကြောင်းအရာတွေက အရမ်းကို ပျော်ရွှင်ဖွယ်၊ကြည်နူးဖွယ်၊ စိတ်ဝင်စားဖွယ်ကောင်းတယ်လေ။ မတူညီတဲ့အခန်းတွေကို မင်းဘယ်လိုတွေးတောပြီးရေးခဲ့တာပါလဲ...

ကျွန်မရဲ့ခေါင်းထဲမှာ ရှိတဲ့ အတိုင်းပဲ ကျွန်မရေးလိုက်တာပါပဲ။ စိတ်ကူးမရှိဘဲ ဘာမှ ရေးလို့မရဘူးလေ။ ကိုယ့်စာအုပ်ရောင်းကောင်းဖို့အတွက်ကိုပဲ ကြည့်ပြီးတော့ မရေးသင့်ဘူးလေ။ ဒီဇာတ်လမ်းနောက်ခံကို ၂၀ဝ၈၊ ၂၀ဝ၉ ခုနစ်လောက်က အင်္ဂလန်နိုင်ငံက လူငယ်သူဌေးလေးတစ်ဦးအကြောင်းကို အခြေခံပြီး ရေးဖွဲ့ခဲ့တာပါ။ အဲဒီ ကောင်လေးက  အောက်ပိုင်းသေသွားပြီး သူ့မိဘတွေက သူ့ကို နောက်ပိုင်းမှာ ပြုပြင်စောင့်ရှောက်ရေး စင်တာကို ပို့လိုက်ရပါတယ်။  အဲဒီအကြောင်းကို ကြားကြားခြင်းတုန်းက ကျွန်မလည်း အလွန်တုန်လှုပ်ပြီး စိတ်ထဲမှာ မေ့မရနိုင်အောင် ဆွဲသွားတာကနေ  စာရေးဖို့ အထိ စိတ်ကူးရသွားခဲ့တာပါ။ ကျွန်မဒီဝတ္ထုကို ရေးမယ်ဆိုကတည်းက ဒီ ဒုက္ခိတ ဘဝအကြောင်းကို ကိုယ်တိုင်သေချာ လေ့လာတယ်။  ကျွန်မလိုချင်တဲ့ ဇာတ်အိမ်ကို ကိုယ်တိုင် စဉ်းစားတယ်။ ကျွန်မကိုယ်တိုင်ပဲ  မတော်တဆမှုဖြစ်ခဲ့တဲ့ အဓိက ဇာတ်ကောင် ဃ့မငျအသစ့နမျွနနလန ရဲ့နေရာမှာ ကိုယ်တိုင်ဝင်ခံစားကြည့်တယ်။ သူ့လိုပဲ စိတ်တိုကြည့်တယ်။ နောက်ပြီး ကျောရိုးထိခိုက်မှုတဲ့ ပတ်သက်ပြီး အနီးကပ်ပြုစုတဲ့ ကြမျန ကို သေချာသွားရောက်ပြီး စကားပြောကြ ည့်တဲ့အခါမှာတော့ သူ့တသက်မှာ ဒီလိုမျိုး အောက်ပိုင်းသေပြီး ဒုက္ခိတဖြစ်တဲ့သူ နှစ်ဦးသာ မြင်ဖူးတယ်တဲ့လေ။ အဲဒါနဲ့ ကျွန်မလည်း  အဓိက ဇာတ်ကောင်ရဲ့ အမေကို ဘယ်လိုမျိုးပုံဖော်ရေးသားရမယ်။  သူ့ချစ်သူက ဘယ်လိုမျိုး၊ သူ့ပုံစံက ဘယ်လိုမျိုးဆိုတာနဲ့ပတ်သက်ပြီး  စိတ်ကူးထဲမှာပုံဖော်ဖြစ်ခဲ့ပါတယ်။

ဒီဝတ္ထုရဲ့ အဓိက ရည်ရွယ်ချက်က ဘာတွေဖြစ်မလဲ။
အဓိက ရေးဖွဲ့ထားတာကတော့ လူနှစ်ယောက်အကြောင်းပါပဲ။  အဓိက ပြောချင်တာကတော့ လူတစ်ယောက်ကို ဘယ်လိုပြုပြင်ပြောင်းလဲရမလဲဆိုတာနဲ့ ကိုယ်ပြောင်းလဲပေးလိုက်တဲ့ လူတစ်ယောက် နဲ့ဘယ်လိုမျိုးလိုက်လျောညီထွေစွာ နေထိုင်ရမယ်ဆိုတဲ့အကြောင်းကို အဓိကထားရေးဖွဲ့ထားတာပါ။ ကိုယ့်ဘဝမှာ ရွေးချယ်မှုတွေက ဘယ်လိုမျိုးအရေးကြီးတယ်။  ဘဝရဲ့တန်ဖိုးနဲ့ ဘဝအတွက်ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ရမယ်ဆိုတာကို အဓိက သိရှိစေဖို့အတွက်လည်းရည်ရွယ်ပါတယ်။ ပုံစံမတူ တဲ့ လူနှစ်ယောက် ပေါင်းစပ်ဖို့အတွက်  ကြားထဲမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးကို ဟာသရသအနေနဲ့ ခံစားရအောင် ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ရေးသားနေတုန်းမှာ တဟားဟားနဲ့ရယ်မောခဲ့ရတာပါ။

ဟာသပြက်လုံးတွေ ထုတ်ဖို့အတွက် အတွေ့အကြုံတွေက လိုအပ်တယ်လို့ထင်ပါလား
ဟုတ်တာပေါ့။ အတွေ့အကြုံတွေက အဓိက အရေးကြီးဆုံးပါပဲ။ ကျွန်မအရင်ရေးခဲ့တဲ့ စာအုပ် ၈အုပ်မှာလည်း ဟဒယ ရသတွေကို ကျွန်မရဲ့ စဉ်းစားဥာဏ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်မအတွေ့အကြုံတွေကနေလည်း ထည့်ယူရပါတယ်ရှင့်။ စာဖတ်သူတွေ၊ ပရိသတ်တွေ ပျော်ရွှင်ဖို့အတွက် ဟာသဆန်ဆန် ရေးဖွဲ့ဖိုရာ ကျွန်မအနေနဲ့ ကျွန်မရဲ့အတွေ့အကြုံတွေကို အကောင်းဆုံး အသုံးချပါတယ်။  အဲဒီလိုထည့်သွင်းရေးသားခြင်းအားဖြင့် ပရိသတ်နဲ့အပေးအယူမျှသလို သူတို့ကို လေးစားရာလည်း ရောက်ပါတယ်။

Me before you အတွက်  ဘယ်လောက်များလေ့လာလိုက်ရလဲ။  တစ်ချို့ ခေါင်းစဉ်တွေဖြစ်တဲ့  quadriplegia and assisted suicide လိုမျိုး ခေါင်းစဉ်တွေက ထူးဆန်းနေတော့လေ...
အဲဒီလိုမျိုးအခြေအနေမှာဆိုရင် ကျွန်မအတွက် လူနှစ်ယောက်ကတော့ လိုအပ်နေတယ်လေ။ တစ်ဦးကတော့  ကျွန်မကို ၂၄ နာရီပတ်လုံး  စောင့်ရှောက်နေရမှာလေ။ အိမ်မှာ တစ်ဦးတည်း ဘာလုပ်စရာမှ မရှိတဲ့အချိန်တွေမှာဆိုရင် ကျွန်မအနေနဲ့  အွန်လိုင်းတက်ပြီး စကာပြောရတယ်လေ။ နောက်ပြီး အွန်လိုင်းကနေတဆင့် ကျွန်မသိတဲ့ ဒုက္ခိတသူနာပြုတွေဆီကနေ သူတို့ရဲ့အတွေ့အကြုံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိရှိခဲ့ပြီး သူတို့ပြောပြတဲ့ ဇာတ်လမ်းတွေကိုလည်း ကျွန်မအားကိုး မီငြမ်းရေးသားခဲ့ရပါတယ်။  နောက်ပြီး ဒီဇာတ်လမ်းတွေထဲမှာ ကျွန်မသဘောကျတဲ့ အချက်ကတော့ Will နဲ့ချစ်ကြိုက်ခဲ့တဲ့ မိန်းကလေးတွေအကြောင်းပဲဖြစ်ပါတယ်။ မသန်မစွမ်းဖြစ်တယ်ဆိုတဲ့ ကိစ္စကို သိပ်ပြီးတော့ အလေးအနက်မထားဖြစ်တော့ပါဘူး။

ဒါဟာ သင့်ရဲ့ ပထမဦးဆုံး ရုပ်ရှင်ပိတ်ကားပေါ်ကို ရောက်ခဲ့တဲ့ ဝတ္ထုဇာတ်ညွှန်းလား..
ဟုတ်ပါတယ်။ ဒါကျွန်မကို ပထမဦးဆုံး ရုပ်ရှင်လောကမှာ ခြေချစေခဲ့တဲ့ ဝတ္ထုဇာတ်ညွှန်းတစ်ပုဒ်ပါ။ ကျွန်မကတော့ ဒီလိုပြောင်းလဲလာတာကို အရမ်းကို သဘောကျပါတယ်။

ဒီဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ကူးပြောင်းတဲ့ လုပ်ငန်းစဉ်မှာ အရမ်းကို အံ့အားသင့်သွားစေတဲ့ အဖြစ်အပျက်ဆိုရင်ရော။
ဒီဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးလိုက်တာဟာ ကျွန်မဘဝရဲ့အမြင့်ဆုံးကို ရောက်သွားစေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးတဲ့အဖွဲ့ကိုလည်း ရုပ်ရှင်ရိုက်ကူးခြင်းနဲ့ပတ်သက်တဲ့ ကိစ္စကို သိပ်မမေးဖြစ်ခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့ကျွန်မကို သိပ်မလိုအပ်ဘူးလို့ ကျွန်မထင်လို့ပါ။  ကျွန်မထင်တာကတော့ ဒီဇာတ်လမ်းဟာ ရုပ်ရှင်အဖွဲ့သားတွေအားလုံးအတွက် ရယ်စရာ၊ ဝမ်းနည်းစရာ၊ ငြင်းခုန်ဖွယ်ရာ ခံစားချက်တွေကို ခံစားနိုင်လိမ့်မယ်လို့ ယူဆလို့ပါပဲ။  သူတို့တွေအားလုံးကတော့ ကျွန်မကို သူတို့ ဇာတ်လမ်းအတွက် အဆင်ပြေလားလို့ မေးပါတယ်။ ကျွန်မကတော့ အရာအားလုံး အဆင်ပြေပါတယ်လို့ ပြောလိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်မမှာ ညသ လို့ငြင်းဆန်ဖို့အတွက် အကြောင်းပြချက်မရှိလို့ပဲဖြစ်ပါတယ်။

ဇာတ်ညွှန်းရေးသားရခြင်းက  ဝတ္ထုရေးသားတာနဲ့ဆိုရင်တော့ ကွာခြားမှုအနည်းငယ်ရှိသေးတယ်လေ။ ဇာတ်ညွှန်းကောင်းဖို့အတွက် အချို့အစိတ်အပိုင်းတွေကို ချန်လှပ်ထားခဲ့ရတာတွေလည်းရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုပြောချင်သေးလဲ။
ဝတ္ထုရဲ့အစိတ်အပိုင်းတွေကို ချန်လှပ်ခဲ့ရတာကလည်း ကျွန်မအတွက်တော့ အနည်းငယ်ခက်ခဲပါတယ်။ အဓိကကတော့ ဇာတ်လမ်းကျောရိုးမပျက်ဖို့က အဓိကပါပဲပေါ့နော်။ တကယ်လို့  ဇာတ်လမ်းကြီးရှည်နေရင်လည်း ဘယ်သူမှ ဖတ်ရှုကြမှာလည်း မဟုတ်ပါဘူး။  ဇာတ်လမ်းတွေကို ဖြတ်ဆက်ဖို့အတွက် ကျွန်မအနေနဲ့အချိန်ခြောက်လလောက်ယူခဲ့ရပါတယ်။

နောက်ဆုံးအနေနဲ့မေးမြန်းချင်တာကတော့ ပရိသတ်တွေအတွက် ဇာတ်လမ်းကြည့်ပြီး ရလာတဲ့ခံစားချက်နဲ့ ဝတ္ထုဖတ်ပြီးရလာတဲ့ ခံစားချက်ဘာတွေကွာခြားလဲဆိုတာကို ပြောပြပေးပါဦး။
ပရိသတ်ကို ပေးနိုင်တဲ့  message တွေကတော့ တူတူပဲဖြစ်ပါတယ်။ ပရိသတ်တွေတော်တော်များများ ကျွန်မကို ပြန်ပြောကြတာကတော့ ငိုလည်းငိုရတယ် ၊ ရယ်လည်းရယ်ရတယ်၊ ပျော်လည်းပျော်ရပါတယ်တဲ့။ ကျွန်မကတော့ ပရိသတ်တွေကို အဓိက ပျော်ရွှင်စေချင်တာပါ။ အဲဒါကျွန်မမျှော်လင့်ခဲ့တဲ့ ဇာတ်ကားရဲ့ာနျေါန ပဲဖြစ်ပါတယ်။

REF: SIGNATURE WEBSITE



Share this article

TOP 5 ARTICLES


makeup   |   Posted on Feb 20, 2017

Fifty Shades Darkerထဲက An...


makeup   |   Posted on Feb 19, 2017

New York Fashion Week ရဲ့...


makeup   |   Posted on Feb 18, 2017

Beauty and the Beast ဇာတ်...


trend report   |   Posted on Feb 17, 2017

နယူးယောက်ခ် Hip Hop ယဉ်ကေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.