Celebrity Beauty   |   Posted on May 10, 2019 by Yin Moe Shinn
MET GALA ညရဲ့ Campy ဖြစ်တဲ့ Hair and Makeup Look ကိုပိုင်ဆိုင်ထားတဲ့အနုပညာရှင်တချို့ 
ထူးခြားတယ်ဆိုတာထက်ပိုထူးခြားအောင်ဖန်တီးပေးကြတဲ့ဖန်တီးရှင်တချို့ ရဲ့ လက်ရာတွေက....
Share this article
Extreme ဖြစ်တဲ့ Hair and Makeup Look တွေနဲ့ တက်ရောက်လာတဲ့အနုပညာရှင်တချို့  ကိုဖော်ပြရင်းဘယ်လိုတွေပြင်ဆင်လိမ်းခြယ်ထားလည်းကြည့်ရအောင်နော် ။
Lady GaGa
Gaga ကတော့ show တစ်ခုလုံးကိုသိမ်းပိုက်သွားနိုင်သူပါ  ။သူမရဲ့ ခမ်းနားတဲ့ ဖက်ရှင်အပြင်မိတ်ကပ် Look ကလည်း အလွန်အကြူးပါဘဲ ။သူမရဲ့ ပုံစံအတိုင်း Extra Long Lashes ကို  Blonde hair ပေါ်မှာ Bowsအသေးလေးတပ်ထားတဲ့ သူမရဲ့ ဂုတ်ဝဲ ဆံပင်ပုံစံက Lady Gaga ဆိုတာအထူးတလည်ပြောနေစရာမလို ဘဲ Camp  Theme နဲ့ လည်းလိုက်ဖက်နေပါတယ်။
Lily Collins
Lily ကတော့ ပုံပြင်ထဲကထွက်လာတဲ့မင်းသမီးလေးလားထင်ရလောက်အောင် Lavender ကဲ့ သို့ အလွှာတွေတစ်ထပ်ပြီးတစ်ထပ်ရစ်နေတဲ့ ဂါဝန် နဲ့ ကြီးမားတဲ့ Headband ပေါ်မှာ အဖြူရောင်ပန်းပွင့်ချပ်လေးတွေကို တင်ထားပုံကသတို့ သမီးလေးအလားထင်ရတဲ့ Hair look လေးကို hairstylist Gregory Russell က Camp theme နဲ့ အညီဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။
Lupita Nyong’s o
Met Gala ညရဲ့ ကာတွန်းဇာတ်ကောင်သဖွယ် makeup look နဲ့ Lupita ကတော့ ရွှေရောင်ပစ္စည်းလေးတွေကို ထူထဲလှတဲ့ သူမရ ဆံပင်ပေါ်တင်ထားပြီး သူမ
ရဲ့eyeshadows နဲ့ Eyebrows ခြယ်သမှုကြောင့် ကာတွန်းသဏ္ဍန်ဖြစ်နေသူပါ ။ဒီမိတ်ကပ်ရဲ့လျို့ ဝှက်ချက်ကတော့ နက်မှောင်တဲ့ Liner နဲ့ ဆွဲထားတဲ့ ထူထဲတဲ့ Graphic ဆန်ဆန်eyeliner နဲ့ Eyebrow ကြား Glitter and glued shadowsကို သုံးဆင့်ခြယ်သထားသူကတော့ Makeup artist Nick Barose ဘဲဖြစ်ပါတယ်။ ထူးခြားတဲ့ Makeup and hair look
ကတကယ်ကို Campy ဖြစ်စေပါတယ်။
Ezra Miller
ကျနိုင်ခဲ့ သူပါဘဲ။
Cara Delevingne
ရိုးရှင်းတဲ့ မိတ်ကပ်ပေါ်မှာ Electric orange ကာလာ ကို မျက်နှာပေါ် ကန့် လန့် ဖြတ်ရေးဆွဲထားပြီး Rainbow stripes romper style ကို Banana Hat နဲ့ တမူထူးခြားတဲ သူမရဲ့ ဖက်ရှင်ထူးခြားလို့ နေပါတယ်။Cara ကတော့ Rainbow ကာလာဝတ်စုံနဲ့  bisexual personဖြစ်ရခြင်းကို ဂုဏ်ယူနေသူတစ်ယောက်အဖြစ် Met Gala  ညရဲ့ Campy တစ်ယောက်ပါဘဲ။
Gigi Hadid
Gigi ရဲ့ Met Gala ည Makeup look ကိုဖန်တီးပေးသူ ကတော့ Makeup Artist Erin Parsonsဘဲဖြစ်ပါတယ်။ဘယ် Mascara ကိုမှမသုံးဘဲဆူးချွန်လေးတွေလို့ ကော့ညွန့် နေတဲ့ အဖြု ရောင် Eyelashesကထူးဆန်းစွာပေါ်လွင်လို့ နေပါတယ်။ နူးညံ့ တဲ့ ငှက်မွှေးလေးတွေနဲ့ အသေးစိပ်ဖန်တီးထားတဲ့ Gigi  ရဲ့  Makeup Look ကလည်း Camp definition နဲ့ထပ်တူကြခဲ့ပါတယ်။
Editor : Bo
Share this article
TOP 5 ARTICLES
Hair   |   Posted on May 21, 2019
ပုဝါတစ်ထည်နဲ့ HAIR LOOK အ...
Trends   |   Posted on May 21, 2019
2019 ရဲ့ Runway ပေါ်က Seou...
Fashion News   |   Posted on May 20, 2019
Fenty Beauty ပြီးတော့ lux...
Fashion News   |   Posted on May 17, 2019
Calvin Klein ရဲ့ New Camp...
Sign Up for MODA Newsletters
Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.