Art & Books   |   Posted on Sep 29, 2017 by Moe Thandar Lwin

မင်္ဂလာမဆောင်ခင်တစ်ပတ်အလိုမှာ ဘာတွေလုပ်ရမလဲ


သတို့သမီးလောင်းတွေ မေ့ကျန်ခဲ့လို့မရတာတွေရှိတယ်နော်

Share this article

သတို့သမီးလောင်းတို့ရေ ၀ါလည်းကျွတ်တော့မယ်နော်။ ဘာတွေပြင်ဆင်ပြီးသွားပြီလဲကွယ်။ မင်္ဂလာဆောင်ကလည်း မကြာခင်ရောက်လာတော့မှာဆိုတော့လည်း လုပ်စရာတွေရှုပ်ရှက်ခတ်ပြီး သင့်ရဲ့တစ်ကိုယ်ရည်လိုအပ်ချက်တွေကို မေ့သွားပါဦးမယ်။ ဒါကြောင့် သတိလာပေးတာပါနော်။

မင်္ဂလာဝတ်စုံကို အစမ်းဝတ်ကြည့်ဖို့ မမေ့ပါနဲ့

အလုပ်တွေဘယ်လောက်ပဲရှုပ်ရှုပ်ပါနော်။ အချိန်အနည်းငယ်ပေးပြီး မင်္ဂလာဝတ်စုံအစမ်းဝတ်ကြည့်လိုက်ပါဦး။ ဒီလိုဝတ်ကြည့်တဲ့နေရာမှာလည်း သင့်ရဲ့ ၀တ်စုံဒီဇိုင်နာဆီ အရောက်သွားပြီး တစ်ခါတည်းဝတ်ပါ။ ဒါမှ ပြင်စရာရှိတာ၊ ကျဉ်းတာကျယ်တာတွေ ချက်ချင်းတိုင်ပင်ပြင်ဆင်နိုင်ခွင့်ရမှာပါ။

ဖိနပ်ကိုအသားကျအောင်ကြိုစီးပါ

ဝတ်စုံအသစ် ဖိနပ်အသစ် အရာရာအသစ်နဲ့ အိမ်ထောင်မှုဘ၀လေးကို စဖို့ တွေးကြတာမှန်ပါတယ်။ ဒါပေမယ့်လည်း ဖိနပ်ကိုတော့ ကြိုစီးထားပါ။ ဒါမှပဲ မင်္ဂလာပွဲဝင်တဲ့အခါ ဖိနပ်အသစ်ကြောင့် ဖိနပ်ပေါက်တာတွေ၊ ခြေထောက်နာကျင်တာတွေ မဖြစ်မှာပါ။ တစ်ပွဲလုံးကို လိုက်လံနှုတ်ဆက်ရတဲ့အခါ လမ်းတွေလျှောက်ရဦးမှာမို့လို့ သင်တို့နှစ်ဦးရဲ့ ဘ၀အသစ်လေးကို စတင်လျှောက်လှမ်းဖို့ စတင်တဲ့ဖိနပ်လေးဟာ သင်နဲ့အသားကျနေဖို့ လိုအပ်ပါတယ်။

ဟန်းနီးမွန်းအတွက် အဆင်သင့်ဖြစ်ပါစေ

မင်္ဂလာဆောင်ပြီးပြီဆိုရင် ဘယ်သူမှအလုပ်ထပ်ရှုပ်ချင်တော့မှာ မဟုတ်ပါဘူး။ သတို့သားနဲ့သတို့သမီးတွေဆို ပိုဆိုးပါတယ်။ ဒါကြောင့် မင်္ဂလာပွဲပြီးမှ ဟန်းနီးမွန်းထွက်ဖို့ အ၀တ်အစားတွေကို ဘယ်သူထည့်ချင်မှာလဲနော်။ ဒါကြောင့် မင်္ဂလာပွဲမတိုင်ခင်ကတည်းက ဟန်းနီးမွန်းသွားဖို့ လက်မှတ်တွေ၊ ဟိုတယ်တွေတင်မကပါဘူး။ အ၀တ်အစားအိတ်ကိုပါ ကြိုတင်ပြင်ဆင်ထားပါ။

အ၀တ်ပိုထည့်ထားပါဦး

မင်္ဂလာပွဲဝင်ဖို့ ဟိုတယ်ကို သွားတဲ့အခါ အိတ်ထဲမှာ သင့်ရဲ့ လွတ်လပ်ပေါ့ပါးတဲ့အ၀တ်ပိုတစ်စုံထည့်သွားဖို့ လုံးဝမမေ့ပါနဲ့။ မင်္ဂလာဝတ်စုံဂါဝန်ရှည်ကြီးနဲ့ နှစ်နာရီကျော်သုံးနာရီမှလွဲ၍ ကျန်တဲ့အချိန်တွေကိုပါ သင် အချိန်ဖြုန်းနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် မင်္ဂလာပွဲပြီးလို့ အိမ်ပြန်တဲ့အခါပဲဖြစ်ဖြစ်၊ တန်းပြီး ဟန်းနီးမွန်းသွားမယ်ဆိုတဲ့အခါပဲဖြစ်ဖြစ် သင် လွတ်လွတ်လပ်လပ်ပြန်ဖြစ်စေမယ့် အ၀တ်ပိုတစ်စုံကိုတော့ မဖြစ်မနေထည့်သွားရပါလိမ့်မယ်။

ကျန်းမာရေးအတွက်ကြိုတင်ပြင်ဆင်ပါ

တစ်ကယ်တော့ တစ်ပတ်အလိုကတောင် နောက်ကျနေပါပြီ။ တစ်လလောက်အလိုကတည်းက ဆရာဝန်နဲ့တွေ့ဆုံပြီး သင့်ရဲ့ မျိုးဆက်ပွားကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရပါလိမ့်မယ်။ သင်က ဟန်းနီးမွန်းဘေဘီ တန်းယူမှာလား။ ဒါမှမဟုတ် ကလေးမယူသေးပဲ နှစ်အနည်းငယ် နှစ်ယောက်တည်းပဲ ပျော်ဦးမှာလားဆိုတာကတော့ သင့်တို့နှစ်ဦးရဲ့ ဆန္ဒပါပဲ။ အဲဒီ့အပေါ်မှာ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေယူဖို့ ဆေးခန်းပြကိုပြရပါလိမ့်မယ်။

Skincare ထားပါဦးနော်

မင်္ဂလာဆောင်မှာ အရမ်းလှပပြီးလန်းဆန်းနေတဲ့ သတို့သမီးလေးဖြစ်ဖို့ဆိုတာ မင်္ဂလာပွဲမတိုင်ခင်ကတည်းက Skin Treatment တွေယူဖို့ မပျင်းပါနဲ့။ Skincare သေချာလုပ်ထားပါ။ အိပ်ရေးဝအောင်အိပ်ပြီး ရေများများသောက်ပါ။ ဒါမှ ပွဲနေ့ မိတ်ကပ်လိမ်းလိုက်တဲ့အခါမှာ အားလုံးထက်လှတဲ့ နတ်မိမယ်လေးတစ်ပါးဖြစ်နိုင်မှာပါ။

သတို့သမီးလောင်းတွေရေ အခုပြောပြသွားတာတွေကို မေ့မနေကြပါနဲ့ဦး။ အခုပဲ သင်တို့ရဲ့ အချိန်ဇယားထဲမှာထည့်ထားလိုက်ပါတော့။ နောက်ပြီးတစ်ခုပြောဖို့ကျန်နေသေးတယ်။ အဲဒါကတော့ တစ်ယောက်တည်းနေပါ။ မကြာခင်မှာ နှစ်ယောက်တစ်ဘ၀ကိုတည်ထောင်ရတော့မှာဖြစ်လို့ လက်ကျန်အချိန်လေးတွေကို နောက်ဆုံးအနေနဲ့ သင်ကြိုက်တာတွေ သင်လုပ်ရင်း တစ်ယောက်တည်း အနားယူပစ်လိုက်ပါဦးလို့ ပြောချင်ပါတယ်။

 

Editor : Moethae Say



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Feb 19, 2018

The Voice Myanmar ကို အသက...


Fashion News   |   Posted on Feb 19, 2018

Burberry က တင်ဆက်လိုက်သော...


Celebrity News   |   Posted on Feb 19, 2018

Cara Delevingne ကလျှောက်လ...


Parties & Events   |   Posted on Feb 19, 2018

Red Kiss Party For Galent...


Hair   |   Posted on Feb 17, 2018

Spring Runways ကနေ ပြန်လည...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.