Interiors   |   Posted on Oct 23, 2017 by Moe Thandar Lwin

Microsoft Company ၀န်ထမ်းတွေရဲ့ သဘာဝအလုပ်ခွင်ကြီးတစ်ခု


မရှိဘူး မရှိဘူး ဒီလိုနေရာမျိုးမှာ အလုပ်မလုပ်ချင်တဲ့သူ မရှိလောက်ဘူး

Share this article

တကယ်လို့မှ သင်သာ သာယာအုံ့ဆိုင်းပြီး ကြည်နူးစရာကောင်းတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ချင်တယ်ဆိုရင်တော့ Microsoft Company မှာ အခုပဲ အလုပ်သွားလျှောက်လိုက်ဖို့ သင့်နေပါပြီနော်။ အခုဆို Microsoft Company က ၀န်ထမ်းတွေဟာ ငြိမ်းချမ်းပြီး သက်တော့သက်သာရှိတဲ့ သစ်လုံးအိမ်လေးကို အလုပ်လုပ်စရာ လုပ်ငန်းခွင်အဖြစ် ပိုင်ဆိုင်ထားကြပါပြီ။ အဲဒီ့ သစ်လုံးအိမ်လေးထဲမှာ မီးလင်းမီးဖိုလေးလည်း ပါဝင်သလို မြင့်မားတဲ့ ၀ါးအမိုးမြင့်ကြီးနဲ့ ဆောက်လုပ်ပေးထားတာပါ။ ဒီသစ်လုံးအိမ်တွေကို Microsoft က ပစိဖိတ်ပင်လယ်မြောက်ပိုင်းက Douglas fir လို့ အမည်ရှိတဲ့ သစ်ပင်ကြီးပေါ်မှာဆောက်လုပ်ပေးထားတာဖြစ်ပြီး မြေပြင်ကနေ ၁၂ပေ အမြင့်မှာ တည်ရှိပါတယ်။ အဲဒီ့နေရာမှာ Wi-Fi လည်း အသင့်ရှိနေပါတယ်နော်။

Microsoft Company ရဲ့ ၀န်ထမ်းတွေ စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ဒီလိုသစ်လုံးအိမ်ကြီးသုံးလုံးကို Treehouse Masters TV Show က Host တစ်ယောက်လည်း ဖြစ်တဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာ Pete Nelson က ဆောက်လုပ်ပေးထားတာဖြစ်ပြီး ဘာကြောင့် ဆောက်လုပ်ဖြစ်လဲဆိုရင်တော့ Microsoft Company က ၀န်ထမ်းတွေဟာ အခွင့်အရေးရမယ်ဆို အဆောက်အအုံကြီးတွေရဲ့ ပြင်ပနေရာလေးတွေမှာပဲ အလုပ်လုပ်ချင်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီသစ်လုံးအိမ်ကြီး သုံးလုံးထဲမှာ နှစ်လုံးကတော့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပြီး ကျန်နေတဲ့ နောက်အိမ်တစ်လုံးကိုတော့ ဒီနှစ်အတွင်းမှာ အပြီးဆောက်လုပ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီ အရွယ်အစားတူညီတဲ့ သစ်လုံးအိမ်တွေထဲမှာ ၀န်ထမ်းတွေ အစည်းအဝေလုပ်ဖို့ အခန်းတွေပါဝင်သလို လူတွေနဲ့ ခပ်ဝေးဝေးမှာ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်ကိုင်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေစေတဲ့ နေရာလေးတွေကိုပါ စီစဉ်ပေးထားပါသေးတယ်။ Microsoft ရဲ့ Website မှာတော့ ၀န်ထမ်းတွေဟာ နားနားနေနေအလုပ်လုပ်ကြဖို့နဲ့ ပိုပြီး တီထွင်ဖန်တီးမှုစွမ်းအင်တိုးတက်လာအောင် လုပ်ပေးဖို့ ပြောဆိုကြတဲ့အတွက် အခုလိုစီစဉ်လိုက်တယ်လို့ ရေးသားထားပါသေးတယ်။

တကယ့်ကိုပဲ ရေစိုခံခုံတန်းရှည်ကြီးတွေ၊ နောက်ပြီး ၀ါးအမိုးမြင့်ကြီးတွေနဲ့ သဘာဝသစ်သားထိုင်ခုံလေးတွေအပြင် ပြင်ပက သဘာဝနေအလင်းရောင်ခြည်တွေနဲ့ အလုပ်လုပ်ရမယ်ဆိုရင်တော့ စိတ်ဖိစီးမှုတွေတစ်ဝက်လောက်ကို လျော့ကျသွားမှာ အသေအချာပါပဲနော်။ နောက်ပြီး ဒါတွေတင်မကသေးပါဘူးတဲ့။ ၀န်ထမ်းတွေစားသောက်ဖို့အတွက် ကော်ဖီဆိုင်လေးရော၊ စားသောက်ဆိုင်လေးကိုရောပါ ထားပေးထားပါသေးတယ်။

ဒီအလုပ်ခွင်မှာ စိုက်ထားတဲ့သစ်ပင်တွေဟာလည်း တဖြည်းဖြည်း ရှင်သန်ကြီးထွားလာဦးမှာဖြစ်တဲ့အတွက်ကြောင့် ဒီအဆောက်အအုံဟာ အနည်းဆုံး နှစ်ပေါင်း ၂၀ ခံနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ သဘာဝကို ခံစားရင်း အလုပ်လုပ်ရတော့ တကယ်ကိုကံကောင်းတဲ့ လူသားတွေလို့ပဲ ပြောချင်ပါတယ်။ ဒီလိုနေရာမျိုးမှာ အလုပ်မလုပ်ချင်တဲ့ ၀န်ထမ်းလည်း မရှိလောက်ပါဘူးနော်။ လူနေထူထပ်ပြီး ဓာတ်ငွေ့တွေဖုံးလွှမ်းနေတဲ့ လူ့အဖွဲ့အစည်းကြားထဲကနေ တိုးထွက်ပြီး အခုလိုအလုပ်လုပ်ရမယ်ဆိုရင်တော့ စိတ်လည်းချမ်းသာ၊ ကျန်းမာရေးနဲ့လည်း ညီညွှတ်၊ အလုပ်တွေလည်း ပိုပြီးတိုးတက်လာတော့မှာပဲ။

Editor : Moethae Say

Ref : The Verge Website

 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.