Celebrity News   |   Posted on Aug 5, 2019 by Ja Seng Pan

Milkey Foster နဲ့ သတင်းတွေထွက်နေတဲ့ Ariana Grande


လတ်တလောကမှ ထွက်လာတဲ့ Music Video ထဲမှာတောင် ချစ်ကြည်နူးနေကြတာနော်

Share this article

Ariana ရဲ့ Boyfriend သီချင်းထွက်လာ အပြီးမှာ ဒီသတင်းက ထွက်လာတာဖြစ်ပါတယ်။ သူမရဲ့ သီချင်းမှာ Featuring အနေနဲ့ ပါဝင်ထားတဲ့ Social House

အဖွဲ့ဝင်ထဲက တစ်ယောက်နဲ့ ချစ်ကြိုက်နေပြီလားဆိုပြီး မီဒီယာအသိုင်းအ၀ိုင်းက ၀ိုင်းပြီးမှတ်ချက်ပေးနေတာပဲဖြစ်ပါတယ်။

ဒီသီချင်း Music Video ထဲမှာ Social House အဖွဲ့ဝင် Milkey Foster နဲ့ အပေးအယူကောင်းကောင်းနဲ့ သရုပ်ဆောင်ထားကြတာ ပုံမှန်ထက် ပိုနေတယ်လို့ ပရိတ်သတ်တွေက ထင်ကြေးပေးနေကြပါတယ်။



အဲ့ဒါတင်မက Milkey Foster တစ်ယောက် Instagram မှာ တင်ထားတဲ့ ပို့စ်ကြောင့် လူမှုကွန်ရက်မှာ ပိုပြီးဆူညံသွားခဲ့ပါတယ်။

Ariana နဲ့ Milkey က သူငယ်ချင်းတွေအဖြစ် ရင်းနှီးနေပြီးသားဖြစ်ပါတယ်။ Thank U, Next  သီချင်းကတည်းက လက်တွဲလုပ်နေခဲ့ကြတာဖြစ်ပြီး 7 rings အထိ အောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်။



ကဲ အချစ်ရေးမှာ နာမည်ကြီးတဲ့ Ariana တစ်ယောက် Mileky နဲ့ Boyfriend သီချင်းထဲကလိုပဲ သူငယ်ချင်းအဆင့်ကနေ ပိုသွားမလားဆိုတာကတော့  စောင့်ကြည့်ရမှာပဲနော်။ 

 Editor: Pan JN



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.