Street Style   |   Posted on Jul 6, 2019 by Yin Moe Shinn

မိန်းကလေးတွေအတွက် ဆွဲဆောင်မှုရှိတဲ့ bare chest street style


မသေမသပ် Bare chest style နဲ့ ဆွဲဆောင်မှုရှိနေတဲ့ကောင်လေးတွေ

Share this article

ဒီတစ်ခါမှာတော့ men fashion နဲ့ ပတ်သတ်တာလေးပြောပြချင်ပါတယ်။ ယောက်ကျားလေးတော်တော်များ ကနောက်ပိုင်းအလှအပရေးရာမှာမိန်းကလေးတွေနီးပါး ဂရုစိုက်လာကြတာတွေ့ ရပါတယ်။ ဖက်ရှင်ပိုင်း အသားအရည်ပိုင်းသာမက Body ပိုင်းကိုပါ အလေးထားပြုပြင်လာကြပါတယ်။ အားကစားတစ်ခုအနေနဲု့ Gym ဆော့ရာကနေ Body လှဖို့ ကြွက်သားတွေထွက်လာဖို့ စတဲ့နည်းလမ်းမျိုးစုံနဲ့ အလုပ်ရှုပ်လို့ လာပါတယ်။ ဒါတွေမကဘဲဖက်ရှင်ပိုင်းမှာပါ ဖြစ်သလိုမဝတ်ဘဲအထာကျကျ ဖက်ရှင်ကျကျ ဝတ်လာကြပါတယ်။ ဖက်ရှင်ကျမယ်ဆိုရင်လည်းကိုယ်နဲ့ လိုက်ဖက်တဲ့ဖက်ရှင်ကိုရွေးချယ်နိုင်ဖို့ ကအဓိကပါ။ ဒီထဲမှာ မှ ဒီနှစ်ထဲခေတ်စားလာတဲ့ mens street style လေးကိုဝေမျှပေးချင်ပါတယ်။ မိန်းကလေးတွေအတွက်တကယ်ဆွဲဆောင်မှုရှိတဲ့ စတိုင်ကိုပြပါဆိုရင် ဒီ စတိုင်လေးကိုညွှန်းချင်ပါတယ်။ street style ဆိုတဲ့အတိုင်း လွတ်လပ်ပေါ့ပါးမှုအသွင်ဆောင်နေတဲ့bare chest style လေးပါ။ A bit of bare chest street style လို့ ခေါ်တဲ့ ရှပ်အင်္ကျီကိုရင်ဘတ်နည်းနည်း

ဖော်ဝတ်တဲ့ style လေးပါ။ summer style လို့ ဆိုကြပေမယ့်ဘယ်အချိန်မဆို ကြည့်ရအဆင်ပြေတဲ့ style လေးပါ။ ပြောင်ရှပ်အင်္ကျီတွေဝတ်ကြသလို print ပါတဲ့ရှပ်အင်္ကျီတွေကပိုထိရောက်ပါတယ်။ နောက်ပိုင်းကုတ်အင်္ကျီတွေကိုလည်း အတွင်းကဘာရှပ်မှမဝတ်ဘဲ ဒီတိုင်းရင်ဘတ်ဟပြီးဝတ်လာကြပါတယ်။  ဒီတော့ ခပ်ပျော့ပျော့ ရှပ်အင်္ကျီကိုရင်ဘတ်အနည်းငယ်ဖော်ဝတ်လိုက်မယ်ဆိုရင်တော့ လူငယ်ဆန်ပြီးဆွဲဆောင်မှုရှိတဲ့ style ကိုသင်ရမှာပါ။ သေချာ gym ဆော့ထားတဲ့ယောက်ကျားလေးတွေလည်းဒီလို ကြယ်သီးအနည်းငယ်ဖြုတ်ထားပြီးရင်ဘတ်ဟထားတဲ့ street style လေးကိုဝတ်လိုက်ရင်ဆွဲဆောင်မှုရှိပြီး အထာကျသွားနိုင်သလိုပိန်ပိန်သွယ်သွယ်ကောင်လေးတွေနဲ့ လည်းအေးစက်တဲ့စတိုင်ကိုဖြစ်ပေါ်စေပြီးတကယ်လိုက်ဖက်တဲ့ စတိုင်လေးဖြစ်မှာပါ။ဘာမှရှုပ်ယှက်ခက်မနေဘဲ ရှင်းရှင်းလေးနဲ့ အထာကျစေမယ့်အပြင် ယောက်ကျားဆန်တဲ့ ပုံပေါ်ပြီး မိန်းကလေးအများစုသဘောကျတဲ့ပုံစံဆိုတာအသေအချာပါ။ ဒီထက်ပိုပြီးစတိုင်ကျချင်ရင်တော့ ရှင်းနေတဲ့ ရင်ဘတ်မှာပေါ့ပေါ့ပါးပါး

ဆွဲကြိုးလေးတွေ ၊ လည်စည်းလေးတွေစည်းလို့ လည်းရပါသေးတယ်။ အခုပြောပြတဲ့ a bit of bare chest street style က try သင့်တဲ့ style ထဲမှာပါတာမို့ စဉ်းစားမနေဘဲအကောင်အထည်ဖော်ပြီးအထာကျနိုင်ပါစေနော်။

Editor : Bo



Share this article

TOP 5 ARTICLES


Food & Travel   |   Posted on Jul 22, 2019

ဝိတ်မလျော့နိုင်ဘဲ FOODIE...


Celebrity Style   |   Posted on Jul 15, 2019

၁၇ နှစ်သာရှိသေးတဲ့ထူးခြား...


Health   |   Posted on Jul 15, 2019

bROW PINCHING ဆိုတာ... ?

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.