makeup   |   Posted on Dec 12, 2016 by kiki

မိန်းကလေးတွေနှစ်ခြိုက်ကြမယ့် ချစ်စရာနှုတ်ခမ်းနီများ


Packaging ဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းနေတဲ့အချက်ကိုက ဒီနှုတ်ခမ်းနီလေးတွေကို ၀ယ်ချင်လာစေတာပါပဲ။

Share this article

Too Cool for School Max in Pocket Lip Balm, $12

အစိုဓာတ်ဖြည့်တင်းပေးပြီး glossပုံစံ နှုတ်ခမ်းနီဖြစ်ပြီး Compactပုံစံဖြစ်ပါတယ်။ဗူးထဲမှာ မှန်ပါပြီးကြောင်မျက်နှာလေးပုံစံလုပ်ထားတဲ့အပြင် Metal Keychainလေးပါလို့ အိတ်မှာ အလှဆင်လို့လည်းရပါသေးတယ်။ဈေးက $12ပါ။

Maybelline Baby Lips Crystal Moisturizing Lip Balm, $4.49

နာမည်ရှိပြီးသား Maybelline ကထုတ်တာဖြစ်လို့ ထွေထွေထူးထူးညွှန်းစရာတော့မရှိပါဘူး။ဆိုးလိုက်ရင် နှုတ်ခမ်းမှာ နူးညံ့နေပြီး စေးကပ်မှုမရှိပါဘူး။ဒါ့အပြင် ခရစ်စတယ်အမှုန်လေးတွေပါဝင်ပြီး Grafftiပုံစံ စာလုံးလေးတွေကြောင့် ဘူးလေးဟာ ချစ်စရာကောင်းနေတာအမှန်ပါပဲ။ဈေးနှုန်းလေးကလည်း ချိုသာပြီး $ 4.49ပဲ ကျသင့်မှာပါ။

TonyMoly Panda’s Dream Pocket Lip Balm, $9.50.

ရုတ်တရက်ကြည့်လိုက်ရင် သော့ချိတ်လေးလားထင်မှတ်မှားရအောင် ချစ်စရာကောင်းတဲ့ ပန်ဒါ နှုတ်ခမ်းနီလေးက Tony Molyကထုတ်တာဖြစ်ပြီး အိတ်ဆောင်Lip Balmလေးပါ။အရမ်းကို ချစ်စရာကောင်းပြီး ဈေးနှုန်းလေးက $9.50ပါ။

 eos Shimmer Lip Balm in Sheer Pink, $5.49.

EOS Shimmer Lip Balm in Sheer Pinkကတော့ EOSရဲ့ ပုံစံအတိုင်း Leatherဆန်ဆန်ဘူးပုံစံအလုံးလေးကိုမှ အပေါ်မှာ ကနုတ်ပုံစံလေးဒီဇိုင်းထုတ်ထားတာဖြစ်ပြီး နှုတ်ခမ်းသားကို အစိုဓာတ်နဲ့အာဟာရဓာတ် ဖြည့်တင်းပေးပါတယ်။ဈေးကတော့ $ 5.49ပါ။

 HolikaHolika Dessert Time Lip Balm, $10

Cupcakeတစ်ခုကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲ အထူးသဖြင့် ဖရဲသီးနံ့လေး ပါတဲ့ ပန်းရောင် Lip Balm Cupcakeလေးကိုပေါ့။Holika Hoikaက ထုတ်ထားတာဖြစ်ပြီး ဈေးနှုန်းက$10ပါ။

Love + Sage Lip Balms, $12

ထုတ်ပိုးမှုပုံစံကတော့ ပုံမှန်အတိုင်းရိုးရှင်းပေမယ့် Brooklynမှာ ထုတ်လုပ်တဲ့ ဒီနှုတ်ခမ်းနီလေးကို Instagramလို sortတွေကနေ ကိုးကားထားတဲ့ print designနဲ့ထုတ်ထားတာဖြစ်ပါတယ်။$12ပါ။

 The Body Shop Merry Kiss-Mas Wand, $24.

ချစ်စရာကောင်းပြီး အရသာရှိမယ့် Lip Butterလေးတွေကို ချိုချဉ်ပုံစံဘူးထဲမှာ သေချာထုတ်ပိုးထားပြီး ဘူးအပေါ်က Merry Kiss Masဆိုတဲ့ စာသားလေးက သင့်ကို ချက်ချင်းပြုံးသွားစေမှာပါ။Lip Butter ငါးခုပါဝင်ပြီး ဈေးနှုန်းက $24ပါ။

Skinfood Honeypot Lip Balm, $10

ပျားရည်အိုးပုံစံလေးဖြစ်ပြီး ချက်ချင်းကို စားချင်စိတ်တွေပေါ်လာမှာပါ။Lip Balmအမျိုးအစားဖြစ်ပြီး $10 ပါ။

It’s Skin Macaron Lip Balm in Grape, $6.40.

It’s Skin Macaron Lip Balm in GrapeဟာMacaronချစ်သူတွေအတွက်တော့အကြိုက်တွေ့စေမှာပါ။Sheaနဲ့ Cocoa ထောပတ်ပါပြီး Antioxidantပါဝင်တဲ့ နှုတ်ခမ်းနီလေးကို Macaronပုံစံ ဘူးလေးထဲမှာ ထုတ်ပိုးထားတာဖြစ်ပါတယ်။ဈေးနှုန်းက $6.40ပါ။

MisshaVolumizing Lip Essence, $4.80

Tubeပုံစံမျိုး ရိုးရိုးရှင်းရှင်းလေးဖြစ်ပေမယ့် အရောင်လေးတွေနဲ့ ဘူးအပေါ်က နှုတ်ခမ်းပုံစံလေးတွေက သင့်ကို ၀ယ်ချင်လာအောင် ဆွဲဆောင်နိုင်တာ အသေအချာပါပဲ။ဈေးကလည်း သက်သာပါတယ် $4.80ပါ။

TonyMoly Petit Bunny Gloss Bars, $8

Vitamin Eအပြည့်ပါဝင်တဲ့ ယုန်ပုံစံ နှုတ်ခမ်းနီချောင်းလေးတွေက အမြင်အတွက်ပဲ လှစေတာမဟုတ်ပါဘူး အလွန်နူးညံ့မှုနဲ့ အသီးအနံ့လေးတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ ဈေးနှုန်းက $8ပါ။ ချစ်စရာကောင်းလို့ တစ်ချောင်းလောက်တော့ ၀ယ်ထားသင့်ပါတယ်။

Lip Smacker Coke Cup Lip BaLM 4$

သင်က Coke Fanတစ်ယောက်ဆိုရင်တော့ ဒီနှုတ်ခမ်းနီကို မရှိမဖြစ်ကို ၀ယ်သင့်ပါတယ်။စိတ်ကျေနပ်မုအပြည့်အ၀ပေးနိုင်တဲ့အပြင် Sprite,Fanta နဲ့ Cherry Coke အရသာတွေပါ ရွေးချယ်စရာရှိလို့ အမိုက်စားပါပဲ။ဈေးနှုန်းကလည်း $4ပဲနော်။

Captain Blankenship Rosy Red Lip Balm, $16.

ပါးနီအဖြစ်ရော နှုတ်ခမ်းနီအတွက်ပါ အသုံးပြုလို့ ရတဲ့ Captain Blankenship Rosy Red Lip Balmမှာ သဘာဝ အပင်တွေကရတဲ့ဆီနဲပထောပတ်တွေပါဝင်ပါတယ်။ထုတ်ပိုးမုပုံစံကလည်း အိတ်ဆောင်အနေ သံဗူးအ၀ိုင်းလေးထဲမှာ Lip Balmထည့်ထားတာပါ။ရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းလို့ ၀ယ်သင့်ပါတယ် ဈေးနှုန်းက $16ပါ။

 SuYiHtet

www.teenvogue.com

 

Save



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Oct 16, 2017

Reputation ရဲ့အပိုင်းအစတခ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.