Celebrity Beauty   |   Posted on Nov 23, 2019 by Ja Seng Pan
မိန်းကလေးတိုင်းကို Confident ရှိစေချင်တဲ့ May Thet (Follow Her)
ပျိုပျိုမေတို့အတွက် May Thet (Follow Her) ရဲ့ အလှအပလက်ဆောင်
Share this article
ပျိုမေတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ အလှအပအကြောင်း လေ့လာလို့ရအောင် The 20 Beauty Questions လေးကို တင်ဆက်ပေးချင်ပါတယ်။ အမျိုးသမီးတွေရဲ့ အလှအပနဲ့ ပတ်သတ်တဲ့ အတွေးအမြင်တွေနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ကူးတွေ၊ စွမ်းအင်တွေကို ဒီ Article လေးထဲမှာ မြင်တွေ့ရမှာပါ။ ပရိတ်သတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ Beauty Blogger တစ်ဖြစ်လဲ Lifestyle Blogger တစ်ယောက်ဖြစ်တဲ့ Follow Her (May Thet) နဲ့ တွေ့ဆုံပြီး မေးခွန်းအခု ၂၀ကို ခပ်သွက်သွက်လေး မေးမြန်းထားပါတယ်။ စိတ်ဝင်စားသွားပြီဟုတ်။ ဘယ်လိုမေးခွန်းတွေ မေးမြန်းထားပြီး ဘာတွေဖြေထားလဲဆိုတာကိုတော့ အခုပဲ ကြည့်လိုက်တော့နော်။
Beauty ဆိုတာကို ဘယ်လိုခံယူထားလဲ။
Beauty ဆိုတာကို May အတွက်တော့ Confident တစ်ခုလို့ ခံယူထားပါတယ်။ အလှအပဆိုတာက သူများကြည့်ဖို့အတွယ်ရယ် မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို ဘယ်လို Portray လုပ်လဲ ကိုယ့်ရဲ့ Inner Self ပေါ့။ ကိုယ့်ရဲ့စိတ်ထဲမှာ ခံစားနေရတဲ့အပေါ်လိုက်ပြီး May က မိတ်ကပ်လိမ်းခြယ်တာမတူဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေသလို အတိုင်း ဒီနေ့မှာ ရဲရဲဝင့်ဝင့်လုပ်စရာကိစ္စရှိတယ်ဆိုရင် ကိုယ့်ကိုယ်ကို Bold Makeup Look တစ်ခုဖြစ်အောင်ပြင်လိုက်တယ်။ အဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ Beauty တစ်ခုက မေ့အတွက် Confident ကိုပေးတယ်။ ကိုယ်က တစ်ခါတစ်လေ ကိုယ်က စိတ်အေးအေးလေး Lively Mood ကို ခံစားနေရရင် ပေါ့ပေါ့ပါးပါး မိတ်ကပ်လေးပဲလုပ်လိုက်တယ်။ ပေါ့ပေါ့ပါးပါးပဲနေလိုက်တယ်။ Beauty ဆိုတာက မေ့အတွက်တော့ Confident တစ်ခု၊ ကိုယ့်စိတ်ခံစားမှုတစ်ခုလို့ မေက ခံယူတယ်။
Beauty Blogger တစ်ယောက်ဖြစ်ရတဲ့အပေါ် အကြိုက်ဆုံးအရာဆိုရင်။
Sharing က မေ့အတွက်အကြိုက်ဆုံးတစ်ခုလို့ ပြောရမှပေါ့။ Beauty Blogger ဖြစ်လာတာဆိုတာကလည်း အစထဲက မေက ကိုယ့်ရဲ့အလှအပ၊ ကိုယ်လုပ်သလို လုပ်ရမယ်ဆိုတဲ့ သဘောမျိူးမဟုတ်ဘူး။ မေက မေလုပ်နေတဲ့ ပုံစံလေးတစ်ခုကို မေက အကောင်းဆုံးဖြစ်အောင်လုပ်ပြီး Sharing လုပ်တာပေါ့နော်။ ဒီလို Sharing လုပ်နေတာကနေ မေ့ကို ချစ်တဲ့သူတွေနေ လက်ခံလာတယ်။ လက်ခံလာကနေ Beauty Blogger တစ်ယောက်ဖြစ်သွားတာပေါ့။ အစတုန်းက မေ Page ကို စထောင်တုန်းက မေ့ရဲ့ Lifestyle Tip လေးတွေ မေရေးတယ်။ Motivation စာလေးတွေရေးတယ်။ အဲ့ဒီကနေမှ မေ့အသားအရေလေး သဘောကျ ကျတော့ မေးမြန်းလာတာတွေရှိတယ်။ အဲ့ဒီအချိန်မှာ Beauty ကိုစရေးဖြစ်ခဲ့တယ်။ ကိုယ့် Sharing လုပ်လိုက်တာကို တစ်ဖက်မှာ အကျိူးရှိသွားရင် မေကအရမ်းဝမ်းသာတယ်။
အလှအပရေးရာနယ်ပယ်မှာ အလုပ်လုပ်ရတာ ပင်ပန်းလာတဲ့အချိန်တွေရှိလား။
မေအတွက်က ပင်ပန်းတဲ့အချိန်တွေမရှိဘူးလို့ ပြောလို့ရတယ်။ စိတ်ကို ပျော်ပျော်ပဲ ထားတာပေါ့နော်။ မေရဲ့ အစကတည်းက Intension က Sharing လုပ်ချင်တဲ့ Intension ပဲရှိတော့ ကိုယ့်ဘက်ကတော့ အပြိုင်အဆိုင်တွေရှိတယ်လို့ မခံယူဘူးပေ့ါ။ တခြားလူတွေလည်း သူတို့ သိတဲ့ဟာတွေ Sharing လုပ်သလို မေလည်း မေသိတာတွေ Sharing လုပ်တယ်။ ကိုယ့်ကို ချစ်ခင်တဲ့သူတွေရှိသလို ကိုယ့်ကို မချစ်ခင်တဲ့သူတွေလည်းရှိတာပေါ့နော်။ အရာရာတိုင်းက Positive၊ Negative ဆိုတာ ရှိတာဆိုတော့ မေ့အတွက်က ဘာမှ မပင်ပန်းပါဘူး။ 
မိတ်ကပ်စလိမ်းမယ့်သူတွေကို Recommend ပေးချင်တဲ့ Product က။
မေက စပြီး Beauty ကိုလုပ်ကတည်းက Skincare ကို အဓိက ထားပြီးလုပ်ခဲ့တာဆိုတော့ မိတ်ကပ်လိမ်းမယ့်သူတွေအနေနဲ့ သုံးရမယ့်ပစ္စည်းက Sunscreen ပြီးတော့မှ Primer ပေါ့။ Sunscreen ဆိုရင်တော့ မေ Recommend ပေးတာက Snail White Sunscreen ပေါ့။ မေသုံးတာတော်တော်ကြာပြီ။ နောက်တစ်ခုက Primer ပေါ့။ Primer ကိုတော့ မေဘယ် Brand ရယ်လို့ မပြောတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက်သုံးမယ့် ပုံစံချင်း ကွာတာပေါ့နော်။ မိတ်ကပ်သိပ်သိပ်လေးဖြစ်ချင်တဲ့သူက မိတ်ကပ်သိပ်သိပ်လေးဖြစ်မယ့်ဟာသုံးမယ်။ Moisture ဖြစ်ချင်တဲ့သူက Hydrating Primer လေးသုံးမယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ကပ်လိမ်းခံနီး ဆိုရင် အရင်ဆုံး Sunscreen၊ Primer အရမ်းအရေးကြီးတယ်။ အရင်ဆုံးသုံးပေးပါလို့ Finishing အတွက်ဆိုရင် Setting Spray ဒါမှမဟုတ် Mist ပေါ့။ အဲ့ဒါနဲ့ သေချာလေးဖြန်းပေးဖို့လိုပါတယ်။
နောက်ဆုံးထွက် Beauty Product ထဲက အကြိုက်ဆုံးဆိုရင်။
Maybelline ထဲက Coconut Mascara။ အဲ့ဒါလေးတော်တော်ကြိုက်တယ် တစ်နေကုန်လည်းခံတယ်။ ကော့လည်းတော်တော်ကော့တယ်ပေါ့နော်။ မေ့အနေနဲ့ဆိုရင် မျက်တောင်ကော့တံလေးနဲ့ ကော့လိုက်ပြီး အဲ့ဒါလေး သုံးလိုက်တယ်။
ခရီးသွားတဲ့အချိန်မှာ ဘယ်မြို့ ဒါမှမဟုတ် ဘယ်နိုင်ငံက အကောင်းဆုံး Beauty Inspiration ကိုပေးလဲ။
ကလောပေါ့။ ဘာလို့လဲဆို မေက မိတ်ကပ်ပြင်ရင် Soft Makeup Look လေးပြင်တာများဆိုတော့ ကလောဘက်က ရာသီဥတုက အေးအေးချမ်းချမ်းလေးနဲ့ ကိုယ့်စိတ်ခံစားချက်နဲ့ သွားကိုက်တယ်ပေ့ါနော်။ ကလောရဲ့ Inspiration၊ အရောင်နုနုလေးတွေ၊ Natural အရောင်လေးတွေ၊ ကောင်းကင်ပြာပြာနုနုလေးတွေက ဓာတ်ပုံရိုက်ရင်လည်း Blending ဖြစ်တယ်။ ကိုယ့် Makeup Look နဲ့ဆိုလည်း အရမ်းလှတယ်။ မေ့ရဲ့ Beauty Inspiration ကတော့ ကလောပါ။
ကိုယ်သတ်မှတ်ထားတဲ့ Beauty Rule တစ်ခုက ဘာဖြစ်မလဲ။
Always Smile ပေါ့။ တစ်ခါတစ်လေ Skincare လိမ်းပြီး မိတ်ကပ်မလိမ်းတဲ့အချိန်တွေမှာ ပြုံးပြီးတော့ လူအားလုံးကို ပြုံးပြုံးရွှင်ရွှင်စကားပြောရတာက Confident လည်းရှိစေတယ်။ လှနေတယ်လို့ ခံစားရတယ်။ A Smile is the biggest thing ပါပဲ။ မေခံယူထားတာကတော့ အမြဲပြုံးပြုံးရွှင်ရွှင်နေပါ။ မိတ်ကပ်လိမ်းထားသည်ဖြစ်စေ၊ မလိမ်းထားသည်ဖြစ်စေ ဒီအပြုံးလေးတစ်ခုနဲ့တင် မျက်နှာက ပြည့်စုံနေပြီ။
ကိုယ့်သူငယ်ချင်း ညီမတွေ၊ အစ်မတွေကို ပေးဖြစ်တဲ့ Beauty Advice က။
Sunscreen လိမ်းဖို့ပါ။ အခုက နေလည်းအရမ်းပူတော့ ရာသီဥတုအပြောင်းအလဲတစ်ခုမှာဆိုရင် အသားအရေက အရမ်းပျက်စီးတယ်။ မိုးအုံ့နေလို့ Sunscreen မလိမ်းရဘူး မဟုတ်ဘူး။ မိုးအုံ့နေတဲ့အချိန်မှာလည်း လိမ်းသင့်တယ်။ ဘာလို့လဲဆိုတော့ နေရောင်ခြည်က တိုက်ရိုက်လာနေတုန်းပဲ။ စိုစိတ်စိတ်ရာသီဥတုမှာလည်း အသားအရေက ပျက်စီးလွယ်တယ်။ အဲ့ဒါကြောင့်မို့ Sunscreen ကို အမြဲလိမ်းသင့်တယ်။ မျက်နှာကော Body Lotion အနေနဲ့ကော Sunscreen ကို SPF 50 plus ပါတဲ့ဟာမျိူးက အကောင်းဆုံးပဲ။ နောက်တစ်ခုက Mist ဖြန်းဖို့ပါ။ မျက်နှာအသားအရေတွေ ခြောက်လာတယ်။ Mist ဆိုရင် မေက ဘူးအသေးလေးတွေ ဆောင်ခိုင်းတယ်။ အိတ်ထဲမှာ အမြဲထည့်ထားရုံပဲ။ အပြင်မှာ နည်းနည်းပူလာပြီဆိုတာနဲ့ Mist လေးဖြန်းလိုက်။ လူလည်းအေးသွားတယ်။ မျက်နှာလေးလည်း အေးအေးစိုစိုလေးဖြစ်သွားတယ်။
ရထားတဲ့ အကောင်းဆုံး Beauty Tip ဆိုရင် ဘာဖြစ်မလဲ။
မျက်နှာသစ်ပြီးပြီးချင်း Toner လိမ်းဖို့ပေါ့။ မျက်နှာသစ်ပြီးပြီးချင်းမှာ မေတို့သုံးလိုက်တဲ့ Product တွေက PH Level ကို unbalance ဖြစ်စေတယ်။ မျက်နှာခြောက်သွားတာပေါ့။ ခြောက်သွားတာက အကောင်းမဟုတ်ဘူး။ ဆဲလ်တွေ ပျက်စီးသွားတာ၊ သေသွားတာမျိူးတွေရှိတယ်။ အဲ့ဒါကြောင့် မျက်နှာသစ်ပြီးပြီးချင်း Toner ချက်ခြင်း မလိမ်းဖြစ်ဘူးဆိုရင်တောင်မှ Mist လေးနဲ့ အရင်ဆုံးဖြန်းလိုက်။ များသောအားဖြင့် မေက ဘယ်လိုလုပ်ဖြစ်လဲဆိုရင် ရေချိူးခန်းထဲမှာ တစ်ခါတည်း Toner ထားတာတယ်။ ဒါမှမဟုတ် Mist လေးထားတာတယ်။ အကယ်၍ အဲ့လိုမျိူးမလုပ်နိုင်ဘူးဆိုရင် မျက်နှာသစ်ပြီးပြီးချင်း Towel နဲ့မသုတ်နဲ့။ ဒီတိုင်း အစိုအတိုင်းပဲထား။ စိမ့်ဝင်သွားလိုက်မယ်။ အဓိကကတော့ မျက်နှာကို အခြောက်မခံနဲ့ပေါ့နော်။ မျက်နှာ အခြောက်ခံလာရင် ဖြစ်လာတဲ့ Side Effect တွေအများကြီးရှိတယ်။
အသုံးမဝင်တဲ့ Beauty Rule တစ်ခု။
Eyeliner အကြီးကြီးဆွဲတာပေါ့နော်။ ဒါက မေ့ Personality ပါ။ မေကနဂို မျက်လုံးပြူးတယ်၊ ကြီးတယ်ဆိုတော့ Eyeliner ဆိုးတာက အဆင်မပြေဘူးပေါ့နော်။ ဒါကြောင့် မေက American Makeup Look ပြင်တာမဟုတ်ဘူး။ Korea၊ Chinese Makeup Look ပြင်တာဘက်ကို သွားတယ်။
လက်ထဲမှာ ဒေါ်လာ ၂၀ ရှိတယ်ဆိုပါစို့။ Drug Store ထဲက ဘယ် Product ကိုဝယ်မလဲ။
Moisturizing Cream တစ်ခုခုဝယ်မယ်။ Natural Republic ထဲက Iceland Cream တော်တော်လေးကောင်းတယ်။ ပြီးတော့ Essence ပေါ့။ အဲ့ဒါတွေ $20 အောက်မှာပဲရှိတယ်။ မေက Skincare သမားဆိုတော့ Skincare ပစ္စည်းတွေကို ပိုသဘောကျတယ်။
မဟောင်းနိုင်ဘဲ အမြဲ အသစ်ဖြစ်နေတဲ့ Beauty Trend ဆိုရင်ဘာဖြစ်မလဲ။
Natural Makeup Look ပါပဲ။ စိတ်ထားလေးကြည်ကြည်ထား၊ ပြုံးပြုံးလေးနေ၊ Natural လေးပဲလိမ်း လှနေရော။ ဒါကလေ ဘယ်ခေတ်မှာမဆို မပြောင်းလဲဘူးလို့ ထင်တယ်။
ကိုယ့်ကို Inspire ဖြစ်တဲ့အမျိူးသမီးတွေက ဘယ်သူတွေဖြစ်မလဲ။
Beauty Blogger ထဲကဆိုရင် Michelle Phan ကို သဘောကျတယ်။ ဒီနောက်ပိုင်းတော့ မလုပ်တော့ပေမယ့် အရင်တုန်းက သူတင်ခဲ့တဲ့ဗီဒီယိုတွေက အမျိူးသမီးတွေကို အများကြီး Inspiration ဖြစ်စေခဲ့တယ်။ Supporting ပေးတဲ့ Motivation ဆန်တဲ့ ဗီဒီယိုတွေတော်တော်များများတွေ့ရတယ်။ မေက အဲ့လိုမျိူးတွေ အရမ်းသဘောကျတယ်။
အိမ်မီးလောင်နေတယ်ဆိုပါတော့။ ကိုယ်နဲ့အတူ ယူသွားမယ့် Beauty Product သုံးခုဆိုရင် ဘာတွေဖြစ်မလဲ။
ပထမတစ်ခုက Toner ဖြစ်မယ်။ နောက်တစ်ခုက Cleansing Cream ယူမယ်။ ပြီးရင် Mist ယူမယ်။
Gym သွားရင် ပြင်ဖြစ်တဲ့ Makeup Look က။
မေက Gym သွားရင် မိတ်ကပ်မလိမ်းဘူး။ Skincare တစ်ခုပဲ လိမ်းတယ်။ Skincare တောင်မှ ထွေထွေထူးထူးမလိမ်းဘူး။ တကယ့်ကို Essential ဖြစ်တဲ့ Toner လိမ်းတယ်။ Cream လေးတစ်ခုလိမ်းတယ်။ ပြီးတော့မှ Mist ဖြန်းတယ်။ ပြီးတော့ Sunscreen ပေါ့နော်။ တစ်ခါတစ်လေ Gym မှာ ပြေးရတဲ့နေရာတွေက နေရောင်ဝင်တဲ့ဟာတွေရှိတယ်။ အသားအရေက နေရောင်ထိလိုက်တာနဲ့ကို ပျက်စီးတဲ့အတွက် Sunscreen ကိုတော့ သေချာလိမ်းတယ်။
အပြင်တစ်ခေါက်ထွက်ဖို့ အချိန်ဘယ်လောက်ယူရလဲ။
မေက Natural Look ပဲပြင်တာများတော့ အချိန်သိပ်အကြာကြီးတော့ မယူဘူး။ Skincare လုပ်ရင်တော့ ကြာတယ်။ အပြင်သွားရင်တော့ ၁၅ မိနစ်လောက်ပါပဲ။
သဘောကျတဲ့ Beauty Icon က ဘယ်သူများလဲ။
Pony ကိုသဘောကျတယ်။
၁၆နှစ်သမီးမေ့ကို အလှအပနဲ့ပတ်သတ်ပြီး အကြံပေးရမယ်ဆိုရင် ဘာတွေပေးမလဲ။
မေ ၁၆ နှစ်တုန်းက အရမ်းဝတာ။ မိတ်ကပ်တွေလည်း မလိမ်းဘူး။ Skincare ကောင်းကောင်းလုပ်ဖို့။ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ဖို့။ ဘာလို့လဲဆိုတော့ အဲ့တုန်းက အဆီအစိမ့်တွေအရမ်းစားတယ်။ ဝလည်းဝတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားဖို့။ အဆီအစိမ့်တွေ လျှော့ဖို့။ ရေသောက်အရမ်းနည်းတော့ ရေများများသောက်ဖို့ အကြံပေးချင်ပါတယ်။
အလှအပနဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို အလိုလိုက်တဲ့အချက်က ဘာဖြစ်မလဲ။
Skincare အရမ်းဝယ်တာ။ မေ့အိမ်မှာ Skincare တွေအများကြီးပဲ။ ထားစရာနေရာတောင်မရှိတော့ဘူး။ တစ်ခါတစ်လေ အမေမသိအောင် ရေခဲသေတ္တာထဲ သွားထားတာရှိတယ်။
Social Media မှာပဲဖြစ်ဖြစ်၊ ကိုယ့် ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ပြောင်းလဲချင်တဲ့ Beauty Perception ဆိုဘာဖြစ်မလဲ။
Criticism ပေါ့။ Beauty Blogger လောကထဲ ဝင်လာတဲ့ ညီမလေးတွေအများကြီးရှိကြတယ်။ သူတို့ကို Inspire ယူတဲ့သူတွေ အမတို့ကို Inspire ယူပြီး လိုက်ပြင်နေကြတဲ့ ကောင်မလေးတွေရှိတယ်။ သူတို့လှလှပပပြင်ပြီးတော့ပုံတွေ တင်လိုက်တဲ့အခါမှာ Confident ရှိစေချင်တာပေါ့နော်။ တော်တော်များများ Comment တွေက Hate Comment တွေများတယ်။ မေအဲ့ဒါလေးကို ပြောင်းလဲချင်တယ်။ အဓိကကတော့ Hate Speech နဲ့ ပတ်သတ်ပြီးပြောင်းလဲချင်တာပေါ့နော်။ Beauty မှရယ်မဟုတ်ဘူး Social Media မှာ ဒီ Society၊ ဒီ Community မှာ အဓိကဖြစ်နေတဲ့ ပြဿနာက Hate Speech လို့ မေကမြင်တယ်။ ပုံတစ်ခုတင်လိုက်တာပဲ Comment သွားမဖတ်နဲ့တော့။ မေအရင်တုန်းကဆိုရင်တော့ အကုန်လုံးကို ဂရုစိုက်ပြီးနေတတ်တယ်။ ဒါပေမယ့် အခုတော့ အဲ့လိုမဟုတ်တော့ဘူးပေါ့နော်။ သို့သော်ငြားလည်း စိတ်ခံစားလွယ်တဲ့သူတွေ အများကြီးရှိတယ်။ ဒီအတွက် Hate Speech နဲ့ ပတ်သတ်ပြီး ပြောင်းလဲချင်တာတွေ အများကြီးရှိတယ်။ Perceptive View တစ်ခုပေါ့။ ဒါကြောင့် မေနောက်ပိုင်းလုပ်နေတဲ့ အရာတွေရှိတယ်။ မေလုပ်နေတဲ့ Media လည်းရှိတယ်။ Media ကနေ တစ်ဆင့် ပြောင်းလဲချင်တာတွေ ရှိပါတယ်။
Editor: Pan JN
Zawgyi
ကိုယ့်ကို Inspire ဖြစ်တဲ့အမျိုးသမီးတွေက ဘယ်သူတွေဖြစ်မလဲ။
Pony ကိုသဘောကျတယ်။
Editor: Pan JN
Share this article
TOP 5 ARTICLES
Parties & Events   |   Posted on Dec 13, 2019
Garden Party ပုံစံနဲ့ ကငြ...
အလန်းစား Beach Fashion တွ...
Celebrity Style   |   Posted on Dec 12, 2019
အပြုံးချိုချိုနဲ့ ဖမ်းစား...
Sign Up for MODA Newsletters
Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.