Skin   |   Posted on Jun 21, 2019 by Yin Moe Shinn

မိတ်ကပ်တွေနဲ့ အတူမအိပ်သင့်တဲ့အကြောင်း


မျက်နှာအသားအရေကြည်လင်ဝင်းပစေဖို့ လိမ်းသလောက်အချိန်ပေးစရာမလိုတဲ့မိတ်ကပ်ဖျက်ခြင်း step လေးတွေက...

Share this article

နေ့ ဘက်မှာမလွဲမသွေလိမ်းနေကြတဲ့မိတ်ကပ်တွေ­­­ကိုညဘက်အိပ်ယာဝင်တဲ့အခါဖျက်ပစ်ရတဲ့အလုပ်ကခက်ခဲသလိုဖြစ်နေပါတယ်။ ခက်ခဲပေမယ့်လည်းမလွဲမသွေလုပ်သင့်တဲ့အရာပါ တနေကုန်လိမ်းထားတဲ့မိတ်ကပ်ကသင့်ကိုလှပစေပေမယ့်အဲ့ဒီိမိတ်ကပ်တွေနဲ့ အတူညအိပ်မယ်ဆိုရင်တော့ သေချာပေါက်လှနေတဲ့သင့်မျက်နှာလေးကိုပျက်စီးစေမှာပါအမှန်ပါ။ နေ့ စဉ်လုပ်ငန်းဆောင်တာတွေကြောင့်အလောတကြီးအိပ်ယာဝင်ရသူတွေအနေနဲ့ အချိန်အနည်းငယ်ပေးပြီးမိတ်ကပ်ဖျက်သင့်ပါတယ်။ အလွယ်တကူ ဖယ်ရှားနိုင်တဲ့မိတ်ကပ်ဖျက်ဂွမ်းလေးတွေပေါ်လာတဲ့အပေါ်အများစုက အိပ်ယာဘေးမှာအလွယ်တကူထားပြီး မိတ်ကပ်တွေကိုဖယ်ရှားလေ့ရှိကြပါတယ်။ ဒါကလုံးဝမဖယ်ဖြစ်တာထက်စာရင်အဆင်ပြေပေမယ့် တကယ်တမ်းနူးညံ့ လှတဲ့သင့်မျက်နှာအသားအရေအတွက်ဘယ်လိုအဆင့်တွေနဲ့ မိတ်ကပ်ကိုဖျက်မှ သေချာကင်းစင်ပြီး အန္တရာယ်ကင်းတယ်ဆိုတာသိထားဖို့ ပြောပြပေးမယ်နော်။ မိတ်ကပ်မဖျက်တဲ့အတွက် အိပ်အခင်းခေါင်းအုံးတွေကိုညစ်ပေစေတဲ့အပြင် ညအိပ်တဲ့အခါအသားအရေရဲ့ အသစ်ပြန်လည်မွေးဖွားတဲ့လုပ်ငန်းစဉ်အတွက်မိတ်ကပ်တွေပိတ်နေတဲ့အခါအဲဒီမိတ်ကပ်တွေကအတားအဆီးဖြစ်စေပါတယ်။ လေဝင်လေထွက်မကောင်းအောင်မိတ်ကပ်တွေပိတ်ဆို့ နေတဲ့အတွက်အသားအရေအသစ်ပြန်လည်မွေးဖွားခြင်းကိုအနှောက်အယှက်ဖြစ်စေပါတယ်။ နောက်ဆက်တွဲအသားအရေခြောက်ခြင်းအဆီဖုနဲ့ ဝက်ခြံများထွက်ခြင်း အမဲစက်နဲ့ မျက်ကွင်းညိုခြင်းတို့ ကိုဖြစ်စေနိုင်တာကြောင့်ညအိပ်ယာဝင်တိုင်းစနစ်တကျမိတ်ကပ်ဖျက်ဖို့ လိုပါတယ်။ မိတ်ကပ် remover ဂွမ်းကိုသုံးခြင်းကလွယ်ကူလျှင်မြန်တာမှန်ပေမယ့်ပြီးပြည့်စုံတဲ့မိတ်ကပ်ဖယ်ရှားမှုအဖြစ်သတ်မှတ်လို့ မရပါဘူး။ remover ဂွမ်းနဲ့ မိတ်ကပ်ဖျက်ခြင်းကိုပထမအဆင့်အနေနဲ့ သတ်မှတ်ပြီး မျက်နှာသစ်ဆေးတစ်ခုခုနဲ့ ထပ်မံဆေးကြောသင့်ပါတယ်။

အဲ့လိုသင့်မျက်နှာကိုမိတ်ကပ်ဖျက်သန့် စင်တဲ့အခါတိုင်းမှာသင်ကဆံပင်အရှည်ဆို အားလုံးကို pony-tail ကဲ့သို့ စုစည်းထားစေချင်ပါတယ်။ဒါမှသင့်ဆံပင်တွေကို မပေစေမှာပါ။ သေချာတဲ့သန့် စင်မှုနဲ့ အတူသင့်မျက်နှာအသားအရေကောင်းနေဖို့ ဆိုမျက်နှာသစ်ဆေးကြောခြင်းကို နှစ်ဆင့်လောက်လုပ်ပေးသင့်ပါတယ်။ ပထမတစ်ဆင့်ကသင့်ရဲ့ ကျန်နေသေးတဲ့မိတ်ကပ်တွေကိုဖယ်ရှားဖို့ နဲ့ နောက်တစ်ဆင့်မှာတော့သင့်မျက်နှာကိုအနည်းငယ်နှိပ်နယ်သင့်ပါတယ်။ အဲဒါကသင့်မျက်နှာအတွက်သွေးလှည့်ပတ်မှုကောင်းစေတဲ့အပြင်အသားအရေကိုကျန်းမာစေမှာပါ။ နောက်ပြီးသတိထားလုပ်ပေးရမှာက နှုတ်ခမ်းပေါ်ကနှုတ်ခမ်းနီကိုဖယ်ရှားခြင်းပါ။ မိတ်ကပ်ဖယ်ရှားတဲ့အခါမျက်နှာပေါ်ကမိတ်ကပ်ကိုသာမက နှုတ်ခမ်းပေါ်ကနှုတ်ခမ်းနီကိုပါသေချာဖျက်သင့်ပါတယ်။ ဘယ်လိုအရောင်ဘဲဖြစ်နေပါစေဖျက်ပေးရမယ်နော်။ နောက်ထပ်အရေးကြီးပြီးသတိထားဖျက်သင့်တဲ့နေရာကတော့မျက်လုံးပေါ်က eye-shadow နဲ့ eye-liner တွေပါ။ အရောင်ပေါ့ပေါ့ပါးပါးဆိုးထားရင်ဖျက်ရလွယ်ပေမယ့် အရောင်တောက်တောက်နဲ့ ဖျက်ရခက်တဲ့ waterproof လိုအရာတွေကိုဖျက်တဲ့အခါသတိထားပြီးဖျက်ပေးသင့်ပါတယ်။ အဲ့လိုအခါတွေမှာ oil တစ်မျိုးမျိုးကိုသုံးပေးသင့်ပါတယ်။ အံ့သြစရာကောင်းလောက်အောင်အဲဒီအဆီကသင့်မျက်နှာပေါ်ကပ်တင်နေတဲ့ eye-shadow တွေကိုဖယ်ရှားပေးမှာပါ။

 

ပြီးရင်တော့သေချာသန့် စင်ပြီး ကိုယ်လိမ်းနေကြ skin care တခုခုကိုလိမ်းပြီးအိပ်ယာဝင်သင့်ပါတယ်။ ဘယ်လိုဘဲအလုပ်တွေများနေပါစေ ရေရှည်သင့်မျက်နှာအသားအရေလေးကြည်လင်လှပနေဖို့ ဒီအဆင့်တွေတော့သေချာလုပ်ပေးဖို့ လိုပါတယ်။ မိတ်ကပ်လိမ်းဖို့ ပေးထားရတဲ့အချိန်လောက်မကြာတဲ့ မိတ်ကပ်ဖယ်ရှားရှင်း ကိစ္စကိုလုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။ မျက်နှာအသားအရေကောင်းနေတဲ့သူတစ်ယောက်ရဲ့ အခြေခံအဆင့်က သေချာမိတ်ကပ်ဖယ်ရှားပြီးမှအိပ်ခြင်းပါ။ ဒီတော့အသားအရေတွေပျက်စီးပြီး အဖုတွေထွက်မှအော်နေတာထက်ညတိုင်းအချိန်ခဏပေးပြီးသေချာလေးမိတ်ကပ်ဖျက်ပြီးအိပ်ယာဝင်ကြည့်ပါ။သိသာတဲ့အသားအရေကောင်းခြင်းကိုခံစားရမှာပါ။ 

Editor :Bo



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.