Makeup   |   Posted on Aug 26, 2019 by Ja Seng Pan

မိုးရာသီမှာ မိတ်ကပ်မပျက်စေဖို့ Rainy Make-up Look


မိုးရေစိုလဲ မိတ်ကပ်မပျက်အောင် waterproof cosmetics တွေကို သုံးပေးဖို့လိုပါတယ်

Share this article

မိုးတွင်းကာလမှာ မနက်အိပ်ယာထဖို့ ခက်ခဲမှာပါ။ မိုးအေးအေးလေးနဲ့ အိပ်ယာထဲမှာ ဆက်ကွေးနေချင်စိတ်ကတော့ တော်တော်များများရှိမှာပါနော်။ ကဲ ဒီတော့ အိပ်ယာထဲမှာ ဆက်ကွေးမနေဘဲ အလုပ်တွေ ကျောင်းတွေလဲ နောက်မကျဘဲ လှလှပပလေးသွားနိုင်ဖို့ Rainy Makeup Look အကြောင်းပြောပြပေးမှာမို့ အလှပြင်ဖို့ဆီ အာရုံစိုက်လိုက်ကြရအောင်နော်။

Primer

အရင်ဦးဆုံး မျက်နှာလေးကို သန့်စင်ပြီး moisturizer သုံးပြီးပြီဆိုရင်တော့ မိတ်ကပ်မလိမ်းခင် Primer လိမ်းဖို့ မမေ့ပါနဲ့နော်။  Prime က မျက်နှာအဆီပြန်ခြင်းကို ကာကွယ်ပေးပြီး မိတ်ကပ်တစ်နေကုန်ခံစေတဲ့အတွက် ကြောင့် ဒီအဆင့်ကို ကျော်သွားလို့ မဖြစ်ဘူးနော်။

Eyeshadow

ပြီးရင်တော့ ပုံမှန်မိမိလိမ်းနေကျအတိုင်း အဆင့်ဆင့်လိမ်းနိုင်ပါပြီ။ မျက်လုံးကို ခြယ်သတဲ့အခါ black colour eyeshadow နဲ့ အရောက်တောက်တောက် Eyeshadow တွေကိုရွေးချယ်ခြင်းက သင့်ကို တောက်ပတဲ့မျက်ဝန်းတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ မိုးရာသီမှာ အရောင်ဖျော့တဲ့ eye colour တွေ မသုံးမိပါစေနဲ့နော်။

Powder

Powder ရွေးချယ်တဲ့အခါမှာလဲ Two way ထက် Loose Powder ကိုရွေးချယ်သင့်ပါတယ်။ Loose Powder က လိမ်းထားတဲ့ မိတ်ကပ်တွေကို ထိန်းထားပေးနိုင်တဲ့အတွက် မိုးရေထဲမှာ  မိတ်ကပ်တွေ ပျက်တာ၊ ကွက်တာတွေအတွက် စိတ်အနှောင့်အယှက်မဖြစ်ရတော့ဘူးပေါ့။


Lipstick

နှုတ်ခမ်းနီရွေးချယ်မှုအတွက်ကိုတော့ အပေါ်မှာ မျက်လုံးကို ခပ်တောက်တောက် ခြယ်သထားတာဖြစ်တဲ့အတွက် နှုတ်ခမ်းနီကို အရောင်နုနုလေးတွေပဲ ဆိုးလိုက်တာက အသင့်တော်ဆုံးပါ။  

Facial Spray

မိတ်ကပ်လိမ်းတဲ့အဆင့် ပြီးပြည့်စုံသွားပြီဆိုရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ မိတ်ကပ်သိပ်သိပ်လေးနဲ့ လှနေအောင် water-based facial sprays လေးဖြန်းပေးလိုက်ပါ။ တစ်ခုသတိပြုရမှာကတော့ မိုးရေစိုလဲ မိတ်ကပ်မပျက်အောင် waterproof cosmetics တွေကို သုံးပေးဖို့လိုပါတယ်နော်။

 

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.