Style Note   |   Posted on May 14, 2019 by Yin Moe Shinn
မိုးရာသီဖက်ရှင်နဲ့ ရှောင်သင့်တဲ့အချက်များ
ကဲမိုးတွင်းကြောင့်စိတ်အနှောက်အယှက်မဖြစ်ရဘဲဖက်ရှင်ကျနေဖို့ .....
Share this article
အခုဆိုမိုးရာသီကစတင်ဝင်ရောက်လို့ လာပါပြီ။မိုးများတယ်လို့ ဆိုရလောက်တဲ့ဒီနိုင်ငံရဲ့ အခြေအနေအလိုက်ဘယ်လိုလိုက်လျောညီထွေနေထိုင်ရမလဲဆိုတာလေးပြောပြချင်ပါတယ်။အထူးသဖြင့်မိုးဘယ်လိုဘဲရွာရွာအိမ်မှာမနေရဘဲအပြင်ထွက်အလုပ်လုပ်ရသူတွေ ရုံးသွားရသူတွေအတွက်အဓိကဖက်ရှင်ပိုင်းမှာရှောင်သင့်တဲ့အချက်လေးတွေကိုဝေမျှပေးချင်ပါတယ်။မိုးရာသီမှာအပြင်ထွက်ရတဲ့ အခါ....
-ဂါဝန်အတို အကားလေးတွေ လည်းမဝတ်သင့်တဲ့ဖက်ရှင်ထဲမှာပါပါတယ် ။မိုးရွာနေတုန်းဘယ်ကမှန်းမသိဘဲတိုက်လာတဲ့လေကသင့်ဂါဝန်တိုအကားလေးကိုပင့်တင်သလိုဖြစ်သွားတဲ့အခါသင့်ကိုသရုပ်ပျက်စေမှာပါ။ဒီတော့ချစ်စရာကောင်းတဲ့သင့်ရဲ့ ဂါဝန်အတိုအကားလေးတွေကိုဒီမိုးတွင်းအတွက်ခဏသိမ်းထားလိုက်ကြရအောင်။
-လက်ကိုင်အိတ်နဲ့ ပတ်သတ်ပြီးရှောင်သင့်တာလေးကတော့အလွယ်တကူလွယ်လို့ ရတဲ့Cross body bagလိုအိတ်မျိုးကိုအဓိကထားလွယ်သင့်ပါတယ်။လက်ကိုင်အိတ်လိုအိတ်မျိုးကတော့လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။မိုးရွာတဲ့အခါထီးစတာတွေကိုကိုင်ဖို့ အတွက်လက်ကိုင်အိတ်ဆိုတာစိတ်ရှုပ်စရာဖြစ်စေမှာပါ။ဆိုတော့အလွယ်တကူလွယ်လို့ ရတဲ့ Cross body bag , hand free bag လေးတွေဘဲရွေးချယ်သင့်ပါတယ်နော်။ကတ္တီပါသားနဲ့ ပြုလုပ်ထာတဲ့ဖိနပ်၊ အိတ် စတာတွေလည်းမသုံးသင့်ပါဘူးနော်။ချစ်စရာကတ္တီပါလေးတွေကမိုးရေကြောင့်ဆိုးဆိုးရွားရွားပျက်စီးစေမှာမို့ သင့်ရဲ့ ကတ္တီပါဖိနပ်လှလှလေးတွေကိုဒီမိုးရေထဲမစီးမိအောင်သိမ်းထားရအောင်နော်။
-High Heels တွေသင့်ရဲ့ ခြေလှမ်းတိုင်းကို Confident ရှိစေမှာအမှန်ပါ။ဒါပေမယ့်မိုးတွင်းမှာတော့စီးဖို့ မသင့်ပါဘူးနော် ။မိုးရေကြောင့်ချော်နေတဲ့လမ်းတွေမှာသင့် Heels က Slip ဖြစ်စေနိုင်တာကြောင့်သက်တောင့်သက်သာဖြစ်စေပြီး ခြေကိုမြဲမြံစေတဲ့ဖိနပ်လေးတွေဘဲရွေးချယ်သင့်ပါတယ်နော်။
-အင်္ကျီဝတ်တဲ့အခါမှာလည်းလက်ရှည် ဆိုပေမယ့်ပါးလွှာတဲ့အင်္ကျီမျိုးတွေကိုရှောင်သင့်ပါတယ်နော်။အမှတ်မထင်မိုးရေစိုခဲ့ရင်သင့်ကိုအအေးမိစေမှာမယ့် အပြင်ပါးလွှာတဲ့အတွက်သရုပ်ပျက်စေမှာမို့ အနေတော်မထူမပါးလက်ရှည် အင်္ကျီလေးတွေကသာအဆင်ပြေစေမှာပါ။
ကဲဒီလောက်ဆိုရင်တော့အခုမိုးရာသီအတွက်အပြင်ထွက်သူတွေ အလုပ်သွားသူတွေအတွက်အဆင်ပြေစေမယ့်ရှောင်ရမယ့်တချို့ အချက်လေးတွေပြောပြပေးထားတာမို့ အဆင်ပြေမယ်ထင်ပါတယ်။ဘယ်လိုဘဲရာသီပြောင်းပြောင်း ဖက်ရှင်ကျနေပြီးစိတ်အနှောင့်အယှက်မဖြစ်ဘဲဒီနှစ်မိုးရာသီကိုကုန်ဆုံးကြရအောင်နော်။
Editor : Bo 
Share this article
TOP 5 ARTICLES
Parties & Events   |   Posted on Jul 23, 2019
အရမ်းတန်တဲ့ Up to 90%disc...
Food & Travel   |   Posted on Jul 22, 2019
ဝိတ်မလျော့နိုင်ဘဲ FOODIE...
Celebrity Style   |   Posted on Jul 15, 2019
၁၇ နှစ်သာရှိသေးတဲ့ထူးခြား...
Sign Up for MODA Newsletters
Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.