Parties & Events   |   Posted on Aug 22, 2016 by Elijah htang

မိုးကုတ်ပေါက်ပေါက်ရဲ့မင်္ဂလာဝတ်စုံဒီဇိုင်းသစ်နှင့် သူ့ ရဲ့ ရင်ခုန်သံစကား


မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ Service တွေကို One Stop Service တွေရှိသင့်တယ

Share this article

မြန်မာပြည်မှာ Sule Plaza ကပထမဆုံး Wedding Show ဖြစ်ပါတယ်။ မပေါက်တို့တိုင်းပြည်မှာ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ Service တွေကို One Stop Service တွေရှိသင့်တယ်လို့ထင်ပါတယ်။ Lion Myanmar Company က Wedding Mall လုပ်မယ်ဆိုတော့ မြန်မာပြည်က မင်္ဂလာဆောင်မယ့်မောင်နှံတွေ အတွက်ကို Wedding Mall လေးရှိစေချင်တယ်။ အကျိုးအမြတ်နည်းပြီး လုပ်ရခက်တဲ့ အလုပ်ဆိုပေမယ့် ၀ါသနာအရ ရှိစေချင်တယ်၊ လုပ်စေချင်တယ်ဆိုတဲ့ စိတ်နဲ့လုပ်တာဖြစ်တဲ့အတွက်၊ ဒီပွဲလေးကို အားလုံးက၀ိုင်းပြီးတော့ ကူညီပေးတာပါ။  တစ်ကယ်တမ်းဆိုရင် အန်တီပေါက်ကလည်း Fashion ဒီဇိုင်နာ၊ တစ်ခြား Brand တွေကလည်း Fashion Brand တွေပါ၊ အမှန်တိုင်းပြောရရင်ကိုယ့် Market ကိုပေးရမယ်၊ လူတိုင်းက ဒီထမင်း၊ ဒီဟင်းကိုပဲနေ့တိုင်းမစားနိုင်ဘူး၊  တစ်ခါတစ်လေ ပြောင်းစားချင်ကြမှာဖြစ်တဲ့အတွက် တစ်ခြားသော ဒီဇိုင်နာရဲ့ Taste တွေ၊ ဖန်တီးမှုတွေကိုဝေမျှပြီး ခံစားစေချင်တဲ့သဘောပါ၊ အဲဒါကြောင့်လည်း အန်တီပေါက်ရဲ့ မိတ်ဆွေတွေအားလုံးကိုဖိတ်ပြီးတော့မှ တစ်ခြား Fashion Designer တွေရဲ့ ဒီဇိုင်းကိုပြဖြစ်တာပါ။ မြန်မာပြည် Fashion ရေစီးကြောင်းကအများကြီးပြောင်းလဲတိုးတက်လာပါတယ်။ မြန်မာပြည်ရဲ့ လက်ဦး Fashion Designer ကြီးတွေကအများကြီးကြိုးစားခဲ့ကြတဲ့အတွက် တိုးတက်လာတာဖြစ်ပါတယ်။



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.