Film & Music   |   Posted on Dec 31, 2016 by Elijah htang

မက်ဆီကိုပေါ့ပ်အဆိုတော် Paulina Rubio ဟာ Ms.Gomez နဲ့အတူ ပူပေါင်းမှု


နှစ်သစ်မှာ သူ့ စုံတွဲသီချင်းသစ်လေးကြားရတော့မယ်နော် . . .

Share this article

Selena Gomez ရဲ့သီချင်းအသစ်ထွက်ရှိတော့မှာပါ။ မက်ဆီကိုပေါ့ပ်အဆိုတော် အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ Paulina Rubio ဟာ သူမရဲ့အသစ်ထွက်ရှိလာမယ့်အယ်ဘမ်မှာ အသက် ၂၄ နှစ်နိုင်ငံတကာပေါ့ပ်အဆိုတော် Selena Gomez နဲ့အတူတွဲဖက်သီဆိုသွားမှာဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။Vanidades မဂ္ဂဇင်းကို ပြောပြချက်အရ အယ်ဘမ်အသစ်ဟာ ၂၀၁၇ ခုနစ်ထွက်ရှိမှာဖြစ်ပြီး အမျိုးသမီးအဆို တော်အဖြစ် မက်ဆီကန်နွယ်ဖွား Gomez ကပါဝင်သီဆိုမှာပါ။

လာမယ့်အယ်ဘမ်အတွက် သီချင်းသုံးပုဒ်ထွက်ရှိထားပြီဖြစ်ပြီး “ဒီအယ်ဘမ်က အရွယ်စုံနားထောင်လို့ရမယ့် DJ Snake နဲ့ Selena Gomez တွဲဖက်မှုနဲ့အတူ တီးဝိုင်းကနေ ပေါ့ပ်သီချင်းတွေအထိပါဝင်မှာပါ။ ” ဟု ပြောပါတယ်။Disney Channel ရဲ့စတားတစ်ဦးဖြစ်ခဲ့သူ Selena ဟာ သူမအယ်ဘမ်အတွက် Rivival Tour ကို ၂၀၁၆ ခုနစ် မေလက စတင်သွားခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ၂၀၁၇ ခုနစ် မတ်လလောက်အထိ သွားမှာပါ။ အောက်တိုဘာလလယ်က ခေတ္တနားခဲ့စဉ်ကတော့ Selena ဟာ ကျန်းမာရေးအခြေအနေအတွက် စမ်းသပ် စစ်ဆေးမှုတွေ လုပ်ခဲ့ရပါသေးတယ်။

REF: Daily Mail



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Apr 20, 2018

Busking ပုံစံ Public Area...


Film & Music   |   Posted on Apr 19, 2018

April လမှာ လက်မလွှတ်ပဲ နား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.