Hair   |   Posted on Sep 13, 2019 by Ja Seng Pan

မမတို့အတွက် အမိုက်စား Hairstyle များ


ခပ်မိုက်မိုက် ခပ်လန်းလန်းလေးဖြစ်အောင် ဘယ်လို Hairstyle တွေ ပုံဖော်ကြမလဲ

Share this article

ဒီတစ်ခေါက်မှာတော့ ၃၀ ဝန်းကျင် မမတို့အတွက် အမိုက်စား Hairstyle အကြောင်းကို ပြောပြပေးသွားပါမယ်။ ခပ်မိုက်မိုက် ခပ်လန်းလန်းလေးဖြစ်အောင် ဘယ်လို Hairstyle တွေ ပုံဖော်ကြမလဲ ကြည့်ကြရအောင်နော်။

 

Barrettes

သေသေချာချာလေး ပုံစံချပြီး စနစ်တကျချည်နှောင်ထားတဲ့ style ပဲဖြစ်ပါတယ်။ သပ်သပ်ရပ်ရပ်စည်းထားတဲ့ စတိုင်လ်ကိုမှ အမိုက်စားဖြစ်အောင် ညှပ်ကလစ် ၊ ပုလဲခေါင်းစည်းကြိုးတွေနဲ့ ဖြည့်လိုက်တဲ့အခါမှာတော့ ခပ်ရိုးရိုးပုံစံထဲကနေ ခွဲထွက်ပြီးစတိုင်လ်ကျနေပါတယ်။

 

Bobby-Pinned Locks

Stylish Lacy Redway ပုံဖော်ထားတဲ့ Style တစ်မျိုးပဲ ဖြစ်ပါတယ်။ Wave သေးသေးလေးတွေကြားထဲမှာ Bobby Pin လေးတွေနဲ့ အလှဆင်ထားတဲ့ပုံမျိုးဖြစ်ပါတယ်။

 

Smooth and Straight

အလယ်ခွဲဆံပင်ကို သေသေချာချာကပ်နေအောင် ဖီးပြီးတော့ နားအနောက်မှာ ညှပ်ထားတဲ့ style ပါ။ ဒီ style ကတော့ မျက်နှာအလှကို ရှင်းရှင်းလင်းလင်းမြင်နိုင်မယ့် ပုံစံမျိုးပါ။ ဒီလိုစတိုင်လ်ကို ပွဲတက်တဲ့အခါ တော်တော်များများပြင်ဆင်လေ့ရှိကြပါတယ်။

 

Banana Buns

ဒီ style ကတော့ Banana shape ဆံထိုးကို ကပိုကရိုထုံးထားတာပါ။ wedding ပွဲတက်ရောက်တဲ့အခါ ထုံးဖွဲ့လေ့ရှိကြပါတယ်။ ဒီအသွင်အပြင်ဟာ Elegant Look ကို ပေးပါတယ်။

 

Wet Look

ရေစိုစတိုင်လ်တစ်မျိုးပါ။ အဓိကကတော့ Gel ကို အသုံးပြုပြီးပုံဖော်ထားတဲ့ style ပါ။ သပ်သပ်ရပ်ရပ်နဲ့ အမိုက်စားပုံစံမျိုးမို့ confident ရှိစေမှာပါ။

 

Half Bun

ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာ စတိုင်လ်မျိုးပါ။ အလွယ်တကူစည်းနိုင်တဲ့ ပုံစံတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီပုံစံဟာ သင့်ကို ငယ်ရွယ်နုပျိုမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်နော်။

 

Asymmetrical and Piece-y

ဒီစတိုင်လ်ကတော့ သင့်ရဲ့ အသွင်အပြင်ကို Sexy ကျနေစေမယ့် ပုံစံမျိုးပါ။ ဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့ မျက်နှာခြယ်သမှု၊ ဝတ်စားဆင်ယင်မှုတွေက ဆွဲဆောင်မှုရှိစေဖို့ သင့်ကို ပံ့ပိုးပေးပါလိမ့်မယ်။

Editor : Lin Lin



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.