Parties & Events   |   Posted on Mar 12, 2019 by Hnin Ei Ei Hlaing

မြန်မာအမျိုးသမီးများရဲ့ အသားအရေအတွက်အကောင်းဆုံးဖြစ်စေမယ့် LUX BOTANICALS ရေချိုးဆပ်ပြာရည်အသစ်


ရှားပါးမွှေးရနံ့ များထုံမွှမ်းထားသည့် LUX Botanicals မှတစ်ဆင့် အမျိုးသမီးများကို ယုံကြည်မှုတိုးပွားစေမှာပါ။

Share this article

မြန်မာနိုင်ငံ၏ နံပါတ်(၁) ရေချိုးဆပ်ပြာရည် အမှတ်တံဆိပ် LUX သည် LUX Botanicals ရေချိုးဆပ်ပြာရည်ပစ္စည်းအသစ် အမျိုးအစား

မိတ်ဆက်ပွဲကို ၂၀၁၉ ခုနှစ်၊ နိုင်ငံတကာ အမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့်

မတ်လ ၈ ရက်နေ့က Belmond Governor’s Residence ၌ ကျင်းပခဲ့သည်။

LUX အမှတ်တံဆိပ်သည် နိုင်ငံတကာ ထိပ်တန်းရေမွှေးဆပ်ပြာအဖြစ် အသိအမှတ်ပြုခံရသည့် အမှတ်တံဆိပ်ဖြစ်ပြီး 

အဆင့်မြင့် ရေချိုးဆပ်ပြာရည်များဖြစ်သော LUX Botanicals အား ထပ်မံ မိတ်ဆက်ခဲ့သည်။

Lux Botanicals အဆင့်မြင့် ရေချိုးဆပ်ပြာရည်အား ခေတ်မှီမြန်မာ အမျိုးသမီးများအတွက် တမူထူးခြားသော သဘာဝပန်းတို့၏  မွှေးရနံ့များ နှင့်

အဆိပ်အတောက်ကင်းဝေးပြီး ဝင်းပသော အသားအရေရရှိစေရန် Paraben နှင့် ဆိုးဆေးများ သုံးစွဲထားခြင်းမရှိပဲ ၁၀ဝ ရာခိုင်နှုန်း သဘာဝပစ္စည်းများ  ဖြင့်သာ ထုတ်လုပ်ထားသည်။

ယခုမိတ်ဆက်လိုက်သော Lux Botanicals ရေချိုးဆပ်ပြာရည်များကိုလည်း ရှားပါးနွယ်ဝင်ပန်းများ နှင့်

ပန်းပေါင်းစုံတို့၏အဆီအနှစ်များ ပေါင်းစပ်ကာ ဒီဇိုင်းအသွင် ပိုမိုဆန်းသစ်စွာနှင့် ထုတ်လုပ်လိုက်ခြင်းဖြစ်ပြီး

Lux Botanicals Skin Detox နှင့် Lux Botanicals Glowing Skin စသဖြင့် အမျိုးအစားနှစ်မျိုးနှင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Lux Botanical Skin Detox အား Freesia ပန်းနှင့် လက်ဖက်ပင် အဆီအနှစ်တို့ဖြင့် ဖော်စပ်ထားသည့်အတွက်

အသားအရေအား အဆိပ်အတောက် ကင်းစင်စေပြီး  ပေါ့ပါးလန်းဆန်းမှု  ပေးသောကြောင့် စိတ်ဖိစီးမှုများ ကင်းဝေးစေသည်။

Lux Botanicals Glowing Skin ကိုမူ Gardenia ပန်းနှင့် ပျားရည်ဖြင့် ပေါင်းစပ်ဖန်တီးထားခြင်းကြောင့် အသားအရေကို စိုပြေစေပြီး ငယ်ရွယ်ဝင်းပမှုကို ပေးစွမ်းသည်။

  Unilever Myanmar ၏ Senior Brand Manager ဖြစ်သူ မခင်နှင်းဖြူမှလည်း ၂၀၁၉ ခုနှစ်၊ နိုင်ငံတကာ အမျိုးသမီးများနေ့တွင် LUX Botanicals အား မိတ်ဆက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြပေးခဲ့သည်။

“အမျိုးသမီးတွေက ပတ်ဝန်းကျင်ရဲ့ ဝေဖန်ပြောစကားတွေကြောင့် သူတို့လုပ်ချင်တာတွေကို အကောင်အထည်ဖော်ဖို့ အင်မတန်မှ ဝန်လေးကြတယ်။

သူတို့တွေသာ ဒီလိုနောက်ဆံတင်းမှုတွေမရှိရင် ဘဝအတွက် အောင်မြင်မှုနဲ့၊ အကောင်းဆုံးသော အရာတွေကို ရဲရဲဝင့်ဝင့် ရယူပိုင်ဆိုင်နိုင်ကြမယ်လို့ထင်မိပါတယ်။

အမျိုးသမီးတွေကို  တော်တော်များများက အပေါ်ယံကိုသာကြည့်ပြီး ဝေဖန်မှုတွေလုပ်ကြတယ်ဆိုတာ တကယ်တမ်းတော့ မဖြစ်သင့်တဲ့ အရာတစ်ခုပါ။

Lux အနေနဲ့ အမျိုးသမီးတွေရဲ့ ယုံကြည်ချက်ကို မြှင့်တင်ပေးပြီး ကောင်းမွန်တဲ့အရာတွေအတွက် ရဲရင့်စွာပြောင်းလဲကြဖို့ အစဉ်အမြဲ တိုက်တွန်းလေ့ရှိပါတယ်။

ဒါကြောင့်လည်း အခုမိတ်ဆက်ပေးလိုက်တဲ့ Lux Botanicals ကတဆင့် အမျိုးသမီးတွေအနေနဲ့ ဘဝအတွက် အကောင်းဆုံးသောအရာတွေကို ယုံကြည်ချက်ရှိရှိနဲ့ ရဲရဲရင့်ရင့် ရယူနိုင်ကြဖို့ ထပ်မံတိုက်တွန်းလိုက်ရခြင်း  ဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။

အခမ်းအနား၏ အထူးအစီအစဉ်အနေဖြင့် Lux မှ မြန်မာနိုင်ငံ၏ ထိပ်တန်းအမျိုးသမီး blogger/သရုပ်ဆောင် တစ်ဦးဖြစ်သည့် နေခြည်ဦး၊ Lifestyle Blogger Ariel Thuta တို့နှင့်အတူပူးပေါင်းပြီး

#Daretochange ဆိုသည့် စိတ်ဝင်စားဖွယ်ရာ စကားဝိုင်းကိုလည်း တင်ဆက်ခဲ့သည်။

Lux သည် အမျိုးသမီးများ၏ အပြင်ပန်းအလှအပအပြင် ပိုမိုနက်ရှိုင်းသည့် စွမ်းဆောင်ရည်များနှင့် ပုန်းကွယ်လျက်ရှိသော ပင်ကိုယ်ပါရမီများ ရှိနေသည်ဟုလည်း ယုံကြည်ထားသည်။

 

Editor:Hnin Ei Ei Hlaing



Share this article

TOP 5 ARTICLES


Hair   |   Posted on May 21, 2019

ပုဝါတစ်ထည်နဲ့ HAIR LOOK အ...


Trends   |   Posted on May 21, 2019

2019 ရဲ့ Runway ပေါ်က Seou...


Fashion News   |   Posted on May 20, 2019

Fenty Beauty ပြီးတော့ lux...


Fashion News   |   Posted on May 17, 2019

Calvin Klein ရဲ့ New Camp...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.